ဇာတ်ကားထဲကလိုအချစ်စစ်အချစ်မှန်နဲ့မြတ်နိုးတဲ့သူ အပြင်မှာမတွေ့သေးဘူးဆိုတဲ့ မေဘရဏီသော်

“အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကားကြီးဟာ ပရိသတ်စိတ်ဝင်စားမှုမြင့်တက်နေတာလည်း ဖြစ်ပါတယ်။ဒီဇာတ်ကားမှာ ထိပ်တန်းမင်းသားနေတို့နဲ့အတူနေခြည်ဦးက အဓိကဇာတ်ဆောင်အဖြစ်ပါဝင်နေသလို မေဘရဏီသော်နဲ့ တိုင်ရွန်တို့ဟာလည်း ဒီဇာတ်ကားမှာ ပရိသတ်စိတ်ဝင်စားနေတဲ့သရုပ်ဆောင်တွေပါပဲ။


မေသော်ဟာ ဇာတ်လမ်းတွဲမှာပါဝင်သရုပ်ဆောင်ဖူးပေမဲ့ “အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ သူ့ရဲ့ပထမဆုံးဇာတ်ကားကြီးလည်းဖြစ်ပါတယ်။ဒီဇာတ်ကားဟာ အောက်တိုဘာလ(၁၇)ရက်နေ့မှာ စတင်ရုံတင်မှာဖြစ်ပြီး ဒီဇာတ်ကားနဲ့ပတ်သက်လို့ ရင်ခုန်နေတယ်လို့ဆိုပါတယ်။မေသော်ကတော့ဒီဇာတ်ကားမှာ “မေပိုင်” အဖြစ်ပါဝင်ထားတာဖြစ်ပြီး ခပ်မာမာခပ်ချေချေကာရိုက်တာနဲ့သရုပ်ဆောင်ထားတာဖြစ်ပါတယ်။


မေသော်က ဒီဇာတ်ကားထဲကလိုအချစ်မျိုးတော့အပြင်မှာမတွေ့သေးဘူးလို့လည်းဆိုပါတယ်။ ဇာတ်ကားထဲကလို အချစ်မျိုးတွေ့ပြီလား ဆိုတဲ့မေးခွန်းကိုတော့ “အဲလိုမျိုးတော့ မတွေ့သေးဘူးပေါ့နော်။ကိုယ့်ကို အချစ်စစ်အချစ်မှန်နဲ့မြတ်နိုးတဲ့သူ နားလည်တဲ့သူကိုတော့ မိန်းကလေးတိုင်းကလိုချင်တာပဲလေ။ဒါပေမဲ့ အဲလိုလူမျိုးကိုတော့ မေသော်အခုထိရှာမတွေ့သေးဘူးပေါ့နော်” လို့ဆိုပါတယ်။Propose လုပ်တဲ့သူတွေရှိပေမဲ့လည်း “ချစ်ရမှာကြောက်တယ် နာကျင်ရမှာကြောက်တယ်” လို့ ပြောသွားပါသေးတယ်။
Source:Exclusive on CeleGabar
Sweet – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်





Sweet – CeleGabar

error: Content is protected !!