အဖေနဲ့ အမေကို သီတင်းကျွတ်မှာ ဂါရဝတရားအပြည့်နဲ့ သွားရောက်ကန်တော့ခဲ့တဲ့ မင်းသားကြီး ကျော်သူတို့ ဇနီး‌မောင်နှံ

တစ်ခေတ်တစ်ခါကနေ အခုချိန်ထိ လျှမ်းလျှမ်းတောက်အောင်ငြမ်ကျော်ကြားဆဲဖြစ်တဲ့ ပရဟိတမင်းသားကြီးကျော်သူကိုမသိတဲ့သူမရှိပါဘူးနော်။ သူဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး Star Award အကောင်းဆုံး ဒါရိုက်တာဆုကိုထိုက်ထိုက်တန်တန်ရရှိပိုင်ဆိုင်ထားခဲ့သူလည်းဖြစ်ပါတယ်နော်။

သူဟာ အနုပညာအလုပ်တွေတစ်ဖက် ပရဟိတအလုပ်တွေတစ်ဖက်နဲ့ဆိုပေမယ့် မိသားစုအပေါ်ကို အချိန်ပေးတတ်သူဖြစ်ပြီးတော့ မိခင်ဖခင်တို့ကိုလည်း ရိုသေလေးစားသူတစ်ယောက်ပါပဲနော်။ ဒါကြောင့်အခုတစ်ခါမှာလည်း မိဘနှစ်ပါးကို သီတင်းကျွတ်မှာ ဦးဦးဖျားဖျားကန်တော့ပြီး ကုသိုလ်ယူခဲ့ပြန်ပါတယ်နော်။

 

“ယနေ့ နေ့လည်တွင် ကျွန်တော်တို့၏ကျေးဇူးရှင် မိဘနှစ်ပါးဖြစ်သူ ဖေဖေဦးစိန်တင်နှင့်မေမေ ဒေါ်မြသန်းတို့အား အင်္ဂလန်နိုင်ငံနေ ကျွန်တော်၏အစ်မ Dr.ချိုချိုအေးနှင့်ကျွန်တော်၏ဇနီး မြင့်မြင့်ခင်ဖေ(ရွှေဇီးကွက်) နှင့်အတူ ကျွန်တော်မှ ကာယကံ၊ဝဇီကံ၊မနောကံတို့ဖြင့်ကျူးလွန်ခဲ့သည်တို့ရှိခဲ့ပါလျှင် ခွင့်လွှတ်ကြေအေးပါရန် သီတင်းကျွတ်လ ပူဇော်ကန်တော့ခြင်းအား မင်္ဂလာရှိစွာဖြင့်ရှိခိုးကန်တော့ခဲ့ကြပါသည်။” ဆိုပြီးတော့ မိသားစုသိုက်သိုက်ဝန်းဝန်းလေးနဲ့ အဖေအမေတို့ကို သီတင်းကျွတ်မှာကုသိုလ်ယူပြီးကန်တော့ ခဲ့ကြတဲ့ပုံရိပ်လေးတွေကိုတင်ထားခဲ့တာပဲဖြစ်ပါတယ်။ ကဲ… ကျော်သူတို့မိသားစုရဲ့ အတုယူဖွယ် ကုသိုလ်ယူခဲ့ ပုံလေးတွေကို ပုံရိပ်လေးတွေနဲ့တကွပြန်လည် ဖော်ပြပေးလိုက်ပါတယ်နော်။

Source:Kyaw Thu

NORA:CeleGabar

(Zawgyi ဖြင့်ဖတ်ရန်)

အေဖနဲ႔ အေမကို သီတင္းကြၽတ္မွာ ဂါရဝတရားအျပည့္နဲ႔ သြားေရာက္ကန္ေတာ့ခဲ့တဲ့ မင္းသားႀကီး ေက်ာ္သူတို႔ ဇနီး‌ေမာင္ႏွံ

တစ္ေခတ္တစ္ခါကေန အခုခ်ိန္ထိ လွ်မ္းလွ်မ္းေတာက္ေအာင္ျငမ္ေက်ာ္ၾကားဆဲျဖစ္တဲ့ ပရဟိတမင္းသားႀကီးေက်ာ္သူကိုမသိတဲ့သူမရွိပါဘူးေနာ္။ သူဟာ ျမန္မာႏိုင္ငံရဲ႕ ပထမဆုံး Star Award အေကာင္းဆုံး ဒါ႐ိုက္တာဆုကိုထိုက္ထိုက္တန္တန္ရရွိပိုင္ဆိုင္ထားခဲ့သူလည္းျဖစ္ပါတယ္ေနာ္။

သူဟာ အႏုပညာအလုပ္ေတြတစ္ဖက္ ပရဟိတအလုပ္ေတြတစ္ဖက္နဲ႔ဆိုေပမယ့္ မိသားစုအေပၚကို အခ်ိန္ေပးတတ္သူျဖစ္ၿပီးေတာ့ မိခင္ဖခင္တို႔ကိုလည္း ႐ိုေသေလးစားသူတစ္ေယာက္ပါပဲေနာ္။ ဒါေၾကာင့္အခုတစ္ခါမွာလည္း မိဘႏွစ္ပါးကို သီတင္းကြၽတ္မွာ ဦးဦးဖ်ားဖ်ားကန္ေတာ့ၿပီး ကုသိုလ္ယူခဲ့ျပန္ပါတယ္ေနာ္။

“ယေန႔ ေန႔လည္တြင္ ကြၽန္ေတာ္တို႔၏ေက်းဇူးရွင္ မိဘႏွစ္ပါးျဖစ္သူ ေဖေဖဦးစိန္တင္ႏွင့္ေမေမ ေဒၚျမသန္းတို႔အား အဂၤလန္ႏိုင္ငံေန ကြၽန္ေတာ္၏အစ္မ Dr.ခ်ိဳခ်ိဳေအးႏွင့္ကြၽန္ေတာ္၏ဇနီး ျမင့္ျမင့္ခင္ေဖ(ေ႐ႊဇီးကြက္) ႏွင့္အတူ ကြၽန္ေတာ္မွ ကာယကံ၊ဝဇီကံ၊မေနာကံတို႔ျဖင့္က်ဴးလြန္ခဲ့သည္တို႔ရွိခဲ့ပါလွ်င္ ခြင့္လႊတ္ေၾကေအးပါရန္ သီတင္းကြၽတ္လ ပူေဇာ္ကန္ေတာ့ျခင္းအား မဂၤလာရွိစြာျဖင့္ရွိခိုးကန္ေတာ့ခဲ့ၾကပါသည္။” ဆိုၿပီးေတာ့ မိသားစုသိုက္သိုက္ဝန္းဝန္းေလးနဲ႔ အေဖအေမတို႔ကို သီတင္းကြၽတ္မွာကုသိုလ္ယူၿပီးကန္ေတာ့ ခဲ့ၾကတဲ့ပုံရိပ္ေလးေတြကိုတင္ထားခဲ့တာပဲျဖစ္ပါတယ္။ ကဲ… ေက်ာ္သူတို႔မိသားစုရဲ႕ အတုယူဖြယ္ ကုသိုလ္ယူခဲ့ ပုံေလးေတြကို ပုံရိပ္ေလးေတြနဲ႔တကြျပန္လည္ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

error: Content is protected !!