” ချစ်ပရိသတ်ပေးတဲ့ အမှတ်တရပို့စာလေးတွေကြောင့် ပျော်မဆုံးဖြစ်နေတဲ့ ဝီလျှံထွန်း “

Project K အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်လည်းဖြစ် WIP လေးတွေရဲ့ အသည်းကျော် WiWi ကတော့ အောက်တိုဘာလ(၃)ရက်နေ့မှာ ကျရောက်တဲ့ WIP လေးတွေရဲ့ (၃)နှစ်ပြည့် နေ့ရက်လေးမှာ ချစ်တဲ့ ပရိသတ်WIPလေးတွေပေးတဲ့ အမှတ်တရပို့စာလေးတွေကြောင့် ပျော်မဆုံးဖြစ်နေပါတယ်။ WiWi တစ်ယောက်ကတော့ ချစ်ပရိသတ်တွေပေးတဲ့ အမှတ်တရပို့စာလေးတွေကို သူရဲ့ ဖေ့စ်ဘွတ်ခ် My Day မှာတင်ထားပါတယ်။ဝီလျံထွန်း နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်ဝန်းရံခြင်းခံနေရတဲ့ Project K အဖွဲ့မှ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး

Project K အဖွဲ့ထဲကို မဝင်ခင်မှာ Triplet Boy band မှ အဆိုကောင်းတဲ့ အဆိုတော်လူချောလေးလည်းဖြစ်ပါတယ်။ သူကတော့ အဆိုတင်မကပါဘူး MRTV Entertainmentက ရေဒီယိုရုပ်သံဇာတ်တွဲ့ တွေနဲ့လည်း ကျရာဇာတ်ကောင်ကို အကောင်းဆုံး သရုပ်ဆောင်မှုကြောင့် ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိထားပါသေးတယ်။သူရဲ့ “ပေါင်မုန့်နဲ့ပေါက်ဆီ” ရေဒီယိုဇာတ်လမ်းတွဲဟာ ဆိုရင် လူကြီးလူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့အထိ အောင်မြင်မှုရရှိခဲ့ပါတယ်။

သူကတော့ အားလပ်တဲ့အချိန်တွေမှာလည်း Cover Song လေးတွေဆိုကာ ချစ်ရတဲ့ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် ထားတတ်သူလည်းဖြစ်ပါတယ်။ချစ်ပရိသတ်တွေကတော့ ကျန်မာရေးဂရုစိုက်ဖို့၊ ချစ်ပရိသတ်လေးတွေကိုပစ်မထားဖို့နဲ့ ညဘက်တွေစောစောအိပ်ဖို့မှာထားကြပါတယ်။CeleGabar ပရိသတ်ကြီးရေ ဝီလျှံထွန်းတစ်ယောက် ပျော်မဆုံးဖြစ်အောင် ချစ်ပရိသတ်တွေကလည်း ဂရုတစိုက်ရှိလွန်းပါတယ်နော်။

Source: William Tun
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်





error: Content is protected !!