” အဖေ့ရဲ့ မွေးနေ့ပွဲကို ပျော်ပျော်ရွှင်ရွှင် ကျင်းပခဲ့တဲ့ သဉ္ဇာနွယ်ဝင်း “

မင်းသမီးလေး သဉ္ဇာနွယ်ဝင်းကတော့ အိမ်ထောင်ကျပြီးတဲ့နောက်မှာ အနုပညာအလုပ်တွေကို ရပ်နားကာ အေးချမ်းသာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားရသူတစ်ဦးပါ။အရမ်းချစ်ပြီးဂရုစိုက်တတ်တဲ့ ခင်ပွန်းကောင်းကို ရရှိခဲ့တာကြောင့် အိမ်ထောင်ရေးကံကောင်းသူလို့ ဆိုနိုင်ပါတယ်။အခုဆိုရင် သားဦးလေး ဖြစ်တဲ့ Peach လေးနဲ့ သမီးလေး ကိုယ်ဝန်ကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။

အနုပညာအလုပ်တွေကိုရပ်နားသွားခဲ့တဲ့သူဖြစ်ပေမယ့် အခုချိန်ထိ ပရိသတ်တွေက သူမရဲ့လူမှုကွန်ရက်စာမျက်နှာအောက်မှာ အားပေးနေဆဲပဲ လို့ ဆိုရမှာပါ။ အိမ်ထောင်ကျတဲ့ထိ မိဘအပေါ်သိတတ်တဲ့ သမီးချောလေး ဖြစ်ပြီး မနေ့က ကျရောက်ခဲ့တဲ့ အောက်တိုဘာ (၇) ရက်နေ့ကတော့ သဉ္ဇာနွယ်ဝင်း ဖခင်ရဲ့ မွေးနေ့ရက်မြတ်လေး ပါနော်။ မိသားစုစုံစုံလင်လင်လေးနဲ့ သဉ္ဇာနွယ်ဝင်းတို့ဇနီးမောင်နှံတို့ရဲ့ အလုံ HotPot City မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

မိသားစုအကုန်လုံးကလည်း တရုတ်ရိုးရာ မင်္ဂလာအရောင်ဖြစ်တဲ့ အနီရောင်လေး ကို ဆင်တူဝတ်ဆင်ခဲ့ကြပြီး ပျော်ရွှင်စွာ ကျင်းပခဲ့ကြပါတယ်။ ” Happy birthday ပါပါး အသက်ရာကျော်နေရပြီး အမြဲစိတ်ချမ်းသာပါစေ။ Birthday cake လှလှလေးလုပ်ပေးတဲ့ Unicorn Cupcake ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နော် ” ဆိုကာ ကိတ်ခွဲခဲ့တဲ့ အမှတ်တရပုံရိပ်တွေကို ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း ပျော်ရွှင်ကောင်းတဲ့ သဉ္ဇာနွယ်ဝင်းတို့ မိသားစု ပုံရိပ်တွေကိုကြည့်ပြီး သဘောကျရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source :Thinzar Nwewin
Shwe Poe – CeleGabar
ဇော်ဂျီဗားရှင်း

” အေဖ့ရဲ႕ ေမြးေန႔ပြဲကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ က်င္းပခဲ့တဲ့ သၪၨာႏြယ္ဝင္း ”

မင္းသမီးေလး သၪၨာႏြယ္ဝင္းကေတာ့ အိမ္ေထာင္က်ၿပီးတဲ့ေနာက္မွာ အႏုပညာအလုပ္ေတြကို ရပ္နားကာ ေအးခ်မ္းသာယာေပ်ာ္႐ႊင္တဲ့ မိသားစုဘဝေလးကို ပိုင္ဆိုင္ထားရသူတစ္ဦးပါ။အရမ္းခ်စ္ၿပီးဂ႐ုစိုက္တတ္တဲ့ ခင္ပြန္းေကာင္းကို ရရွိခဲ့တာေၾကာင့္ အိမ္ေထာင္ေရးကံေကာင္းသူလို႔ ဆိုႏိုင္ပါတယ္။အခုဆိုရင္ သားဦးေလး ျဖစ္တဲ့ Peach ေလးနဲ႔ သမီးေလး ကိုယ္ဝန္ကို လြယ္ထားရၿပီပဲ ျဖစ္ပါတယ္။

အႏုပညာအလုပ္ေတြကိုရပ္နားသြားခဲ့တဲ့သူျဖစ္ေပမယ့္ အခုခ်ိန္ထိ ပရိသတ္ေတြက သူမရဲ႕လူမႈကြန္ရက္စာမ်က္ႏွာေအာက္မွာ အားေပးေနဆဲပဲ လို႔ ဆိုရမွာပါ။ အိမ္ေထာင္က်တဲ့ထိ မိဘအေပၚသိတတ္တဲ့ သမီးေခ်ာေလး ျဖစ္ၿပီး မေန႔က က်ေရာက္ခဲ့တဲ့ ေအာက္တိုဘာ (၇) ရက္ေန႔ကေတာ့ သၪၨာႏြယ္ဝင္း ဖခင္ရဲ႕ ေမြးေန႔ရက္ျမတ္ေလး ပါေနာ္။ မိသားစုစုံစုံလင္လင္ေလးနဲ႔ သၪၨာႏြယ္ဝင္းတို႔ဇနီးေမာင္ႏွံတို႔ရဲ႕ အလုံ HotPot City မွာ က်င္းပခဲ့တယ္လို႔ သိရပါတယ္။

မိသားစုအကုန္လုံးကလည္း တ႐ုတ္႐ိုးရာ မဂၤလာအေရာင္ျဖစ္တဲ့ အနီေရာင္ေလး ကို ဆင္တူဝတ္ဆင္ခဲ့ၾကၿပီး ေပ်ာ္႐ႊင္စြာ က်င္းပခဲ့ၾကပါတယ္။ ” Happy birthday ပါပါး အသက္ရာေက်ာ္ေနရၿပီး အၿမဲစိတ္ခ်မ္းသာပါေစ။ Birthday cake လွလွေလးလုပ္ေပးတဲ့ Unicorn Cupcake ကိုလည္းေက်းဇူးအမ်ားႀကီးတင္ပါတယ္ေနာ္ ” ဆိုကာ ကိတ္ခြဲခဲ့တဲ့ အမွတ္တရပံုရိပ္ေတြကို ေဖာ္ျပခဲ့တာပဲ ျဖစ္ပါတယ္။CeleGabar ပရိသတ္ႀကီးလည္း ေပ်ာ္ရႊင္ေကာင္းတဲ့ သၪၨာႏြယ္ဝင္းတို႕ မိသားစု ပံုရိပ္ေတြကိုၾကည့္ၿပီး သေဘာက်ရင္မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။

Source :Thinzar Nwewin
Shwe Poe – CeleGabar

 

error: Content is protected !!