“ကလေးတွေကို စောင့်ရှောက်ပေးတဲ့ ဂေဟာက ဝန်ထမ်းတွေကို ကံစမ်းမဲဖောက်ပေးခဲ့တဲ့ ခိုင်နှင်းဝေ”

ပရဟိတ မိခင်ကြီးလို့ ပရိသတ်တွေရဲ့ ခေါ်ဆိုခြင်းကို ခံရတဲ့အထိကို ပရဟိတလုပ်ငန်းတွေကို မျှော်လင့်ချက်မရှိ စိတ်ထားဖြူဖြူစင်စင်နဲ့ လုပ်ဆောင်နေတဲ့ မင်းသမီးကြီးခိုင်နှင်းဝေကတော့ လက်ရှိမှာ အနုပညာအလုပ်တွေကို ရပ်နားထားပြီး ပရဟိတလုပ်ငန်းတွေကိုသာ အားကြိုးမာန်တက်ပိုမိုလုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။မြန်မာနိုင်ငံနေရာဒေသအနှံအပြားက အကူအညီလိုအပ်နေတဲ့ အရပ်ဒေသတွေအထိ ကိုယ်တိုင်ကိုယ်ကျသွားရောက်ပြီး လှူဒါန်းမှုတွေလည်းပြုလုပ်နေတာပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။

ဒီလို ကူညီမှုတွေအပြင် ဗီဒီယို ခေတ်ပျက်ခဲ့တာကြောင့် ဒုက္ခရောက်နေရတဲ့ လုပ်ဖော်ကိုင်ဖက် အနုပညာရှင် ညီအကိုမောင်နှမတွေကိုလည်း အခြေတကျရပ်တည်နိုင်ဖို့လိုအပ်တဲ့ ကူညီမှုတွေ ပေးအပ်နေပြီး လွန်ခဲ့တဲ့ လအနည်းငယ်တုန်းကလည်း သရုပ်ဆောင်ရဲလေးမ အတွက်ကို မုန့်ဟင်းခါးဆိုင်လေး ဖွင့်လှစ်ပေးခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ (၃)ရက်နေ့မှာလည်း ခိုင်နှင်းဝေဟာ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ပို့သရုပ်ဆောင် ဒေါ်နန်းခမ်းဝါအတွက် စီးပွားရေးလုပ်ငန်းလေးအဖြစ် အအေးဆိုင်လေးတစ်ဆိုင်ဖွင့်ပေးခဲ့ပါသေးတယ်။

ခိုင်နှင်းဝေရဲ့ ဒီလိုပရဟိတလုပ်ငန်းတွေထဲကမှ အမွန်မြတ်ဆုံးပရဟိတလုပ်ငန်းတစ်ခုအဖြစ် မိဘမဲ့ လူမမယ်ကလေးတွေကို စောင့်ရှောက်တဲ့ “ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ”လေးကိုဖွင့်လှစ်ထားပါတယ်။ခိုင်နှင်းဝေက ဒီဂေဟာလေးမှာ ကလေးတွေကို ကိုယ်တိုင်ကိုယ်ကျစောင့်ရှောက်တဲ့အပြင် ကလေးတွေကများပြားလွန်းတာကြောင့် ကလေးတွေကို စောင့်ရှောက်ဖို့ ဝန်ထမ်းတွေလည်း ခန့်အပ်ထားပါတယ်။ဒီနေ့မှာတော့ ခိုင်နှင်းဝေဟာ သီတင်းကျွတ်အထိမ်းအမှတ်အနေနဲ့ ကလေးတွေကိုစောင့်ရှောက်ပေးတဲ့ ဂေဟာကဝန်ထမ်းတွေကို ဗလာမပါကံစမ်းမဲဖောက်ပေးတဲ့အကြောင်းကို သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာဖြစ်ပြီး မဲဖောက်ပေးနေတဲ့ ဗီဒီယိုဖိုင်လေးကို CeleGabar ပရိသတ်တွေဝမ်းသာပီတိဖြစ်လို့ရအောင်မျှဝေပေးလိုက်ပါတယ်။

Source : Khine Hnin Wai
Chilli – CeleGabar
ဇော်ဂျီ ဗားရှင်းဖြင့်ဖတ်ရန်။

“ကေလးေတြကို ေစာင့္ေရွာက္ေပးတဲ့ ေဂဟာက ဝန္ထမ္းေတြကို ကံစမ္းမဲေဖာက္ေပးခဲ့တဲ့ ခိုင္ႏွင္းေဝ”

ပရဟိတ မိခင္ႀကီးလို႕ ပရိသတ္ေတြရဲ႕ ေခၚဆိုျခင္းကို ခံရတဲ့အထိကို ပရဟိတလုပ္ငန္းေတြကို ေမွ်ာ္လင့္ခ်က္မရွိ စိတ္ထားျဖဴျဖဴစင္စင္နဲ႕ လုပ္ေဆာင္ေနတဲ့ မင္းသမီးႀကီးခိုင္ႏွင္းေဝကေတာ့ လက္ရွိမွာ အႏုပညာအလုပ္ေတြကို ရပ္နားထားၿပီး ပရဟိတလုပ္ငန္းေတြကိုသာ အားႀကိဳးမာန္တက္ပိုမိုလုပ္ေဆာင္ေနတာလည္း ျဖစ္ပါတယ္။ျမန္မာႏိုင္ငံေနရာေဒသအႏွံအျပားက အကူအညီလိုအပ္ေနတဲ့ အရပ္ေဒသေတြအထိ ကိုယ္တိုင္ကိုယ္က်သြားေရာက္ၿပီး လွဴဒါန္းမႈေတြလည္းျပဳလုပ္ေနတာပရိသတ္ေတြသိရွိၿပီးသားျဖစ္မွာပါ။

ဒီလို ကူညီမႈေတြအျပင္ ဗီဒီယို ေခတ္ပ်က္ခဲ့တာေၾကာင့္ ဒုကၡေရာက္ေနရတဲ့ လုပ္ေဖာ္ကိုင္ဖက္ အႏုပညာရွင္ ညီအကိုေမာင္ႏွမေတြကိုလည္း အေျခတက်ရပ္တည္ႏိုင္ဖို႕လိုအပ္တဲ့ ကူညီမႈေတြ ေပးအပ္ေနၿပီး လြန္ခဲ့တဲ့ လအနည္းငယ္တုန္းကလည္း သ႐ုပ္ေဆာင္ရဲေလးမ အတြက္ကို မုန္႔ဟင္းခါးဆိုင္ေလး ဖြင့္လွစ္ေပးခဲ့ပါေသးတယ္။ ၿပီးခဲ့တဲ့ ေအာက္တိုဘာလ (၃)ရက္ေန႕မွာလည္း ခိုင္ႏွင္းေဝဟာ ႐ုပ္ရွင္နဲ႔ ဗီဒီယို ဇာတ္ပို႕သ႐ုပ္ေဆာင္ ေဒၚနန္းခမ္းဝါအတြက္ စီးပြားေရးလုပ္ငန္းေလးအျဖစ္ အေအးဆိုင္ေလးတစ္ဆိုင္ဖြင့္ေပးခဲ့ပါေသးတယ္။

ခိုင္ႏွင္းေဝရဲ႕ ဒီလိုပရဟိတလုပ္ငန္းေတြထဲကမွ အမြန္ျမတ္ဆံုးပရဟိတလုပ္ငန္းတစ္ခုအျဖစ္ မိဘမဲ့ လူမမယ္ကေလးေတြကို ေစာင့္ေရွာက္တဲ့ “ခိုင္ႏွင္းေဝ ရင္ေသြးေလးမ်ားေဂဟာ”ေလးကိုဖြင့္လွစ္ထားပါတယ္။ခိုင္ႏွင္းေဝက ဒီေဂဟာေလးမွာ ကေလးေတြကို ကိုယ္တိုင္ကိုယ္က်ေစာင့္ေရွာက္တဲ့အျပင္ ကေလးေတြကမ်ားျပားလြန္းတာေၾကာင့္ ကေလးေတြကို ေစာင့္ေရွာက္ဖို႕ ဝန္ထမ္းေတြလည္း ခန္႕အပ္ထားပါတယ္။ဒီေန႕မွာေတာ့ ခိုင္ႏွင္းေဝဟာ သီတင္းက်ြတ္အထိမ္းအမွတ္အေနနဲ႕ ကေလးေတြကိုေစာင့္ေရွာက္ေပးတဲ့ ေဂဟာကဝန္ထမ္းေတြကို ဗလာမပါကံစမ္းမဲေဖာက္ေပးတဲ့အေၾကာင္းကို သူရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေနေဖာ္ျပထားတာျဖစ္ၿပီး မဲေဖာက္ေပးေနတဲ့ ဗီဒီယိုဖိုင္ေလးကို CeleGabar ပရိသတ္ေတြဝမ္းသာပီတိျဖစ္လို႕ရေအာင္မွ်ေဝေပးလိုက္ပါတယ္။

Source : Khine Hnin Wai
Chilli – CeleGabar

error: Content is protected !!