Justin Bieber တို့စုံတွဲရဲ့မင်္ဂလာဆောင်ပုံရိပ်တွေတက်လာပြီးနောက် ဝမ်းနည်းနေပုံရတဲ့ Selena ရဲ့ပိုစ်တစ်ခု

ဒီရက်ပိုင်းမှာတော့ Justin Bieber နဲ့ Hailey Baldwin တို့ စုံတွဲရဲ့သတင်းဟာဟော့နေပါတယ်။ လက်ထပ်ပွဲပြီးကတည်းကလည်း Justin Bieber တို့စုံတွဲကတော့ အရမ်းတွေရိုပြနေကြတာပါ။ သူတို့နှစ်ဦးဟာ အချစ်သီချင်းတွေထွက်ရှိလာသလို မင်္ဂလာဓာတ်ပုံလေးတွေလည်းတက်လာခဲ့ပါတယ်။


တစ်ဖက်မှာလည်း Selenaတစ်ယောက်ဘာတွေလုပ်နေသလဲဆိုတာ ပရိသတ်တွေက စိတ်ဝင်စားနေကြပါပြီ။Selena တစ်ယောက်ဟာ တရားမဝင်နေထိုင်သူတွေအတွက် Documentary Series အတွက်အလုပ်ရှပ်နေတာပါ။ဒါပေမဲ့လည်း ရိုမန်တစ်ဆန်တဲ့ Justin Bieber တို့စုံတွဲရဲ့မင်္ဂလာဓာတ်ပုံတွေတင်ပြီးနောက်ပိုင်းမှာပဲ Justin Bieber တို့စုံတွဲကတော့ ရဲ့အကောင့်မှာ တစ်ဝက်တစ်ပျက်ရိုက်ထားတဲ့ ဝမ်းနည်းနေပုံရတဲ့ပုံမျိုးကို တင်ထားတာပါ။


ဒီပုံနဲ့အတူ Selena တစ်ယောက်ကတော့ “Me, all the time” လို့ရေးထားပါသေးတယ်။ ဒီပုံနဲ့စာဟာပရိသတ်တွေအတွက်တွေးစရာဖြစ်သွားပါပြီ။ဒီပုံလေးကိုလည်း React ပေးတဲ့သူ (၈)သန်းလောက်ဖြစ်သွားခဲ့ပါပြီ။ဒီပိုစ့်အောက်မှာ စိတ်ပူနေတဲ့သူတွေနဲ့အားပေးစကားပြောတဲ့သူတွေ များစွာရှိခဲ့ပါတယ်။Selena တစ်ယောက်ဟာ ကျန်းမာရေးမကောင်းတဲ့သူဖြစ်တာကြောင့်လည်းနေမကောင်းဖြစ်နေတာလားဆိုတာ စိတ်ပူစရာပါပဲနော်…။
Source:SelenaGomezIG
Sweet – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

Source:SelenaGomezIG
Sweet – CeleGabar

error: Content is protected !!