အဆိုတော်သီရိဆွေရဲ့သားလေးမွေးနေ့မှာ ကလေးဗိုလ်လုပ်ခဲ့တဲ့ ဝတ်မှုန်ရွှေရည်

အသက်သုံးဆယ်ကျော်အရွယ်လို့ ထင်ရက်စရာမရှိတဲ့နုပျိုမှုတွေနဲ့ မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသမီး ဝတ်မှုန်ရွှေရည်ကတော့ အဆိုတော်သီရိဆွေရဲ့ ချစ်စဖွယ်သားလေး Ethan ရဲ့ မွေးနေ့ပွဲလေးကို တက်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ ကလေးမွေးနေ့ပီပီ ကလေးတွေကြိုက်တတ်တဲ့ အပြင်အဆင် လေးတွေနဲ့ လုပ်ထားတဲ့မွေးနေ့ပွဲလေးက တကယ့်ကိုကြည်နူးစရာပါပဲ။

 

ချစ်ရတဲ့သားရတနာလေးရဲ့မွေးနေ့လေးမှာ သားလေးအကြိုက်တွေချည်းဖန်တီးပေးထားတဲ့ ဖေဖေနဲ့ မေမေ့ရဲ့မေတ္တာကတော့ တကယ့်ကိုခမ်းခမ်းနားနားပါပဲနော်။ ရွှေကစ်ကလည်း ကလေးရဲ့မွေးနေ့ပွဲမှာ အပြင်အဆင်လေးနဲ့လိုက်ဖက်အောင် ကလေး ဆန်ဆန်ပျော်ပျော်ပါးပါးလေး ဆော့ကစားခဲ့ပါသေးတယ်။ ဘယ်အချိန်ကြည့်ကြည့် ဆယ်ကျော်သက်လေးတစ်ယောက်လို လန်းဆန်းမှုကတော့အပြည့်ပဲနော်။

 

 

မွေးနေ့ပွဲကိုတက်ရောက်ခဲ့တဲ့ သူမရဲ့ချစ်ဖို့ကောင်းတဲ့ပုံရိပ်လေးတွေကို ” သားသား Ethan ‘s LEGO LAND Birthday မှာ ကလေးဗိုလ် လုပ်ခဲ့တုန်းက အမှတ်တရ ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ဘယ်အချိန်ကြည့်ကြည့် နုနယ်မျိုမြစ်တဲ့အလှတရား တွေနဲ့ ပြစ်မျိုးမှဲ့မထင် လှရက်နိုင်လွန်းတဲ့ ရွှေကစ်ရဲ့ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပြီနော်။

 

 

Photo – Wutt Hmone Shwe Yi
Happy – Cele Gabar

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Gabar

error: Content is protected !!