” သီတင်းကျွတ်သီချင်းလေးကို မြန်မာဝတ်စုံ ရင်ဖုန်းနဲ့ထမိန်လေးဝတ်ကာ ကနေတဲ့ အိုင်ဗီလေးဗီဒီယိုဖိုင် “

အခုခေတ်မှာ အနုပညာရှင်တွေရဲ့ မျိုးဆက်သစ်လေးတွေကို ပရိသတ်တွေက လက်ခံချစ်ပေးလာကြပါပြီနော်။ပရိသတ်တွေ လက်ခံအားပေးတဲ့ မျိုးဆက်သစ်လေးထဲက အေသင်ချိုဆွေရဲ့ သမီးလေး Ivy ကိုတော့ အထူးမိတ်ဆက်စရာယမလိုတော့ပါဘူး။ ပရိသတ်တွေက သည်းသည်းလှုပ်ချစ်ပေးကာ We Love တွေပါ ဖွဲ့ကာ အားပေးခံရတဲ့ သူလေးပါပဲ။

အေသင်ချိုဆွေကတော့ ဆယ်ကျော်သက်လောက်တည်းက ပရိသတ်ပါးစပ်ဖျားမှာရေပန်းစားခဲ့တဲ့ သီချင်းတွေထဲက အဆိုရှင်တစ်ယောက် ဖြစ်တဲ့အပြင် အခုချိန်ထိ ပရိသတ်တွေချစ်ခင်အားပေးခံနေရသူတစ်ယောက်လို့ ဆိုရမှာယပါ။ နှစ်အနည်းငယ်လောက်အနုပညာအလုပ်တွေမလုပ်ပဲပျောက်ကွယ်သွားပေမယ့် Single Mother အဖြစ်ရဲရဲဝံ့ဝံ့ ပရိသတ်တွေရှေ့ ပြန်ရောက်လာခဲ့ပြီး အနုပညာအလုပ်တွေကိုကြိုးကြိုးစားစားပြန်လုပ်နေတာပါနော်။

လက်ရှိမှာတော့ Ivyလေးဟာ KG ကျောင်းသူလေးတစ်ယောက်ဖြစ်ပြီး သူမရဲ့ချစ်စရာကောင်းလှတဲ့ ဟန်ပန်အမူအရာလေးတွေကို မေမေအေသင်က ဗီဒီယိုလေးတွေ နဲ့ အတူ ချစ်တဲ့ပရိသတ်တွေအတွက် အမြဲဝေမျှပေးလေ့ရှိပါတယ်။ Ivy လေးဟာ မြန်မာဝတ်စုံ ရင်ဖုန်းနဲ့ထမိန်လေးနဲ့အတူ သီတင်းကျွတ်သီချင်းလေးနဲက ကနေတဲ့ ဗီဒီယိုလေးကြောင့် ပရိသတ်တွေက အသည်းယားကာအချစ်ပိုနေတာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း Ivy လေးရဲ့ ဗီဒီယိုဖိုင်လေးကိုကြည့်ပြီး ချစ်ရင်မှတ်ချက်ပေးခဲ့ပါဦးနော်။

Source : AThen Cho Swe
Shwe Poe – CeleGabar
ဇော်ဂျီဗားရှင်း





Source : AThen Cho Swe
Shwe Poe – CeleGabar
ဇော်ဂျီဗားရှင်း

error: Content is protected !!