“နောက်ဘဝတွေမှာ ယောက်ျားစစ်စစ် မိန်းမစစ်စစ် ဖြစ်ဖို့ဆုတောင်းလိုက်တဲ့ သုသု”

မြန်မာနိုင်ငံရဲ့နာမည်ကျော် မိတ်ကပ်ပညာရှင်နှစ်ယောက်ဖြစ်တဲ့ မိတ်ကပ်လင်းလင်းနဲ့ ညီညီမောင်(စမ်းချောင်း)တို့ သူငယ်ချင်းနှစ်ယောက်က လတ်တလောမှာတော့ ဗုဒ္ဓဂါယာကို ဘုရားဖူးရောက်ရှိနေတာပဲဖြစ်ပါတယ်။လင်းလင်းနဲ့ သုသုတို့ နှစ်ယောက်ဟာ မကြာသေးမီကလည်း “ကျားကျားကြိုက်ကြိုက်” ရုပ်ရှင်ဇာတ်ကားကြီးကို အတူတူရိုက်ကူးခဲ့တာဖြစ်ပြီး ပထမဆုံးရုပ်ရှင်ဇာတ်ကားမှာတင် သရုပ်ဆောင် ပီပြင်လှတာကြောင့် လက်ရှိမှာလည်း နောက်ထပ်ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးဖို့ကိုလည်း ကမ်းလှမ်းခံနေရပါသေးတယ်။

လင်းလင်းနဲ့ သုသုတို့ သူငယ်ချင်း(၂)ယောက်မှာ ဗုဒ္ဓဂါယာမှာ ကုသိုလ်ကောင်းမှုတွေကို ဆက်တိုက်လုပ်ဆောင်နေပြီး ဒီနေ့မှာတော့ သုသုတစ်ယောက်က ဗုဒ္ဓဂါယာရောက်ချိန်မှာ ဆုတစ်ခုကိုတောင်းခဲ့တဲ့အကြောင်း သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလာတာပဲဖြစ်ပါတယ်။ဒီဆုတောင်းလေးကတော့ သုသုတစ်ယောက်က သူဖြစ်လေရာ ဘဝဆက်တိုင်းမှာ ယောက်ျားလေးဖြစ်ခဲ့သည်ရှိသော် ယောက်ျားလေးစင်စစ်ဧကန်ဖြစ်ဖို့နဲ့ မိန်းကလေးတစ်ယောက်ဖြစ်မယ်ဆိုရင်လည်း မိန်းကလေး စင်စစ်ဧကန်ဖြစ်ရဖို့ ကို ဆုတောင်းခဲ့တဲ့အကြောင်းကို ရင်ဖွင့်ဖော်ပြထားပါသေးတယ်။

သုသုကတော့ လက်ရှိဘဝအပေါ်ကိုလည်း “ယခု ဘဝမှာတော့ မိန်းမလျာ ဖြစ်ပြီး သာသနာပြုရလို့ကျေနပ်ပါတယ်”လို့ သာသနာပြုလုပ်ငန်းတွေကို လုပ်ဆောင်နိုင်နေတာကြောင့် ကျေနပ်ပါတယ်ဆိုတဲ့ အကြောင်းကို ဖော်ပြထားပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ သုသုရဲ့ ဆုတောင်းလေးနဲ့အတူ ဗုဒ္ဓဂါယာကို သွားရောက်နေတဲ့သုသုရဲ့ ပုံလေးတွေကိုလည်း မျှဝေပေးလိုက်ပါတယ်။

Source : Nyi Nyi Maung
Chilli – CeleGabar
ဇော်ဂျီ ဗားရှင်းဖြင့်ဖတ်ရန်။

“ေနာက္ဘဝေတြမွာ ေယာက္်ားစစ္စစ္ မိန္းမစစ္စစ္ ျဖစ္ဖို႔ဆုေတာင္းလိုက္တဲ့ သုသု”

ျမန္မာႏိုင္ငံရဲ႕နာမည္ေက်ာ္ မိတ္ကပ္ပညာရွင္ႏွစ္ေယာက္ျဖစ္တဲ့ မိတ္ကပ္လင္းလင္းနဲ႔ ညီညီေမာင္(စမ္းေခ်ာင္း)တို႔ သူငယ္ခ်င္းႏွစ္ေယာက္က လတ္တေလာမွာေတာ့ ဗုဒၶဂါယာကို ဘုရားဖူးေရာက္ရွိေနတာပဲျဖစ္ပါတယ္။လင္းလင္းနဲ႔ သုသုတို႔ ႏွစ္ေယာက္ဟာ မၾကာေသးမီကလည္း “က်ားက်ားႀကိဳက္ႀကိဳက္” ႐ုပ္ရွင္ဇာတ္ကားႀကီးကို အတူတူ႐ိုက္ကူးခဲ့တာျဖစ္ၿပီး ပထမဆုံး႐ုပ္ရွင္ဇာတ္ကားမွာတင္ သ႐ုပ္ေဆာင္ ပီျပင္လွတာေၾကာင့္ လက္ရွိမွာလည္း ေနာက္ထပ္႐ုပ္ရွင္ဇာတ္ကားေတြ ႐ိုက္ကူးဖို႔ကိုလည္း ကမ္းလွမ္းခံေနရပါေသးတယ္။

လင္းလင္းနဲ႔ သုသုတို႔ သူငယ္ခ်င္း(၂)ေယာက္မွာ ဗုဒၶဂါယာမွာ ကုသိုလ္ေကာင္းမႈေတြကို ဆက္တိုက္လုပ္ေဆာင္ေနၿပီး ဒီေန႔မွာေတာ့ သုသုတစ္ေယာက္က ဗုဒၶဂါယာေရာက္ခ်ိန္မွာ ဆုတစ္ခုကိုေတာင္းခဲ့တဲ့အေၾကာင္း သူရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေနေဖာ္ျပလာတာပဲျဖစ္ပါတယ္။ဒီဆုေတာင္းေလးကေတာ့ သုသုတစ္ေယာက္က သူျဖစ္ေလရာ ဘဝဆက္တိုင္းမွာ ေယာက္်ားေလးျဖစ္ခဲ့သည္ရွိေသာ္ ေယာက္်ားေလးစင္စစ္ဧကန္ျဖစ္ဖို႔နဲ႔ မိန္းကေလးတစ္ေယာက္ျဖစ္မယ္ဆိုရင္လည္း မိန္းကေလး စင္စစ္ဧကန္ျဖစ္ရဖို႔ ကို ဆုေတာင္းခဲ့တဲ့အေၾကာင္းကို ရင္ဖြင့္ေဖာ္ျပထားပါေသးတယ္။

သုသုကေတာ့ လက္ရွိဘဝအေပၚကိုလည္း “ယခု ဘဝမွာေတာ့ မိန္းမလ်ာ ျဖစ္ၿပီး သာသနာျပဳရလို႔ေက်နပ္ပါတယ္”လို႕ သာသနာျပဳလုပ္ငန္းေတြကို လုပ္ေဆာင္ႏိုင္ေနတာေၾကာင့္ ေက်နပ္ပါတယ္ဆိုတဲ့ အေၾကာင္းကို ေဖာ္ျပထားပါေသးတယ္။CeleGabar ပရိသတ္ႀကီးေရ သုသုရဲ႕ ဆုေတာင္းေလးနဲ႕အတူ ဗုဒၶဂါယာကို သြားေရာက္ေနတဲ့သုသုရဲ႕ ပံုေလးေတြကိုလည္း မွ်ေဝေပးလိုက္ပါတယ္။

Source : Nyi Nyi Maung
Chilli – CeleGabar

error: Content is protected !!