ဖေဖေ မေမေက ကူမကစား‌ပေးတော့ တစ်ယောက်ထဲ သီချင်းဖွင့်ပြီး အပီအပြင်ကနေတဲ့ ကိကိလေး
Online ပေါ်မှာ စျေးသည်မလေး ကိကိအဖြစ်ရေပန်းစားနေတဲ့ မျက်မှန်အဝိုင်းလေးနဲ့ ချစ်စရာကောင်းတဲ့ သမီးလေးကို ပရိသတ်တွေသိကြမှာပါ။ အရွယ်နဲ့ မလိုက်မအောင်စကားတတ်တဲ့ ကိကိလေးက ပရိသတ်တွေရဲ့ အသည်းယားစရာကလေးလေးတစ်ယောက်အဖြစ် အင်တာနက်စာမျက်နှာပေါ်မှာ နာမည်ကြီးခဲ့ပြီး စကားအရမ်းတတ်သူလေးမို့ အနုပညာရှင်တွေကပါ ချစ်နေရတဲ့ ကလေးလေးတစ်ယောက်ဖြစ်ပါတယ်။
လက်ရှိမှာဆိုရင် ကိကိလေးက ငယ်သေးတာကြောင့် မေမေရဲ့ ထိန်းကွပ်မှုအောက်မှာ လိမ္မာပြီး အရမ်းကိုချစ်စရာကောင်းတဲ့ ကလေးလေးတစ်ယောက်အဖြစ် တဖြည်းဖြည်းကြီးပြင်းလာတာကိုလည်းမြင်တွေ့ရမှာပါ။ အခုအရွယ်လေးကတည်းက ဖြူစင်ပြီး သဘောရိုးနဲ့ ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ ကိကိလေးရဲ့ ဉာဏ်ရည်အစွမ်းကတော့ တကယ့်ကို အံ့သြရလောက်ပါတယ်။ ကျွန်မ ကျွန်မနဲ့ ပြောတတ်တဲ့ ကိကိလေးရဲ့ အမူအယာလေးကလည်း ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်သူလေးပါ။
ကိကိလေးရဲ့ ထူးခြားပြီး ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးတွေကို မေမေက အမြဲ တင်ပေး‌လေ့ရှိပြီး ပရိသတ်တွေကလည်း ကိကိလေးရဲ့ သွက်လက်လွန်းတဲ့ အမူအယာလေးတွေကြောင့် အချစ်တွေပိုနေရတာပါ။ အခုလည်း ဖေဖေ မေမေတို့ ကူမဆော့ပေးလို့ဆိုပြီး သီချင်းဖွင့် တစ်ယောက်ထဲ စပယ်ရှယ်ကနေတဲ့ ကိကိလေးရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးကို ကိကိလေးရဲ့ မေမေက ဗီဒီယို ခိုးရိုက်ပြီး လိုင်းပေါ်တင်ထားတာပါ။ ကိကိလေးရဲ့ ဗီဒီယို အသစ်‌လေးတွေကို စောင့်မျှော်နေတဲ့ ပရိသတ်ကြီးအတွက် ကိကိလေးရဲ့ ကကွက်အဆန်းတွေကို တင်ပေးလိုက်ပါပြီ‌နော်။
Source:Ki Ki
NORA:CeleGabar
(Zawgyi ဖြင့်ဖတ်ရန်)
error: Content is protected !!