သီတင်းကျွတ်ကန်တော့ရင်းနဲ့ မျက်နှာလေး ဆူပုတ်ပုတ်ဖြစ်နေတဲ့ သမီးလေးကို စနောက်ပြီးချော့နေတဲ့ အေသင်

ပျော်ရွှင်စရာကောင်းတဲ့ သားအမိ ဘဝ လေးကိုပိုင်ဆိုင်ထားတဲ့ အဆိုတော်မလေး အေသင်ချိုဆွေနဲ့ lvyလေးတို့ သားအမိနှစ်ယောက်ဟာ ပရိတ်သတ်တွေရဲ့ အချစ်တော်လေးတွေပါပဲနော်။ အေသင်ဟာ Single Mother တစ်ယောက်ဆိုပေမယ့် သမီးလေးကို ဘယ်တော့မှ မျက်နှာမငယ်ရအောင် အဖေလိုတစ်မျိုး အမေလိုတစ်မျိုး နွေးထွေးမှုတွေ စောင့်ရှောက်မှုတွေပေးနေတဲ့ မိခင်ကောင်းတစ်ယောက်ပါပဲနော်။

ကြီးမားလှတဲ့ မိဘမေတ္တာတွေနဲ့ သမီးလေးကို ချစ်ပေး ဂရုစိုက်ပေးခဲ့လို့ အခုဆိုရင် သမီးလေးဟာ ကျောင်းနေတဲ့ အရွယ်လေးကိုတောင်ရောက်လို့နေခဲ့ပါပြီနော်။ အမေတူသမီးလေးဖြစ်တဲ့lvyလေးဟာလည်း ကျောင်းမှာတွေ့တဲ့သူတိုင်းက ချစ်ခင်ကြတဲ့အတဲ့အထိကို လိမ္မာရေးခြားလည်းရှိပြီး မေမေ့ပြောစကားတိုင်းကိုလည်းနားထောင်သူလေးပါနော်။ ဒီလို ချစ်ဖို့ကောင်းတဲ့ သမီးလေးကြောင့်အေသင်တစ်ယောက်ဟာ ဘယ်လောက်ပဲပင်ပန်းပင်ပန်း အမောတွေမှန်သမျှပြေပျောက်ခဲ့ရပါတယ်နော်။

 

အခုလည်း မြန်မာဆန်ဆန်လေးဝတ်ပြီးတော့ ကျောင်းမှာ သူငယ်ချင်းတွေနဲ့အတူ လူကြီးတွေဆရာတွေကို ကန်တော့နေခဲ့တာကိုတွေ့ရပြန်ပါတယ်နော်။ ကန်တော့ရင်းနဲ့ ကောက်တေးလေးဖြစ်နေတဲ့ သမီးလေးlvyကို မေမေက ပုံလေးရိုက်ကာ သူမရဲ့ wallပေါ်မှာတင်ပြီးတော့လည်း စနောက်ထားတာကိုတွေ့ရပါတယ်နော်။ မူလဂျီ သူလဂျီ လုပ်နေတတ်တဲ့ သမီးလေးရဲ့ အသည်းယားစရာပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို အချစ်ပိုစေခဲ့ပြန်ပါတယ်နော်။ ကဲ… မျက်နှာလေး ဆူပုတ်ပုတ်နဲ့ ချစ်ဖို့အရမ်းကောင်းနေတဲ့ lvyလေးရဲ့ အသည်းယားစဖွယ်ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

 

Source:Athen Cho Swe

NORA:CeleGabar

(Zawgyi ဖြင့်ဖတ်ရန်)

သီတင္းကြၽတ္ကန္ေတာ့ရင္းနဲ႔ မ်က္ႏွာေလး ဆူပုတ္ပုတ္ျဖစ္ေနတဲ့ သမီးေလးကို စေနာက္ၿပီးေခ်ာ့ေနတဲ့ ေအသင္

ေပ်ာ္႐ႊင္စရာေကာင္းတဲ့ သားအမိ ဘဝ ေလးကိုပိုင္ဆိုင္ထားတဲ့ အဆိုေတာ္မေလး ေအသင္ခ်ိဳေဆြနဲ႔ lvyေလးတို႔ သားအမိႏွစ္ေယာက္ဟာ ပရိတ္သတ္ေတြရဲ႕ အခ်စ္ေတာ္ေလးေတြပါပဲေနာ္။ ေအသင္ဟာ Single Mother တစ္ေယာက္ဆိုေပမယ့္ သမီးေလးကို ဘယ္ေတာ့မွ မ်က္ႏွာမငယ္ရေအာင္ အေဖလိုတစ္မ်ိဳး အေမလိုတစ္မ်ိဳး ေႏြးေထြးမႈေတြ ေစာင့္ေရွာက္မႈေတြေပးေနတဲ့ မိခင္ေကာင္းတစ္ေယာက္ပါပဲေနာ္။

ႀကီးမားလွတဲ့ မိဘေမတၱာေတြနဲ႔ သမီးေလးကို ခ်စ္ေပး ဂ႐ုစိုက္ေပးခဲ့လို႔ အခုဆိုရင္ သမီးေလးဟာ ေက်ာင္းေနတဲ့ အ႐ြယ္ေလးကိုေတာင္ေရာက္လို႔ေနခဲ့ပါၿပီေနာ္။ အေမတူသမီးေလးျဖစ္တဲ့lvyေလးဟာလည္း ေက်ာင္းမွာေတြ႕တဲ့သူတိုင္းက ခ်စ္ခင္ၾကတဲ့အတဲ့အထိကို လိမၼာေရးျခားလည္းရွိၿပီး ေမေမ့ေျပာစကားတိုင္းကိုလည္းနားေထာင္သူေလးပါေနာ္။ ဒီလို ခ်စ္ဖို႔ေကာင္းတဲ့ သမီးေလးေၾကာင့္ေအသင္တစ္ေယာက္ဟာ ဘယ္ေလာက္ပဲပင္ပန္းပင္ပန္း အေမာေတြမွန္သမွ်ေျပေပ်ာက္ခဲ့ရပါတယ္ေနာ္။

အခုလည္း ျမန္မာဆန္ဆန္ေလးဝတ္ၿပီးေတာ့ ေက်ာင္းမွာ သူငယ္ခ်င္းေတြနဲ႔အတူ လူႀကီးေတြဆရာေတြကို ကန္ေတာ့ေနခဲ့တာကိုေတြ႕ရျပန္ပါတယ္ေနာ္။ ကန္ေတာ့ရင္းနဲ႔ ေကာက္ေတးေလးျဖစ္ေနတဲ့ သမီးေလးlvyကို ေမေမက ပုံေလး႐ိုက္ကာ သူမရဲ႕ wallေပၚမွာတင္ၿပီးေတာ့လည္း စေနာက္ထားတာကိုေတြ႕ရပါတယ္ေနာ္။ မူလဂ်ီ သူလဂ်ီ လုပ္ေနတတ္တဲ့ သမီးေလးရဲ႕ အသည္းယားစရာပုံရိပ္ေလးေတြကလည္း ပရိသတ္ေတြကို အခ်စ္ပိုေစခဲ့ျပန္ပါတယ္ေနာ္။ ကဲ… မ်က္ႏွာေလး ဆူပုတ္ပုတ္နဲ႔ ခ်စ္ဖို႔အရမ္းေကာင္းေနတဲ့ lvyေလးရဲ႕ အသည္းယားစဖြယ္ပုံရိပ္ေလးေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

error: Content is protected !!