” ဘယ်လောက်အရှုံးတွေနဲ့ ရင်ဆိုင်ရပါစေ မန်ယူအသင်းကိုပဲ ဆက်လက်အားပေးနေဦးမည့် အောင်မြင့်မြတ် “

လက်ရှိ မြန်မာဘောလုံးပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ နာမည်ကြီးဘောလုံးကလပ်အသင်းဖြစ်တဲ့ မန်ယူအသင်းရဲ့ သမိုင်းတစ်လျှောက် မထင်မှတ်ထားလောက်အောင် အဆုံးသတ်မလှတဲ့ ပွဲတွေကတော့ မန်ယူအသင်းပရိသတ်တွေအတွက်ရဲ့ ရင်နာစရာဖြစ်ရက်တစ်ခု ဖြစ်လို့နေပါတယ်။မန်ယူအသင်းကတော့ ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲကြီးမှာ (၈)ပွဲကစားပြီး (၂)ပွဲနိုင်(၃)ပွဲသရေနဲ့(၃)ပွဲရှုံးထားကာ ပွဲစဉ်အမှတ်ဇယားရဲ့ နံပါတ်(၁၂)ကိုရောက်ရှိနေတာကတော့ သမိုင်းတစ်လျှောက် ပထမဦးဆုံးရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။

မန်ယူအသင်းရဲ့ အမာခံပရိသတ်ကတော့ မြန်မာနိုင်ငံဘောလုံးပရိသတ်ရဲ့ အများဆုံးပဲလို့ ဆိုနိုင်လောက်အောင် ပရိသတ်အင်အားတောင့်တင်းလွန်းလှပါတယ်။သရုပ်ဆောင်မင်းသားချောတစ်လက်ဖြစ်တဲ့ အောင်မြင့်မြတ်ကလည်း မန်ယူဘောလုံးအသင်းကို ငယ်စဉ်ကတည်းက အားပေးလာတဲ့ အမာခံပရိသတ်တစ်ယောက်ပဲဖြစ်ပါတယ်။သူကတော့ ” လူဆိုတာကတော့ ကိုယ်အာပေးတဲ့အသင်းကိုနိုင်စေချင်ကြတာပါပဲ၊ မနိုင်ဘူးလည်းသိနေတယ်လေ၊လူကလည်းမရှိ နာတဲ့လူကလည်းများနေတော့ သူတို့ပိုသိမှာပါ။ နောက်အပတ်ဆိုရင်တော့ တန်းဆင်းဇုန်ထဲက အသင်းကိုဖိအားပေးမျာမို့ စောင့်ကြည့်ရမှာပါ ” လို့ဆိုထားပါတယ်။

ဒီရက်ပိုင်းသူငယ်ချင်းတွေနဲ့ မတွေ့ဖြစ်ဘူး အပြောခံရမှာစိုးလို့ပြောထားပြီး အိမ်က အမနဲ့အမေကတောင် ဘာလို့အခုလိုအရှုံးတွေနဲ့ကြုံနေရတာလဲလို့ မေးနေကြပြီလို့ ဆိုထားပါတယ်။ ငယ်စဉ်ကတည်းက အားပေးလာတဲ့ အမာခံပရိသတ်တစ်ယောက်ဖြစ်တာမို့ ဘယ်လိုအရှုံးတွေနဲ့ပဲရင်ဆိုင်ရပါစေ အားပေးနေဦးမှာပါလို့ ပြောထားတာမို့ CeleGabar ပရိသတ်ကြီးထဲမှာ အောင်မြင့်မြတ်လို အမာခံပရိသတ်တွေရှိကြလား။

Source: Exclusive On CeleGabar
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်

” ဘယ္ေလာက္အရံႈးေတြနဲ႕ ရင္ဆိုင္ရပါေစ မန္ယူအသင္းကိုပဲ ဆက္လက္အားေပးေနဦးမည့္ ေအာင္ျမင့္ျမတ္ ”

လက္ရိွ ျမန္မာေဘာလံုးပရိသတ္ေတြၾကားမွာ ေရပန္းစားေနတဲ့ နာမည္ႀကီးေဘာလံုးကလပ္အသင္းျဖစ္တဲ့ မန္ယူအသင္းရဲ႕ သမိုင္းတစ္ေလွ်ာက္ မထင္မွတ္ထားေလာက္ေအာင္ အဆံုးသတ္မလွတဲ့ ပြဲေတြကေတာ့ မန္ယူအသင္းပရိသတ္ေတြအတြက္ရဲ႕ ရင္နာစရာျဖစ္ရက္တစ္ခု ျဖစ္လို႔ေနပါတယ္။မန္ယူအသင္းကေတာ့ ပရီးမီးယားလိဂ္ ေဘာလံုးၿပိဳင္ပြဲႀကီးမွာ (၈)ပြဲကစားၿပီး (၂)ပြဲႏိုင္(၃)ပြဲသေရနဲ႕(၃)ပြဲရႈံးထားကာ ပြဲစဥ္အမွတ္ဇယားရဲ႕ နံပါတ္(၁၂)ကိုေရာက္ရွိေနတာကေတာ့ သမိုင္းတစ္ေလွ်ာက္ ပထမဦးဆံုးေရာက္ရွိခဲ့တာလည္းျဖစ္ပါတယ္။

မန္ယူအသင္းရဲ႕ အမာခံပရိသတ္ကေတာ့ ျမန္မာႏိုင္ငံေဘာလံုးပရိသတ္ရဲ႕ အမ်ားဆံုးပဲလို႔ ဆိုႏိုင္ေလာက္ေအာင္ ပရိသတ္အင္အားေတာင့္တင္းလြန္းလွပါတယ္။သ႐ုပ္ေဆာင္မင္းသားေခ်ာတစ္လက္ျဖစ္တဲ့ ေအာင္ျမင့္ျမတ္ကလည္း မန္ယူေဘာလံုးအသင္းကို ငယ္စဥ္ကတည္းက အားေပးလာတဲ့ အမာခံပရိသတ္တစ္ေယာက္ပဲျဖစ္ပါတယ္။သူကေတာ့ ” လူဆိုတာကေတာ့ ကိုယ္အာေပးတဲ့အသင္းကိုႏိုင္ေစခ်င္ၾကတာပါပဲ၊ မႏိုင္ဘူးလည္းသိေနတယ္ေလ၊လူကလည္းမရွိ နာတဲ့လူကလည္းမ်ားေနေတာ့ သူတို႔ပိုသိမွာပါ။ ေနာက္အပတ္ဆိုရင္ေတာ့ တန္းဆင္းဇုန္ထဲက အသင္းကိုဖိအားေပးမ်ာမို႔ ေစာင့္ၾကည့္ရမွာပါ ” လို႕ဆိုထားပါတယ္။

ဒီရက္ပိုင္းသူငယ္ခ်င္းေတြနဲ႕ မေတြ႕ျဖစ္ဘူး အေျပာခံရမွာစိုးလို႔ေျပာထားၿပီး အိမ္က အမနဲ႔အေမကေတာင္ ဘာလို႔အခုလိုအရႈံးေတြနဲ႕ၾကံဳေနရတာလဲလို႔ ေမးေနၾကၿပီလို႔ ဆိုထားပါတယ္။ ငယ္စဥ္ကတည္းက အားေပးလာတဲ့ အမာခံပရိသတ္တစ္ေယာက္ျဖစ္တာမို႕ ဘယ္လိုအရႈံးေတြနဲ႕ပဲရင္ဆိုင္ရပါေစ အားေပးေနဦးမွာပါလို႔ ေျပာထားတာမို႔ CeleGabar ပရိသတ္ႀကီးထဲမွာ ေအာင္ျမင့္ျမတ္လို အမာခံပရိသတ္ေတြရွိၾကလား။

error: Content is protected !!