“ရွှေတိဂုံစေတီတော်မှာ ဆီမီးပူဇော်နေတဲ့ ပိုးကြာဖြူခင်”

ပရိသတ်တွေရဲ့ အချစ်တော်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ပိုးကြာဖြူခင်ကတော့ ဒီနေ့ အောက်တိုဘာလ (၉)ရက်နေ့မှာ ရွှေတိဂုံဘုရားကို ရောက်ရှိနေတဲ့အကြောင်းကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။ပိုးကြာဖြူခင်တစ်ယောက် ရွှေတိဂုံဘုရားကို ရောက်ရှိနေရတဲ့ အကြောင်းအရင်းကတော့ သူငယ်ချင်းတွေနဲ့ ရွှေတိဂုံစေတီတော်ကို ဆီမီးပူဇော်ဖို့ရောက်ရှိနေတာဖြစ်ပြီး “မင်္ဂလာညနေခင်းပါရှင် ရွှေတိဂုံစေတီတော်မှာ သူငယ်ချင်းတွေနဲ့ ဆီမီးတူတူပူဇော်ဖို့ရောက်နေပါတယ်ရှင့်”လို့ သူမရဲ့ မြန်မာဆန်ဆန်ပုံလေးတွေနဲ့ အတူဖော်ပြထားတာပဲဖြစ်ပါတယ်။

ပိုးကြာဖြူခင်ဟာဆိုရင် လက်ရှိမှာ ပရိသတ်တွေရဲ့ အချစ်ကို အပြည့်အဝရရှိထားတဲ့ သရုပ်ဆောင်မင်းသမီးလေးတစ်လက်ပဲဖြစ်ပါတယ်။ပရိသတ်တွေက ပိုးကြာဖြူခင်ကို သူ့ရဲ့ နာမည်အရင်းထက် သူ့ရဲ့ ဇာတ်ကောင်တစ်ခုဖြစ်တဲ့ “ဆိုင်းမိုင်”ဆိုတဲ့ နာမည်လေးကို ချစ်စနိုးနဲ့ ခေါ်ဆိုကြတာပါ။အခုနောက်ပိုင်းမှာတော့ ပိုးကြာဖြူခင်ဟာ မင်းသမီးတစ်ယောက်အနေနဲ့သာမက အဆိုတော်တစ်ယောက်အနေနဲ့ပါ အနုပညာအလုပ်တွေကို ပိုမိုလုပ်ကိုင်လာတာပဲဖြစ်ပါတယ်။

ပိုးကြာဖြူခင်ဟာ သူဝါသနာပါတဲ့ အနုပညာအလုပ်တွေကို ကြိုးကြိုးစားစားနဲ့ လုပ်ကိုင်နေတာဖြစ်ပြီး အနုပညာကြေးအနေနဲ့ ရရှိလာတဲ့ ချွေးနည်းစာငွေလေးတွေကို စုဆောင်းကာ မကြာခဏဆိုသလို လိုအပ်နေတဲ့ နေရာတွေမှာ အလှူအတန်းတွေလည်း ပြုလုပ်လေ့ရှိပါသေးတယ်။ဒီနေ့မှာလည်း ပိုးကြာဖြူခင်ဟာ ဝါကျွတ်ကာလ မြန်မာလူမျိုးတို့ရဲ့ ဓလေ့တစ်ခုဖြစ်တဲ့ ဆီမီးပူဇော်တဲ့ အလှူလေးကို ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

Source : Poe Kyar Phyu Khin
Chilli – CeleGabar
ဇော်ဂျီ ဗားရှင်းဖြင့်ဖတ်ရန်။

“ေရႊတိဂံုေစတီေတာ္မွာ ဆီမီးပူေဇာ္ေနတဲ့ ပိုးၾကာျဖဴခင္”

ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္တစ္ဦးျဖစ္တဲ့ သ႐ုပ္ေဆာင္ ပိုးၾကာျဖဴခင္ကေတာ့ ဒီေန႕ ေအာက္တိုဘာလ (၉)ရက္ေန႕မွာ ေရႊတိဂံုဘုရားကို ေရာက္ရွိေနတဲ့အေၾကာင္းကို သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေနေဖာ္ျပထားတာပဲျဖစ္ပါတယ္။ပိုးၾကာျဖဴခင္တစ္ေယာက္ ေရႊတိဂံုဘုရားကို ေရာက္ရွိေနရတဲ့ အေၾကာင္းအရင္းကေတာ့ သူငယ္ခ်င္းေတြနဲ႕ ေရႊတိဂံုေစတီေတာ္ကို ဆီမီးပူေဇာ္ဖို႕ေရာက္ရွိေနတာျဖစ္ၿပီး “မဂၤလာညေနခင္းပါရွင္ ေရႊတိဂံုေစတီေတာ္မွာ သူငယ္ခ်င္းေတြနဲ႔ ဆီမီးတူတူပူေဇာ္ဖို႔ေရာက္ေနပါတယ္ရွင့္”လို႕ သူမရဲ႕ ျမန္မာဆန္ဆန္ပံုေလးေတြနဲ႕ အတူေဖာ္ျပထားတာပဲျဖစ္ပါတယ္။

ပိုးၾကာျဖဴခင္ဟာဆိုရင္ လက္ရွိမွာ ပရိသတ္ေတြရဲ႕ အခ်စ္ကို အျပည္႔အဝရရွိထားတဲ့ သ႐ုပ္ေဆာင္မင္းသမီးေလးတစ္လက္ပဲျဖစ္ပါတယ္။ပရိသတ္ေတြက ပိုးၾကာျဖဴခင္ကို သူ႕ရဲ႕ နာမည္အရင္းထက္ သူ႔ရ႕ဲ ဇာတ္ေကာင္တစ္ခုျဖစ္တဲ့ “ဆိုင္းမိုင္”ဆိုတဲ့ နာမည္ေလးကို ခ်စ္စႏိုးနဲ႕ ေခၚဆိုၾကတာပါ။အခုေနာက္ပိုင္းမွာေတာ႕ ပိုးၾကာျဖဴခင္ဟာ မင္းသမီးတစ္ေယာက္အေနနဲ႕သာမက အဆိုေတာ္တစ္ေယာက္အေနနဲ႕ပါ အနုပညာအလုပ္ေတြကို ပိုမိုလုပ္ကိုင္လာတာပဲျဖစ္ပါတယ္။

ပိုးၾကာျဖဴခင္ဟာ သူဝါသနာပါတဲ့ အႏုပညာအလုပ္ေတြကို ႀကိဳးႀကိဳးစားစားနဲ႕ လုပ္ကိုင္ေနတာျဖစ္ၿပီး အႏုပညာေၾကးအေနနဲ႕ ရရွိလာတဲ့ ေခၽြးနည္းစာေငြေလးေတြကို စုေဆာင္းကာ မၾကာခဏဆိုသလို လိုအပ္ေနတဲ့ ေနရာေတြမွာ အလွဴအတန္းေတြလည္း ျပဳလုပ္ေလ့ရွိပါေသးတယ္။ဒီေန႕မွာလည္း ပိုးၾကာျဖဴခင္ဟာ ဝါကၽြတ္ကာလ ျမန္မာလူမ်ိဳးတို႕ရဲ႕ ဓေလ့တစ္ခုျဖစ္တဲ့ ဆီမီးပူေဇာ္တဲ့ အလွဴေလးကို ျပဳလုပ္ခဲ့တာပဲျဖစ္ပါတယ္။

Source : Poe Kyar Phyu Khin
Chilli – CeleGabar

error: Content is protected !!