“မြန်မာမလေးဆိုတော့ မြန်မာဝတ်စုံလေးကိုဝတ်ရတာအကြိုက်ဆုံးနဲ့ အမြတ်နိုးဆုံးပါပဲဆိုတဲ့ မေမြင့်မိုရ်”

ပြီးခဲ့တဲ့ အောက်တိုဘာလ (၄)ရက်၊ (၅)ရက်နဲ့ (၆)ရက်နေ့တွေမှာ ဝန်ကြီးများရုံးတွင် မြန်မာ့ဂုဏ်(Myanmar’s Pride)ပွဲကြီး ကျင်းပပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။မြန်မာ့ဂုဏ်ပွဲကြီးကိုတော့ မြန်မာ့ရိုးရာယဉ်ကျေးမှုတွေ လက်မှုအနုပညာတွေကို မြန်မာပြည်သူတွေနဲ့အတူ နိုင်ငံရပ်ခြားကနေ လာရောက်လည်ပတ်ကြသူတွေကြားမှာ တွင်ကျယ်စွာပျံ့နှံ့စေဖို့နဲ့ နောက်မျိုးဆက်သစ်တွေ လက်ဆင့်ကမ်း ထိန်းသိမ်းကာကွယ်ကြစေဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပပြုလုပ်တာဖြစ်တယ်လို့လည်း သိရှိရပါတယ်။

ဒီပွဲကြီးမှာတော့ မြန်မာနိုင်ငံရဲ့ ရိုးရာလက်မှုပညာတွေဖြစ်တဲ့ ရွှေချည်ထိုး ပြုလုပ်ပုံ၊ ရွှေဆိုင်း၊ ယက်ကန်းခတ်နေပုံ၊ ပန်းချီရေးဆွဲနေပုံတွေအပြင် အခြားသော ကဏ္ဍတွလည်း ပါဝင်မှာ ဖြစ်တာကြောင့် မြန်မာ့ယဉ်ကျေးမှုအနုပညာတွေကို တွေ့မြင်ရမယ့် ပွဲကြီးတစ်ပွဲလည်းဖြစ်ပါတယ်။ဒီလို ကဏ္ဍတွေအပြင် သရုပ်ပြ အစီစဉ်တွေ မြန်မာ့ရိုးရာထုတ်ကုန်တွေ ရိုးရာလက်မှုပစ္စည်းမျိုးစုံနဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အကအလှ ဖျော်ဖြေရေးအစီစဉ်တွေနဲ့အတူ ဆိုင်ခန်းပေါင်း ( ၁၈၀ )ကျော် ခမ်းနားစွာကျင်းပသွားမှာဖြစ်ပါတယ်။

မြန်မာ့ဂုဏ်ပွဲကြီးမှာ မြန်မာနိုင်ငံရဲ့ နာမည်ကြီးအနုပညာရှင်ပေါင်းမြောက်များစွာကလည်း တက်ရောက်ခဲ့တာဖြစ်ပြီးမင်းသမီးချောလေး မေမြင့်မိုရ်ကလည်းအပါအဝင်ပါ။မေမြင့်မိုရ်ကတော့ မြန်မာဝတ်စုံလေးနဲ့ မြန်မာဆန်ဆန် မြန်မာ့ဂုဏ်ပွဲကြီးကို တက်ရောက်ခဲ့တာဖြစ်ပြီး”ဝန်ကြီးများရုံးမှာကျင်းပတဲ့ Myanmar’s Pride မြန်မာ့ဂုဏ်ပွဲတော်။ မြန်မာမလေးဆိုတော့ မြန်မာဝတ်စုံလေးကိုဝတ်ရတာအကြိုက်ဆုံးနဲ့ အမြတ်နိုးဆုံးပါပဲ”ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ မြန်မာဆန်ဆန်ပုံလေးတွေနဲ့ အတူဖော်ပြထားတာပဲဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရေ မြန်မာဆန်ဆန်နဲ့ မြန်မာဂုဏ်ပွဲကြီးကို တက်ရောက်ခဲ့တဲ့ မေမြင့်မ်ုရ်ရဲ့ ပုံလေးတွေကို ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : May Myint Mo
Chilli – CeleGabar
ဇော်ဂျီဇားရှင်းဖြင့်ဖတ်ရန်။

“ျမန္မာမေလးဆိုေတာ့ ျမန္မာဝတ္စုံေလးကိုဝတ္ရတာအႀကိဳက္ဆုံးနဲ႔ အျမတ္ႏိုးဆုံးပါပဲဆိုတဲ့ ေမျမင့္မိုရ္”

ၿပီးခဲ့တဲ့ ေအာက္တိုဘာလ (၄)ရက္၊ (၅)ရက္နဲ႔ (၆)ရက္ေန႔ေတြမွာ ဝန္ႀကီးမ်ား႐ုံးတြင္ ျမန္မာ့ဂုဏ္(Myanmar’s Pride)ပြဲႀကီး က်င္းပျပဳလုပ္သြားမွာပဲ ျဖစ္ပါတယ္။ျမန္မာ့ဂုဏ္ပြဲႀကီးကိုေတာ့ ျမန္မာ့႐ိုးရာယဥ္ေက်းမႈေတြ လက္မႈအႏုပညာေတြကို ျမန္မာျပည္သူေတြနဲ႔အတူ ႏိုင္ငံရပ္ျခားကေန လာေရာက္လည္ပတ္ၾကသူေတြၾကားမွာ တြင္က်ယ္စြာပ်ံ႕ႏွံ႔ေစဖို႔နဲ႔ ေနာက္မ်ိဳးဆက္သစ္ေတြ လက္ဆင့္ကမ္း ထိန္းသိမ္းကာကြယ္ၾကေစဖို႔ဆိုတဲ့ ရည္႐ြယ္ခ်က္ေတြနဲ႔ က်င္းပျပဳလုပ္တာျဖစ္တယ္လို႔လည္း သိရွိရပါတယ္။

ဒီပြဲႀကီးမွာေတာ့ ျမန္မာႏိုင္ငံရဲ႕ ႐ိုးရာလက္မႈပညာေတြျဖစ္တဲ့ ေ႐ႊခ်ည္ထိုး ျပဳလုပ္ပုံ၊ ေ႐ႊဆိုင္း၊ ယက္ကန္းခတ္ေနပုံ၊ ပန္းခ်ီေရးဆြဲေနပုံေတြအျပင္ အျခားေသာ က႑တြလည္း ပါဝင္မွာ ျဖစ္တာေၾကာင့္ ျမန္မာ့ယဥ္ေက်းမႈအႏုပညာေတြကို ေတြ႕ျမင္ရမယ့္ ပြဲႀကီးတစ္ပြဲလည္းျဖစ္ပါတယ္။ဒီလို က႑ေတြအျပင္ သ႐ုပ္ျပ အစီစဥ္ေတြ ျမန္မာ့႐ိုးရာထုတ္ကုန္ေတြ ႐ိုးရာလက္မႈပစၥည္းမ်ိဳးစုံနဲ႔ ျမန္မာ့႐ိုးရာ ယဥ္ေက်းမႈ အကအလွ ေဖ်ာ္ေျဖေရးအစီစဥ္ေတြနဲ႔အတူ ဆိုင္ခန္းေပါင္း ( ၁၈၀ )ေက်ာ္ ခမ္းနားစြာက်င္းပသြားမွာျဖစ္ပါတယ္။

ျမန္မာ့ဂုဏ္ပြဲႀကီးမွာ ျမန္မာႏိုင္ငံရဲ႕ နာမည္ႀကီးအႏုပညာရွင္ေပါင္းေျမာက္မ်ားစြာကလည္း တက္ေရာက္ခဲ့တာျဖစ္ၿပီးမင္းသမီးေခ်ာေလး ေမျမင့္မိုရ္ကလည္းအပါအဝင္ပါ။ေမျမင့္မိုရ္ကေတာ့ ျမန္မာဝတ္စံုေလးနဲ႕ ျမန္မာဆန္ဆန္ ျမန္မာ့ဂုဏ္ပြဲႀကီးကို တက္ေရာက္ခဲ့တာျဖစ္ၿပီး”ဝန္ႀကီးမ်ား႐ုံးမွာက်င္းပတဲ့ Myanmar’s Pride ျမန္မာ့ဂုဏ္ပြဲေတာ္။ ျမန္မာမေလးဆိုေတာ့ ျမန္မာဝတ္စုံေလးကိုဝတ္ရတာအႀကိဳက္ဆုံးနဲ႔ အျမတ္ႏိုးဆုံးပါပဲ”ဆိုၿပီး သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေန ျမန္မာဆန္ဆန္ပံုေလးေတြနဲ႕ အတူေဖာ္ျပထားတာပဲျဖစ္ပါတယ္။CeleGabar ပရိသတ္ႀကီးေရ ျမန္မာဆန္ဆန္နဲ႕ ျမန္မာဂုဏ္ပြဲၾကီးကို တက္ေရာက္ခဲ့တဲ့ ေမျမင့္မ္ုရ္ရဲ႕ ပံုေလးေတြကို ပရိသတ္ေတြ အတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source : May Myint Mo
Chilli – CeleGabar
ေဇာ္ဂ်ီဇားရွင္းျဖင့္ဖတ္ရန္။

error: Content is protected !!