ပြန်လွတ်‌မြောက် လာပြီဖြစ်တဲ့ တေးသံရှင်ဖြိုးပြည့်စုံနဲ့ တေးရေးဆရာ နှစ်ဦး

ပရိသတ်တွေ စိတ်မကောင်းဖြစ်နေကြတဲ့ မူးယစ်ဆေးဝါးရှာဖွေတွေ့ရှိမှုဖြင့် တရားစွဲဆိုခံထားရသော အဆိုတော် ဖြိုးပြည့်စုံနဲ့ တေးရေးဆရာ နှစ်ဦးတို့ရဲ့ အမှုကိစ္စကြောင့် ပရိသတ်တွေကြားမှာ ကော အနုပညာရှင်တွေကြားမှာပါ စိတ်မကောင်းစရာတွေဖြစ်ခဲ့ရပါတယ်။ တေးသံရှင် ဖြိုးပြည့်စုံနဲ့ အတူ တေးရေးဆရာ နှစ်ဦးအား Myanmar Plaza တွင် ဝင်ရောက်ဖမ်းဆီးခဲ့ပြီး မူးယစ်ဆေးတွေ့ရှိမှုဖြင့် ဖမ်းဆီး တရားစွဲဆိုခံခဲ့ရတာပါ။

အဆိုတော် ဖြိုးပြည့်စုံနဲ့ ခင်မင်ရင်းနှီးကျတဲ့ အနုပညာရှင်တွေက ဖြိုးပြည့်စုံက လူကောင်းတစ်ယောက်ဖြစ်ကြောင်း အခိုင်အမာ ယုံကြည်ထားကြပြီး ပြန်လည်လွတ်မြောက်ဖို့အတွက် ပရိသတ်တွေကလည်း ဝိုင်းဝန်းဆု‌တောင်းပေးခဲ့ကြပါတယ်။ ယခုအချိန်မှာတော့ ပရိသတ်တွေမျှော်လင့်ထားတဲ့ အတိုင်း ‌တေးသံရှင် ဖြိုးပြည့်စုံနဲ့ တေးရေးဆရာ နှစ်ဦးတို့ ပြန်လည်လွတ်‌ မြောက်ခဲ့ပြီဖြစ်ပါတယ်။

ဓာတုဗေဒ၀န်ရုံးမှ စစ်ဆေးပြန်ကြားချက်တွေအရ မူးယစ်ဆေးဝါးမဟုတ်ကြောင်း လေ့လာတွေ့ရှိရသဖြင့် ဥပဒေမှ တရားစွဲဆိုရန် မသင့်ကြောင်း အကြုံပြုချက်အရ ဗဟန်းမြို့မရဲစခန်းတွက် တရားစွဲဆိုခံထားရသော အဆို‌‌တော် ဖြိုးပြည့်စုံနှင့် တေးရေးဆရာ နှစ်ဦးတို့အား ယနေ့ ညနေ ၃နာကီ မိနစ် ၃၀အချိန်မှာ ကျင့် ၁၆၉အရ အချုပ်မှ လွတ်လိုက်ပြီ ဖြစ်ပါတယ်။ အဆိုတော် ဖြိုးပြည့်စုံရဲ့ အမာခံပရိသတ်တွေနဲ့အတူ ထပ်တူ ၀မ်းသာပီတိ ဖြစ်မိသောအားဖြင့် သတင်းအပြည့်အစုံကို ပြန်လည်ဝေမျှလိုက်ရပါတယ်။

Source:CeleGabar

NORA:CeleGabar

(Zawgyi   ဖြင့်ဖတ်ရန်)

ျပန္လြတ္‌ေျမာက္ လာၿပီျဖစ္တဲ့ ေတးသံရွင္ၿဖိဳးျပည့္စုံနဲ႔ ေတးေရးဆရာ ႏွစ္ဦး

ပရိသတ္ေတြ စိတ္မေကာင္းျဖစ္ေနၾကတဲ့ မူးယစ္ေဆးဝါးရွာေဖြေတြ႕ရွိမႈျဖင့္ တရားစြဲဆိုခံထားရေသာ အဆိုေတာ္ ၿဖိဳးျပည့္စုံနဲ႔ ေတးေရးဆရာ ႏွစ္ဦးတို႔ရဲ႕ အမႈကိစၥေၾကာင့္ ပရိသတ္ေတြၾကားမွာ ေကာ အႏုပညာရွင္ေတြၾကားမွာပါ စိတ္မေကာင္းစရာေတြျဖစ္ခဲ့ရပါတယ္။ ေတးသံရွင္ ၿဖိဳးျပည့္စုံနဲ႔ အတူ ေတးေရးဆရာ ႏွစ္ဦးအား Myanmar Plaza တြင္ ဝင္ေရာက္ဖမ္းဆီးခဲ့ၿပီး မူးယစ္ေဆးေတြ႕ရွိမႈျဖင့္ ဖမ္းဆီး တရားစြဲဆိုခဲ့ရတာပါ။

အဆိုေတာ္ ၿဖိဳးျပည့္စုံနဲ႔ ခင္မင္ရင္းႏွီးက်တဲ့ အႏုပညာရွင္ေတြရဲ႕ က ၿဖိဳးျပည့္စုံက လူေကာင္းတစ္ေယာက္ျဖစ္ေၾကာင္း အခိုင္အမာ ယုံၾကည္ထားၾကၿပီး ျပန္လည္လႊတ္ေျမႇာက္ဖို႔အတြက္ ပရိသတ္ေတြကလည္း ဝိုင္းဝန္းဆု‌ေတာင္းေပးခဲ့ၾကပါတယ္။ ယခုအခ်ိန္မွာေတာ့ ပရိသတ္ေတြေမွ်ာ္လင့္ထားတဲ့ အတိုင္း ‌ေတးသံရွင္ ၿဖိဳးျပည့္စုံနဲ႔ ေတးေရးဆရာ ႏွစ္ဦးတို႔ ျပန္လည္လြတ္‌ ေျမာက္ခဲ့ၿပီျဖစ္ပါတယ္။

ဓာတုေဗဒဝန္႐ုံးမွ စစ္ေဆးျပန္ၾကားခ်က္ေတြအရ မူးယစ္ေဆးဝါးမဟုတ္ေၾကာင္း ေလ့လာေတြ႕ရွိရသျဖင့္ ဥပေဒမွ တရားစြဲဆိုရန္ မသင့္ေၾကာင္း အႀကဳံျပဳခ်က္အရ ဗဟန္းၿမိဳ႕မရဲစခန္းတြက္ တရားစြဲဆိုခံထားရေသာ အဆို‌‌ေတာ္ ၿဖိဳးျပည့္စုံႏွင့္ ေတးေရးဆရာ ႏွစ္ဦးတို႔အား ယေန႔ ညေန ၃နာကီ မိနစ္ ၃၀အခ်ိန္မွာ က်င့္ ၁၆၉အရ အခ်ဳပ္မွ လြတ္လိုက္ၿပီ ျဖစ္ပါတယ္။ အဆိုေတာ္ ၿဖိဳးျပည့္စုံရဲ႕ အမာခံပရိသတ္ေတြနဲ႔အတူ ထပ္တူ ဝမ္းသာပီတိ ျဖစ္မိေသာအားျဖင့္ သတင္းအျပည့္အစုံကို ျပန္လည္ေဝမွ်လိုက္ရပါတယ္။

error: Content is protected !!