(၉၀) ခုနှစ်ဖွားတွေအသည်းစွဲ ကိုဟက်ကက်ဒီဝါကျွတ်ရင် စွံတော့မလား

ဆံပင်အလယ်ခွဲလေးနဲ့ ကိုဟက်ကက်ဟာ သူများနဲ့ မတူ ကွဲထွက်တဲ့ ဒီဇိုင်းနဲ့ ဆယ်ကျော်သက် မိန်းကလေးတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားခဲ့ဖူးပါတယ်။ကရင်နဲ့ ကယား စပ်တဲ့ ကပြား ဖြစ်တဲ့အတွက် စကားသံချိုချိုဝဲဝဲလေးကလည်း ဆွဲဆောင်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ကာရာအိုကေသီချင်းတွေမှာပါဝင်ခဲ့ဖူးပြီးထွန်းအိန္ဒြာဗိုလ်ရဲ့”သေခန်းပြတ်ပဲသူငယ်ချင်း” ဆိုတဲ့ သီချင်းမှာဆိုရင် ပရိသတ်တွေမှတ်မှတ်ထင်ထင်ရှိခဲ့ကြမှာပါ။

ဆယ်စုနှစ်တစ်ခုစာ ပရိသတ်ရှေ့မှာ ပျောက်နေခဲ့ပြီး သရုပ်ဆောင် အလုပ်တွေ ရပ်နားထားပေမယ့် ဂီတကို ဝါသနာပါတဲ့ ကိုဟက်ကက်က သီချင်းတွေ ကိုယ်တိုင်ရေး ဆိုပြီး ကိုယ်တတ်စွမ်းတဲ့ အနုပညာနဲ့ ရံပုံငွေ ဂီတဖျော်ဖြေပွဲတွေမှာ တတပ်တအား ပါဝင်ကူညီသီဆိုပေးနေသူပါ။သူဟာ ဘောလုံးအားကစားကို စိတ်ဝင်စားသူဖြစ်ပြီးဘောလုံးကန်နေရရင် ပျော်နေသူတစ်ယောက်ပါ။မကြာသေးမီကလည်း မွန်ပြည်နယ်ရေဘေးဒုက္ခသည်များအတွက် ရန်ပုံငွေ ဘောလုံးပြိုင်ပွဲမှာ Music United အသင်းက ပါဝင်ကစားခဲ့ပါသေးတယ်။


ပရိသတ်တွေက သူတို့ချစ်ရတဲ့ လူပျိုကြီး ကိုဟက်ကက်ရဲ့ အချစ်ရေးကို အမြဲစိတ်ဝင်စားနေပေမယ့် ကိုဟက်ကက်ကတော့ ‘အချစ်တွေ သေသွားပြီ မရှိလောက်တော့ဘူး’ လို့ အင်တာဗျူးတစ်ခုမှာ ဖြေထားပါသေးတယ်။တကယ်တမ်းမှာချစ်ရတဲ့ တူ တူမတွေနဲ့ အချိန်ဖြုန်းရင်း ပျော်ရွှင်နေသူကြီးလို့ဆိုရမှာပါ။


ဒါပေမယ့် ကိုဟက်ကက်က သူရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ “မလိမ်ကြေး ကျွန်တော့လို ခင်ဗျားတို့လည်း တစ်စုံတစ်ယောက် ဈေးဝယ်ထွက်တာ ညစ်ညစ်နဲ့ လိုက်စောင့်ရတာမျိုး” ဆိုပြီး တင်လိုက်တဲ့ အခါမှာတော့ ပရိသတ်တွေက ကိုဟက်ကက် လူပျိုကြီးဘဝက ကျွတ်တော့မလားဆိုပြီး စိတ်ဝင်စားနေကြပါတယ်။Cele gabar ပရိသတ်ကြီးရော ကိုဟက်ကက်ကို လူပျိုကြီးဘဝက ကျွတ်စေချင်လား မကျွတ်စေချင်ဘူးလားဆိုတာ မှတ်ချက်လေး ရေးပေးခဲ့ကြပါဦးနော်…

Source : Saw Hackett
Rainbow – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

(၉၀) ခုႏွစ္ဖြားေတြအသည္းစြဲ ကိုဟက္ကက္ဒီဝါကြၽတ္ရင္ စြံေတာ့မလား

ဆံပင္အလယ္ခြဲေလးနဲ႔ ကိုဟက္ကက္ဟာ သူမ်ားနဲ႔ မတူ ကြဲထြက္တဲ့ ဒီဇိုင္းနဲ႔ ဆယ္ေက်ာ္သက္ မိန္းကေလးေတြရဲ႕ ပါးစပ္ဖ်ားမွာ ေရပန္းစားခဲ့ဖူးပါတယ္။ကရင္နဲ႔ ကယား စပ္တဲ့ ကျပား ျဖစ္တဲ့အတြက္ စကားသံခ်ိဳခ်ိဳဝဲဝဲေလးကလည္း ဆြဲေဆာင္မႈတစ္ခု ျဖစ္ခဲ့ပါတယ္။ကာရာအိုေကသီခ်င္းေတြမွာပါဝင္ခဲ့ဖူးၿပီးထြန္းအိျႏၵာဗိုလ္ရဲ႕”ေသခန္းျပတ္ပဲသူငယ္ခ်င္း” ဆိုတဲ့ သီခ်င္းမွာဆိုရင္ ပရိသတ္ေတြမွတ္မွတ္ထင္ထင္ရွိခဲ့ၾကမွာပါ။


ဆယ္စုႏွစ္တစ္ခုစာ ပရိသတ္ေရွ႕မွာ ေပ်ာက္ေနခဲ့ၿပီး သ႐ုပ္ေဆာင္ အလုပ္ေတြ ရပ္နားထားေပမယ့္ ဂီတကို ဝါသနာပါတဲ့ ကိုဟက္ကက္က သီခ်င္းေတြ ကိုယ္တိုင္ေရး ဆိုၿပီး ကိုယ္တတ္စြမ္းတဲ့ အႏုပညာနဲ႔ ရံပုံေငြ ဂီတေဖ်ာ္ေျဖပြဲေတြမွာ တတပ္တအား ပါဝင္ကူညီသီဆိုေပးေနသူပါ။သူဟာ ေဘာလုံးအားကစားကို စိတ္ဝင္စားသူျဖစ္ၿပီးေဘာလုံးကန္ေနရရင္ ေပ်ာ္ေနသူတစ္ေယာက္ပါ။မၾကာေသးမီကလည္း မြန္ျပည္နယ္ေရေဘးဒုကၡသည္မ်ားအတြက္ ရန္ပုံေငြ ေဘာလုံးၿပိဳင္ပြဲမွာ Music United အသင္းက ပါဝင္ကစားခဲ့ပါေသးတယ္။


ပရိသတ္ေတြက သူတို႔ခ်စ္ရတဲ့ လူပ်ိဳႀကီး ကိုဟက္ကက္ရဲ႕ အခ်စ္ေရးကို အၿမဲစိတ္ဝင္စားေနေပမယ့္ ကိုဟက္ကက္ကေတာ့ ‘အခ်စ္ေတြ ေသသြားၿပီ မရွိေလာက္ေတာ့ဘူး’ လို႔ အင္တာဗ်ဴးတစ္ခုမွာ ေျဖထားပါေသးတယ္။တကယ္တမ္းမွာခ်စ္ရတဲ့ တူ တူမေတြနဲ႔ အခ်ိန္ျဖဳန္းရင္း ေပ်ာ္႐ႊင္ေနသူႀကီးလို႔ဆိုရမွာပါ။


ဒါေပမယ့္ ကိုဟက္ကက္က သူရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာမွာ “မလိမ္ေၾကး ကြၽန္ေတာ့လို ခင္ဗ်ားတို႔လည္း တစ္စုံတစ္ေယာက္ ေဈးဝယ္ထြက္တာ ညစ္ညစ္နဲ႔ လိုက္ေစာင့္ရတာမ်ိဳး” ဆိုၿပီး တင္လိုက္တဲ့ အခါမွာေတာ့ ပရိသတ္ေတြက ကိုဟက္ကက္ လူပ်ိဳႀကီးဘဝက ကြၽတ္ေတာ့မလားဆိုၿပီး စိတ္ဝင္စားေနၾကပါတယ္။Cele gabar ပရိသတ္ႀကီးေရာ ကိုဟက္ကက္ကို လူပ်ိဳႀကီးဘဝက ကြၽတ္ေစခ်င္လား မကြၽတ္ေစခ်င္ဘူးလားဆိုတာ မွတ္ခ်က္ေလး ေရးေပးခဲ့ၾကပါဦးေနာ္…

Source : Saw Hackett
Rainbow – CeleGabar

error: Content is protected !!