ဒိတ်ဒိတ်ကြဲထိပ်တန်းအနုပညာရှင်တွေနဲ့ ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့ တိုင်ပင်နေပြီဖြစ်တဲ့ ရွှေထူး

ကိုရွှေထူးကတော့ အနုပညာလောကရဲ့နာမည်ကျော်တွေဖြစ်ကြတဲ့ ကျော်ရဲအောင်နဲ့ အူဝဲတို့နှစ်ယောက်သားကို တွေ့ဆုံပြီး နောက်လမှာရိုက်ကူးမယ့်ဇာတ်ကားအတွက် တိုင်ပင်ဆွေးနွေးခဲ့တာပဲဖြစ်ပါတယ်။ ဘယ်လိုအမိုက်စားဇာတ်ရုပ်တွေနဲ့ ပရိသတ် တွေကို အံ့သြမှင်သက်သွားအောင်ဖမ်းစားဦးမယ်ဆိုတာတော့ ဇာတ်ကားထွက်လာရင် ပိတ်ကားပေါ်မှာ စောင့်ကြည့်ရမှာပဲပေါ့ နော်။

အရင်ကလဲ ထိပ်တန်းမင်းသားတွေနဲ့တွဲဖက်ရိုက်ကူးဖူးပြီး ဒီတစ်ခေါက်မှာတော့ အူဝဲလည်း ပါဝင်လာပြီဖြစ်တာမို့ အားလုံးကလည်း စိတ်ဝင်စားနေကြပါတယ်။ ဇာတ်ကားနာမည်ကိုတော့ ” စတုတ္ထမြောက် သွေးကြောမျှင် ” လို့ Fan တွေရဲ့အပြောအရ သိရပြီး ဘယ်လိုဇာတ်ကားလေး ဖြစ်မယ်ဆိုတာတော့ တိတိကျကျမသိရသေးပါဘူး။

ရွှေထူးရဲ့ Facebook My Day မှာလည်း ကျော်ရဲအောင်၊ အူဝဲတို့နဲ့ အတူတွဲရိုက်ထားတဲ့ ပုံရိပ်တွေကို တင်ထားပြီး အနုပညာ မှတ်တိုင်သစ်တစ်ခုကို အတူတူဖန်တီးကြတော့မှာမို့ ကျေနပ်ပီတိဖြစ်နေပုံပါပဲ။ ဇနီးဖြစ်သူကလည်း နာမည်ကျော်သရုပ်ဆောင် တစ်ယောက်ဖြစ်နေတာမို့ ကျားကျားကို အနီးကပ်ပို့ချ ပေးမှာတော့ အသေအချာပဲနော်။ ဒီတစ်ခေါက်တော့ ကိုရွှေထူးရဲ့ သရုပ်ဆောင်ချက်တွေက ပိုပြီးပြောင်မြောက်လာမယ်ဆိုတာတော့ သေချာသလောက်ရှိနေပါပြီပရိသတ်ကြီးရေ။

Photo – Htoo Khant
Happy – Cele Gabar

(ဇော်ဂျီဖြင့်ဖတ်ရန်)





Photo – Htoo Khant
Happy – Cele Gabar

error: Content is protected !!