” နေခြည်ဦးနဲ့ ပတ်သက်ပြီး အထင်မှားကာ ဝေဖန်သူတွေကို ပြန်လည်ဖြေရှင်းလိုက်တဲ့ စိုင်းစိုင်း “

HipHop အဆိုတော်တွေထဲမှာ စိုင်းစိုင်းခမ်းလှိုင်ကတော့ မသိသူမရှိသလောက်ပါပဲနော်။ အောင်မြင်မှုကို ကြာရှည်စွာထိန်းထားနိုင်တဲ့ ထိပ်တန်းရှားရှားပါးပါးအနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေ အရွယ်မျိုးစုံ အားပေးတဲ့ စိုင်းစိုင်းကတော့ တစ်ပုဒ်ဆိုတစ်ပုဒ် ပရိသတ် ပါးစပ်ဖျားမှာ ရေပန်းစားအောင် လုပ်နိုင်သော အနုပညာရှင်တစ်ဦးလို့ ဆိုရမှာပါ။အမျိုးသမီးပရိသတ်တွေရဲ့ အသည်းစွဲ အနုပညာရှင်ဖြစ်တာကြောင့် တချို့ သော အမျိုးသားပရိသတ်တွေရဲ့ Troll ခြင်းခံရတာတွေတော့ရှိပေမယ့် သူ့ကို Troll တဲ့သူတွေကို ပညာသားပါပါ တုံ့ပြန်ကာ ပရိသတ်တွေကို အချစ်ကို ပိုမိုတိုးလာအောင် ပြုလုပ်တတ်ပါသေးတယ်နော်။

လက်ရှိမှာလည်း ပရိသတ်တွေကြားမှာ ဂယက်ထနေတဲ့ ကိစ္စတစ်ခုကို စိုင်းစိုင်းကတော့ ဖြေရှင်းခဲ့တာပါနော်။ စိုင်းစိုင်းရိုက်တင်ခဲ့တဲ့ အလှပုံကပန်းစည်းနဲ့ ပရိသတ်တွေများစွာပိုင်ဆိုင်ထားတဲ့ ပွင့်လင်းလွန်းတဲ့ မင်းသမီးလေး နေခြည်ဦးရဲ့ My Day မှာတင်တဲ့ ပန်းစည်းပုံလေးနဲ့တူနေတာကြောင့် ပရိသတ်တွေက မေးခွန်းများစွာနဲ့ ဝေဖန်မှုတွေမြင့်တက်လာတာပဲ ဖြစ်ပါတယ်။ဝေဖန်ချက်တွေကို စိုင်းစိုင်းကတော့ ပရိသတ်တွေသိအောင် ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

” ဝါကျဆက်ပါ (၂)မှတ် …ခရီးထွက်ရင် ကြိုဆိုတဲ့သူတွေ တည်းခိုတဲ့ ဟိုတယ်တွေက ပန်းစည်းလက်ဆောင်ပေးတဲ့ အလေ့အထရှိတယ်ဆိုတာကိုလည်း ” ဆိုကာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဝေဖန်သူတွေကိုပြန်လည်ဖြေရှင်းခဲ့ပါတယ်။ဝေဖန်မှုတွေကို တော်ရုံမဖြေရှင်းတတ်တဲ့ စိုင်းစိုင်းကတော့ ဟိုတယ်ကပေးတဲ့ပန်းစည်းဆိုတာကို အတိအကျဖြေရှင်းခဲ့တာပါ။CeleGabar ပရိသတ်ကြီးလည်း ဖြစ်ရပ်အမှန်ကိုသိအောင် ဖော်ပြပေးလိုက်ပါတယ်နော်။

Source: Sai Sai Kham Leng
Shwe Poe – CeleGabar
ဇော်ဂျီဗားရှင်း

” ေနျခည္ဦးနဲ႕ ပတ္သက္ၿပီး အထင္မွားကာ ေဝဖန္သူေတြကို ျပန္လည္ေျဖရွင္းလိုက္တဲ့ စိုင္းစိုင္း ”

HipHop အဆိုေတာ္ေတြထဲမွာ စိုင္းစိုင္းခမ္းလႈိင္ကေတာ့ မသိသူမရွိသေလာက္ပါပဲေနာ္။ ေအာင္ျမင္မႈကို ၾကာရွည္စြာထိန္းထားႏိုင္တဲ့ ထိပ္တန္းရွားရွားပါးပါးအႏုပညာရွင္တစ္ေယာက္ျဖစ္ၿပီး ပရိသတ္ေတြ အ႐ြယ္မ်ိဳးစုံ အားေပးတဲ့ စိုင္းစိုင္းကေတာ့ တစ္ပုဒ္ဆိုတစ္ပုဒ္ ပရိသတ္ ပါးစပ္ဖ်ားမွာ ေရပန္းစားေအာင္ လုပ္ႏိုင္ေသာ အႏုပညာရွင္တစ္ဦးလို႔ ဆိုရမွာပါ။အမ်ိဳးသမီးပရိသတ္ေတြရဲ႕ အသည္းစြဲ အႏုပညာရွင္ျဖစ္တာေၾကာင့္ တခ်ိဳ႕ ေသာ အမ်ိဳးသားပရိသတ္ေတြရဲ႕ Troll ျခင္းခံရတာေတြေတာ့ရွိေပမယ့္ သူ႔ကို Troll တဲ့သူေတြကို ပညာသားပါပါ တုံ႔ျပန္ကာ ပရိသတ္ေတြကို အခ်စ္ကို ပိုမိုတိုးလာေအာင္ ျပဳလုပ္တတ္ပါေသးတယ္ေနာ္။

လက္ရွိမွာလည္း ပရိသတ္ေတြၾကားမွာ ဂယက္ထေနတဲ့ ကိစၥတစ္ခုကို စိုင္းစိုင္းကေတာ့ ေျဖရွင္းခဲ့တာပါေနာ္။ စိုင္းစိုင္း႐ိုက္တင္ခဲ့တဲ့ အလွပုံကပန္းစည္းနဲ႔ ပရိသတ္ေတြမ်ားစြာပိုင္ဆိုင္ထားတဲ့ ပြင့္လင္းလြန္းတဲ့ မင္းသမီးေလး ေနျခည္ဦးရဲ႕ My Day မွာတင္တဲ့ ပန္းစည္းပုံေလးနဲ႔တူေနတာေၾကာင့္ ပရိသတ္ေတြက ေမးခြန္းမ်ားစြာနဲ႔ ေဝဖန္မႈေတြျမင့္တက္လာတာပဲ ျဖစ္ပါတယ္။ေဝဖန္ခ်က္ေတြကို စိုင္းစိုင္းကေတာ့ ပရိသတ္ေတြသိေအာင္ ျပန္လည္ ေျဖရွင္းခဲ့ပါတယ္။

” ဝါက်ဆက္ပါ (၂)မွတ္ …ခရီးထြက္ရင္ ႀကိဳဆိုတဲ့သူေတြ တည္းခိုတဲ့ ဟိုတယ္ေတြက ပန္းစည္းလက္ေဆာင္ေပးတဲ့ အေလ့အထရွိတယ္ဆိုတာကိုလည္း ” ဆိုကာ သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေန ေဝဖန္သူေတြကိုျပန္လည္ေျဖရွင္းခဲ့ပါတယ္။ေဝဖန္မႈေတြကို ေတာ္ရုံမေျဖရွင္းတတ္တဲ့ စိုင္းစိုင္းကေတာ့ ဟိုတယ္ကေပးတဲ့ပန္းစည္းဆိုတာကို အတိအက်ေျဖရွင္းခဲ့တာပါ။CeleGabar ပရိသတ္ႀကီးလည္း ျဖစ္ရပ္အမွန္ကိုသိေအာင္ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Source: Sai Sai Kham Leng
Shwe Poe – CeleGabar

error: Content is protected !!