ဗင်နီဇွဲလားပြည်သူတွေရဲ့အချစ်ကိုသိမ်းကြုံးယူသွားစေနိုင်လောက်အောင်ပါးနပ်လွန်းတဲ့ အလှမယ်မွှေးသက်ရဲ့လေဆိပ်ဖက်ရှင်ရွေးချယ်မှု

မြန်မာကိုယ်စားပြုအလှမယ်မွှေးသက်ကတော့ ဗင်နီဇွဲလားနိုင်ငံကို Miss Grand International 2019 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ထွက်ခွာသွားခဲ့ပါပြီ။မွှေးသက်ကတော့ ယခုနှစ်အတွင်းမှာ မြန်မာပရိသတ်တွေကို မျှော်လင့်ချက်များစွာဖြစ်စေတဲ့အလှမယ်လို့ဆိုရမှာပါ။ အမိုက်စားခန္ဓာကိုယ်အချိုးအစားတွေအပြင် ဘာသာစကားကျွမ်းကျင်မှု၊ ကိုယ်ရည်ကိုယ်သွေးကောင်းမွန်မှုတို့ကြောင့် ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်ချိန်မှာ သရဖူရကာစကထက်တောင်မှ ပရိသတ်တွေရဲ့အားပေးဝန်းရံမှုကိုခံနေရတာပါ။


မွှေးသက်ဟာမြန်မာနိုင်ငံကနေပြီးအောက်တိုဘာလ (၇) ရက် ညနေ(၃)နာရီမှာထွက်ခွာသွားခဲ့ပြီး လေဆိပ်မှာဝတ်ဆင်ခဲ့တဲ့ Deperture outfit ရွေးချယ်မှုကတော့ အံ့သြစရာကောင်းခဲ့ပါတယ်။ လေဆိပ်ဖက်ရှင်ဖြစ်တဲ့လည်ပင်းအပိတ်ဝတ်စုံလေးဟာ မွှေးသက်နဲ့စတိုင်ကျလွန်းနေပြီး ဒီဝတ်စုံကိုရွေးချယ်ဖြစ်ခဲ့တဲ့အကြောင်းအရင်းကတော့ ပရိသတ်တွေကိုပိုမိုအံ့သြစေခဲ့ပါပြီ။ဒီဝတ်စုံဟာ ပြိုင်ပွဲကျင်းပမယ့် အိမ်ရှင်ဗင်နီဇွဲလားနိုင်ငံရဲ့ရိုးရာဝတ်စုံတစ်မျိုးဖြစ်ပါတယ်။

နာမည်ကတော့ Liqui Liqui Suit ဖြစ်ပြီး သွားရောက်ယှဉ်ပြိုင်မဲ့နိုင်ငံရဲ့ရိုးရာဝတ်စုံကိုတလေးတစား ဝတ်ဆင်တာဟာ တကယ့်ကို ပါးနပ်လွန်းတယ်လို့ဆိုရမှာပါ။လက်ရှိ Miss Universe ဆုရှင်ဖြစ်တဲ့ Catriona Gray ဟာလည်း မနှစ်ကပြိုင်ပွဲဝင်ချိန်မှာ ထိုင်းရိုးရာဝတ်စုံမျိုးကို Deperture outfit အဖြစ်ရွေးချယ်ဖူးပြီး ထိုင်းလူမျိုးတွေနဲ့လေးစားချစ်ခင်မှုကို ရရှိဖူးပါတယ်။မွှေးသက်ကတော့ ဗင်နီဇွဲလားအလံရဲ့အရောင်အတိုင်း ရင်ထိုးလေးကို ပြုလုပ်ထားခဲ့ပါသေးတယ်။

နှစ်နိုင်ငံချစ်ကြည်ရေးသဘောမျိုးနဲ့ချုပ်ခဲ့တဲ့ ဒီဝတ်စုံကတော့ဒီဇိုင်နာလဇိန်ဂမ်ထွဲရဲ့လက်ရာဖြစ်ပါတယ်။မွှေးသက်ရဲ့ပါးနပ်တဲ့ရွေးချယ်မှုတစ်ခုလို့ပြောရမှာဖြစ်သလို လေဆိပ်မှာစတိုင်ကျကျနဲ့လှရက်လွန်းနေတဲ့ မွှေးသက်ရဲ့အင်တာဗျူးဗွီဒီယိုကို Cele Gabar ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…။

Source:Exclusive on Cele Gabar
Sweet – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

ဗင္နီဇြဲလားျပည္သူေတြရဲ႕အခ်စ္ကိုသိမ္းၾကံဳးယူသြားေစႏိုင္ေလာက္ေအာင္ပါးနပ္လြန္းတဲ့ အလွမယ္ေမႊးသက္ရဲ႕ေလဆိပ္ဖက္ရွင္ေရြးခ်ယ္မႈ
ျမန္မာကိုယ္စားျပဳအလွမယ္ေမႊးသက္ကေတာ့ ဗင္နီဇြဲလားႏိုင္ငံကို Miss Grand International 2019 ၿပိဳင္ပြဲမွာ ၀င္ေရာက္ယွဥ္ၿပိဳင္ဖို႔အတြက္ ထြက္ခြာသြားခဲ့ပါၿပီ။ေမႊးသက္ကေတာ့ ယခုႏွစ္အတြင္းမွာ ျမန္မာပရိသတ္ေတြကို ေမွ်ာ္လင့္ခ်က္မ်ားစြာျဖစ္ေစတဲ့အလွမယ္လို႔ဆိုရမွာပါ။အမိုက္စားခႏၶာကိုယ္အခ်ိဳးအစားေတြအျပင္ ဘာသာစကားကၽြမ္းက်င္မႈ၊ ကိုယ္ရည္ကိုယ္ေသြးေကာင္းမြန္မႈတို႔ေၾကာင့္ ၿပိဳင္ပြဲသြားေရာက္ယွဥ္ၿပိဳင္ခ်ိန္မွာ သရဖူရကာစကထက္ေတာင္မွ ပရိသတ္ေတြရဲ႕အားေပး၀န္းရံမွဳကိုခံေနရတာပါ။


ေမႊးသက္ဟာျမန္မာႏိုင္ငံကေနၿပီးေအာက္တိုဘာလ (၇) ရက္ ညေန(၃)နာရီမွာထြက္ခြာသြားခဲ့ၿပီး ေလဆိပ္မွာ၀တ္ဆင္ခဲ့တဲ့ Deperture outfit ေရြးခ်ယ္မႈကေတာ့ အံ့ၾသစရာေကာင္းခဲ့ပါတယ္။ ေလဆိပ္ဖက္ရွင္ျဖစ္တဲ့လည္ပင္းအပိတ္၀တ္စံုေလးဟာ ေမႊးသက္နဲ႔စတိုင္က်လြန္းေနၿပီး ဒီ၀တ္စံုကိုေရြးခ်ယ္ျဖစ္ခဲ့တဲ့အေၾကာင္းအရင္းကေတာ့ ပရိသတ္ေတြကိုပိုမိုအံ့ၾသေစခဲ့ပါၿပီ။ဒီ၀တ္စံုဟာ ၿပိဳင္ပြဲက်င္းပမယ့္ အိမ္ရွင္ဗင္နီဇြဲလားႏိုင္ငံရဲ႕႐ိုးရာ၀တ္စံုတစ္မ်ိဳးျဖစ္ပါတယ္။

နာမည္ကေတာ့ Liqui Liqui Suit ျဖစ္ၿပီး သြားေရာက္ယွဥ္ၿပိဳင္မဲ့ႏိုင္ငံရဲ႕႐ိုးရာ၀တ္စံုကိုတေလးတစား ၀တ္ဆင္တာဟာ တကယ့္ကို ပါးနပ္လြန္းတယ္လို႔ဆိုရမွာပါ။လက္ရွိ Miss Universe ဆုရွင္ျဖစ္တဲ့ Catriona Gray ဟာလည္း မႏွစ္ကၿပိဳင္ပြဲ၀င္ခ်ိန္မွာ ထိုင္း႐ိုးရာ၀တ္စံုမ်ိဳးကို Deperture outfit အျဖစ္ေရြးခ်ယ္ဖူးၿပီး ထိုင္းလူမ်ိဳးေတြနဲ႔ေလးစားခ်စ္ခင္မႈကို ရရွိဖူးပါတယ္။

ႏွစ္ႏိ္ုင္ငံခ်စ္ၾကည္ေရးသေဘာမ်ိဳးနဲ႔ခ်ဳပ္ခဲ့တဲ့ ဒီ၀တ္စံုကေတာ့ဒီဇိုင္နာလဇိန္ဂမ္ထြဲရဲ႕လက္ရာျဖစ္ပါတယ္။ေမႊးသက္ရဲ႕ပါးနပ္တဲ႔ေရြးခ်ယ္မႈတစ္ခုလို႔ေျပာရမွာျဖစ္သလို ေလဆိပ္မွာစတိုင္က်က်နဲ႔လွရက္လြန္းေနတဲ့ ေမႊးသက္ရဲ႕အင္တာဗ်ဴးဗြီဒီယိုကို Cele Gabar ပရိသတ္ႀကီးအတြက္ ျပန္လည္မွ်ေ၀ေပးလိုက္ပါတယ္ေနာ္…။

Source:Exclusive on Cele Gabar
Sweet – CeleGabar

error: Content is protected !!