” အချစ်ရေးအကြောင်း ပွင့်လင်းစွာ ပြောပြလိုက်တဲ့ ဟန်တီ “

ဟန်တီကတော့ Miss Myanmar World (2018) ရဲ့ Winner ဆုရှင် အဖြစ်အရွေးချယ်ခံခဲ့ရတဲ့ အလှမယ်တစ်ဦးပါ။ ချစ်စရာကောင်းတဲ့အပြုံးနဲ့ အပြောလေးတွေကြောင့် ပုရိသတော်တော်များများရဲ့ အသည်းကျော်လေးတစ်ဦးလို့ဆိုရမှာပါ။အလှမယ်တစ်ယောက်ဖြစ်တဲ့အပြင် မော်ဒယ်လ်ပိုင်းနဲ့ အဆိုပိုင်းကိုလည်း ဝါသနာပါသူတစ်ယောက်ဖြစ်ပါတယ်။လက်ရှိမှာလည်း ဆက်တိုက်ဆိုသလို မော်ဒယ်လ် Show ပွဲတွေ ဆက်တိုက် လျှောက်လှမ်းနေသူလေးတစ်ယောက်ပါ။

ဘာသာစကားတွေလည်း (၅)မျိုးလောက်တတ်တဲ့ ဟန်တီကတော့ အဘက်ဘက်က ထူးချွန်ပြည့်စုံသူလေး လို့ဆိုရမှာပါ။ ဟန်တီကတော့ ဆွဲဆောင်မှုရှိရှိ ချစ်စရာကောင်းတာကြောင့် ယောကျာ်းလေးအများစုကတော့ သူမရဲ့အချစ်ရေးကို အထူးစိတ်ဝင်စားလေ့ရှိကြပါတယ်။ဒီနေ့မှာတော့ ချစ်တဲ့ပရိသတ်တွေကို သူ့ရဲ့ ရည်းစားဟောင်းတွေနဲ့ပတ်သက်ပြီး ပွင့်လင်းစွာ ပြောပြခဲ့ပါတယ်။

ရည်းစားဟောင်းတွေနဲ့ ပတ်သက်ပြီးလည်း သူ့ရဲ့ မေမေ က ဆူနေကြောင်းကို ” မနက်စောစောစီးစီး အရင်ရည်းစားဟောင်းတွေ ပေးခဲ့ဖူးတဲ့ အရုပ်ကြီး‌တွေ(ကိုယ်ကလည်းသံယောဇဉ်ရှိစွာသိမ်းထားမိတော့)အိမ်မှာ များနေလို့ အမေ ပွမ်နေပါတယ်။ပြန်ယူချင်သူများ ယူချင်သူများရှိရင်လာယူ ကြပါ။ရည်းစားဟောင်းအ‌ကြောင်းရေးတာမို့ ပုံဟောင်းလေးနဲ့ နှုတ်ဆက်လိုက်ပါတယ်။ ” ဆိုပြီး အရွှန်းဖောက်ထားတာကိုတွေ့ရပါတယ်။ CeleGabar ပရိသတ်ကြီးလည်း ပွင့်လင်းလွန်းတဲ့ ဟန်တီကို ချစ်ရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source: Han Thi
Shwe Poe – CeleGabar
ဇော်ဂျီဗားရှင်း





Source: Han Thi
Shwe Poe – CeleGabar

error: Content is protected !!