နှစ်ယောက်အတူ ဗုဒ္ဓဂယာဘုရားဖူးထွက်နေကြတဲ့ သုသုနဲ့ လင်းလင်း
နာမည်ကျော်မိတ်ကပ်ဖန်တီးရှင်တွေဖြစ်ကြတဲ့ သုသုနဲ့လင်းလင်းတို့နှစ်ယောက်သားကတော့ ခင်မင်ရသူတွေနဲ့ ဗုဒ္ဓဂယာ ဘုရားဖူးခရီးစဉ်သွားရောက်ခဲ့တာပဲဖြစ်ပါတယ်။ မြတ်စွာဘုရားရဲ့ အငွေ့အသက်တွေရှိနေတဲ့ နေရာဌာနမှာ ကောင်းမှုကုသိုလ်တွေ အတူတူပြုပြီး တရားအလုပ်တွေ လုပ်နေကြတဲ့ သူငယ်ချင်းနှစ်ယောက်ကတော့ ယောဂီဝတ်စုံလေးတွေနဲ့ အရမ်းကိုကျက်သရေ ရှိလွန်းနေပါတယ်။
နှစ်ယောက်အတူတူရုပ်ရှင်ဇာတ်ကားလည်းရိုက်ကူးထားပြီး အောင်မြင်ခဲ့တာကြောင့်လည်း နောက်ထပ်ဇာတ်ကားသစ်ထပ်မံ ရိုက်ကူးဖို့ လာရောက်ကမ်းလှမ်းတာကိုလည်း လက်ခံခဲ့ပြီးပါပြီ။ အမြဲတမ်းဟာသတွေနဲ့ ပရိသတ်တွေပျော်ရွှင်အောင် တင်ဆက် ပေးတတ်သလို ကိုယ့်ရဲ့ Professional Make Up လုပ်ငန်းကိုလည်း အောင်မြင်အောင် စွမ်းဆောင်နိုင်သူတွေပါပဲ။
ချစ်ဖို့ကောင်းတဲ့သူငယ်ချင်းတွေကတေ့ာ အပျော်လုပ်လဲအတူတူ ဘုရားတရားလုပ်လဲ အတူတူဆိုတော့ နောက်ဘဝတွေလည်း ရေစက်ထပ်ဆုံဦးမှာပေါ့နော်။ ဘုရားဖူးအဖွဲ့တွေနဲ့ ပျော်ပျော်ပါးပါး ဗုဒ္ဓဂယာကိုခရီးထွက်နေကြတဲ့ သုသုနဲ့လင်းလင်းတို့ရဲ့ ယောဂီလေးတွေနဲ့ အေးချမ်းတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်လည်း တင်ဆက်ပေးလိုက်တယ်နော်။
Photo – Nyi Nyi Maung / Lin Linn
Happy – Cele Gabar
(ဇော်ဂျီဖြင့်ဖတ်ရန်)
Happy – Cele Gabar
error: Content is protected !!