” ရိုလွန်းတယ်လို့ ပရိသတ်တွေကြား ရေပန်းစား မှတ်ချက်ပေးခံနေရတဲ့ အမျိုးသားအဆိုတော် (၃)ဦး “

(၁)ထွန်းထွန်း

ထွန်းထွန်းကတော့ အထူးမိတ်ဆက်ပေးစရာမလိုတဲ့ ပြည်သူချစ်အနုပညာရှင် အဆိုတော် သရုပ်ဆောင်အကယ်ဒမီမင်းသား တစ်လက်ပါနော်။ တစ်ခတ်တစ်ခါက မိန်းကလေးပရိသတ်တွေသာမက ယောကျာ်းလေးပရိသတ်တွေပါ အားပေးခြင်းခံခဲ့ရတဲ့ ယောကျာ်းလေးအဆိုတော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ” Example ” အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါသေးတယ်။သူ့ရဲ့ သီချင်းတွေကိုပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်ခဲ့တဲ့အပြင် သရုပ်ဆောင်ဘက်မှာလည်း ” အုတ်ကြားမြက်ပေါက် “ရုပ်ရှင်ကားနဲ့ အကယ်ဒမီဆုကို ဆွတ်ခူးခဲ့တာပဲ ဖြစ်ပါတယ်။လက်ရှိမှာ တော့ ထွန်းထွန်းရဲ့ အချစ်ရေးကတော့ ချစ်စရာကောင်းတဲ့ လေယာဉ်မယ်လေးလေးတစ်ဦးနဲ့ ချစ်သူတွေ ဖြစ်နေကာ ပရိသတ်တွေအံံ့သြစေခဲ့တာလို့တောင် ဆိုရမှာပါ။ လူပျိုကြီးတစ်ယောက် ချစ်သူရသွားချိန်မှာတော့ အလုပ်လုပ်တာတောင် ချစ်သူလေးကိုအချိန်တိုင်းလွမ်းနေတဲ့အကြောင်း My Day တွေမှာ တင်ခဲ့ပြီး ချစ်သူကိုလိပ်ပြာလေးနဲ့လည်းတင်စားခဲ့တာပြန်ပါသေးတယ်။ ထွန်းထွန်းရဲ့ လူမှုကွန်ရက်စာမျက်နှာ My Day မှာ ရိုမန့်တစ် Surprise ပန်းစည်းလေးနဲ့အတူ သူ့ရဲ့ ချစ်သူပုံလေးတွေအပြင် ရိုမတ်တစ်ဆန်တဲ့ တင်စားချက်လေးတွေောကာင့် ပရိသတ်တွေကြား ရေပန်းစားအပြောများနေတာလို့ ဆိုရမှာပါ။

(၂) နေဝင်း

နေဝင်းကတော့ ပရိသတ်တွေကိုအထူးမိတ်ဆက်ပေးစရာမလိုတဲ့ Snare အဖွဲ့ဆိုပြီးနာမည်ကြီးလာတဲ့ တစ်နိုင်ငံလုံးက သိကြတဲ့ အဖွဲ့ဝင် အဆိုတော်တစ်ဦးပါပဲ။ နေဝင်းကကတော့ Underground ကနေ အင်တိုက်အားတိုက်ကြိုးစားကာ အောင်မြင်လာတဲ့ အဆိုတော်တစ်ဦးလို့ ဆိုရမှာပါ။ပရိသတ်တွေကို ဂျင်းမထည့်ဘဲ တကယ့် အနုပညာအစစ်တွေသာချပြတတ်တဲ့အဆိုတော်တစ်ယောက်ဆိုပြီး အမျိုးသားပရိသတ်တွေကြားမှာ ရေပန်းစားသူလည်း ဖြစ်ပါတယ်။နေဝင်းရဲ့အချစ်ရေးကတော့ ပရိသတ်တွေသိပြီးသားဖြစ်တဲ့ စိတ်ထားလေးလှတဲ့ ခရီးသွားဘလော့ခ်ကာ လေးတစ်ဦးပါနော်။ချစ်သူသက်တမ်း (၉)နှစ်ကျော်လာခဲ့ပြီဖြစ်ပြီး နေဝင်းရဲ့ လူမ့ကွန်ရက်စာမျက်နှာမှာ တင်တဲ့Post လေးတွေကြောင့် ပရိသတ်တွေက ချစ်သူကိုဂရုစိုက်တတ်လွန်းတယ်လို့ဆိုကာ ရေပန်းစားနေကြတဲ့အပြင် နေဝင်းလိုဂရုစိုက်ပြီး ရိုမန့်တစ်ဆန်လွန်းတဲ့ ချစ်သူမျိုးကို Pre Order တောင်မှာလို့ရရင် လိုချင်ကြောင်း တင်စားပြောဆိုနေကြတာပဲ ဖြစ်ပါတယ်။

(၃) ရွှေထူး

ရွှေထူးကတော့ သီချင်းတွေကို ခံစားချက် အပြည့်နဲ့ရေးစပ် သီဆိုလေ့ရှိတဲ့ နိုင်ငံကျော် လူငယ်အဆိုတော်တစ်ဦးပါ။နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်အားပေးခြင်းကို သာမက ယောက်ျားလေး ပရိသတ်တွေရဲ့ အပြည့် အဝ အားပေးဝန်းရံမှုကို ရရှိထားတဲ့ အဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်။လက်ရှိမှာဆိုရင်လည်း ရွှေထူးဟာ အဆိုတော်တစ်ယောက်အပြင် သရုပ်ဆောင် တစ်ယောက်အနေနဲ့လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေကို ပါဝင်ရိုက်ကူးနေပြီး သူ့ရဲ့ သရုပ်ဆောင်မှုတွေကလည်း ပရိသတ်တွေသဘောကျနှစ်သက်မှုကို ရရှိထားတဲ့ အထိပါပဲနော်။ရွှေထူးကတော့ နိုင်ငံကျော်မင်းသမီး ရွှေမှုံရတီနဲ့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတာပါ။အိမ်ထောင်သည်ဖြစ်သွားပေမယ့်လည်း ဇနီးသည်အပေါ် ချစ်စခင်စကအတိုင်း ဆိုးသမျှသည်းခံကာ စိတ်ဆိုးပြေဖို့အတွက်လည်း ရိုလွန်းတဲ့ ချော့နည်းတွေနဲ့ ချော့တတ်တာကြောင့် ပရိသတ်တွေပါးစပ်ဖျားမှာ ရိုလွန်းတဲ့ ရွှေနှစ်ရွှေစုံတွဲ ဆိုပြီး တင်စားခေါ်ဝေါ်လေ့ရှိကြတာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရော ရိုလွန်းတဲ့ စုံတွဲတွေထဲက ဘယ်လိုစုံတွဲမျိုးကို လိုချင်တယ်ဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။

Shwe Poe – CeleGabar
ဇော်ဂျီဗားရှင်း

” ႐ိုလြန္းတယ္လို႔ ပရိသတ္ေတြၾကား ေရပန္းစား မွတ္ခ်က္ေပးခံေနရတဲ့ အမ်ိဳးသားအဆိုေတာ္ (၃)ဦး ”

(၁)ထြန္းထြန္း

ထြန္းထြန္းကေတာ့ အထူးမိတ္ဆက္ေပးစရာမလိုတဲ့ ျပည္သူခ်စ္အႏုပညာရွင္ အဆိုေတာ္ သ႐ုပ္ေဆာင္အကယ္ဒမီမင္းသား တစ္လက္ပါေနာ္။ တစ္ခတ္တစ္ခါက မိန္းကေလးပရိသတ္ေတြသာမက ေယာက်ာ္းေလးပရိသတ္ေတြပါ အားေပးျခင္းခံခဲ့ရတဲ့ ေယာက်ာ္းေလးအဆိုေတာ္အဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ ” Example ” အဖြဲ႕ဝင္တစ္ေယာက္လည္း ျဖစ္ပါေသးတယ္။သူ႔ရဲ႕ သီခ်င္းေတြကိုပရိသတ္ေတြၾကားမွာ ေရပန္းစားေအာင္ျမင္ခဲ့တဲ့အျပင္ သ႐ုပ္ေဆာင္ဘက္မွာလည္း ” အုတ္ၾကားျမက္ေပါက္ “႐ုပ္ရွင္ကားနဲ႔ အကယ္ဒမီဆုကို ဆြတ္ခူးခဲ့တာပဲ ျဖစ္ပါတယ္။လက္ရွိမွာ ေတာ့ ထြန္းထြန္းရဲ႕ အခ်စ္ေရးကေတာ့ ခ်စ္စရာေကာင္းတဲ့ ေလယာဥ္မယ္ေလးေလးတစ္ဦးနဲ႕ ခ်စ္သူေတြ ျဖစ္ေနကာ ပရိသတ္ေတြအံံ့ၾသေစခဲ့တာလို႕ေတာင္ ဆိုရမွာပါ။ လူပ်ိဳႀကီးတစ္ေယာက္ ခ်စ္သူရသြားခ်ိန္မွာေတာ့ အလုပ္လုပ္တာေတာင္ ခ်စ္သူေလးကိုအခ်ိန္တိုင္းလြမ္းေနတဲ့အေၾကာင္း My Day ေတြမွာ တင္ခဲ့ၿပီး ခ်စ္သူကိုလိပ္ျပာေလးနဲ႕လည္းတင္စားခဲ့တာျပန္ပါေသးတယ္။ ထြန္းထြန္းရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာ My Day မွာ ႐ိုမန႔္တစ္ Surprise ပန္းစည္းေလးနဲ႔အတူ သူ႔ရဲ႕ ခ်စ္သူပုံေလးေတြအျပင္ ရုိမတ္တစ္ဆန္တဲ့ တင္စားခ်က္ေလးေတြောကာင့္ ပရိသတ္ေတြၾကား ေရပန္းစားအေျပာမ်ားေနတာလို႕ ဆိုရမွာပါ။

(၂) ေနဝင္း

ေနဝင္းကေတာ့ ပရိသတ္ေတြကိုအထူးမိတ္ဆက္ေပးစရာမလိုတဲ့ Snare အဖြဲ႕ဆိုၿပီးနာမည္ႀကီးလာတဲ့ တစ္ႏိုင္ငံလုံးက သိၾကတဲ့ အဖြဲ႕ဝင္ အဆိုေတာ္တစ္ဦးပါပဲ။ ေနဝင္းကကေတာ့ Underground ကေန အင္တိုက္အားတိုက္ႀကိဳးစားကာ ေအာင္ျမင္လာတဲ့ အဆိုေတာ္တစ္ဦးလို႔ ဆိုရမွာပါ။ပရိသတ္ေတြကို ဂ်င္းမထည့္ဘဲ တကယ့္ အႏုပညာအစစ္ေတြသာခ်ျပတတ္တဲ့အဆိုေတာ္တစ္ေယာက္ဆိုၿပီး အမ်ိဳးသားပရိသတ္ေတြၾကားမွာ ေရပန္းစားသူလည္း ျဖစ္ပါတယ္။ေနဝင္းရဲ႕အခ်စ္ေရးကေတာ့ ပရိသတ္ေတြသိၿပီးသားျဖစ္တဲ့ စိတ္ထားေလးလွတဲ့ ခရီးသြားဘေလာ့ခ္ကာ ေလးတစ္ဦးပါေနာ္။ခ်စ္သူသက္တမ္း (၉)ႏွစ္ေက်ာ္လာခဲ့ၿပီျဖစ္ၿပီး ေနဝင္းရဲ႕ လူမ႕ကြန္ရက္စာမ်က္နွာမွာ တင္တဲ့Post ေလးေတြေၾကာင့္ ပရိသတ္ေတြက ခ်စ္သူကိုဂရုစိုက္တတ္လြန္းတယ္လို႕ဆိုကာ ေရပန္းစားေနၾကတဲ့အျပင္ ေနဝင္းလိုဂရုစိုက္ၿပီး ရုိမန္႕တစ္ဆန္လြန္းတဲ့ ခ်စ္သူမ်ိဳးကို Pre Order ေတာင္မွာလို႕ရရင္ လိုခ်င္ေၾကာင္း တင္စားေျပာဆိုေနၾကတာပဲ ျဖစ္ပါတယ္။

(၃) ေရႊထူး

ေ႐ႊထူးကေတာ့ သီခ်င္းေတြကို ခံစားခ်က္ အျပည့္နဲ႔ေရးစပ္ သီဆိုေလ့ရွိတဲ့ ႏိုင္ငံေက်ာ္ လူငယ္အဆိုေတာ္တစ္ဦးပါ။ႏႈတ္ခမ္းနီမေလးေတြရဲ႕ သည္းသည္းလႈပ္အားေပးျခင္းကို သာမက ေယာက္်ားေလး ပရိသတ္ေတြရဲ႕ အျပည့္ အဝ အားေပးဝန္းရံမႈကို ရရွိထားတဲ့ အဆိုေတာ္တစ္ေယာက္လည္းျဖစ္ပါတယ္။လက္ရွိမွာဆိုရင္လည္း ေ႐ႊထူးဟာ အဆိုေတာ္တစ္ေယာက္အျပင္ သ႐ုပ္ေဆာင္ တစ္ေယာက္အေနနဲ႔လည္း ႐ုပ္ရွင္ဇာတ္ကားႀကီးေတြကို ပါဝင္႐ိုက္ကူးေနၿပီး သူ႔ရဲ႕ သ႐ုပ္ေဆာင္မႈေတြကလည္း ပရိသတ္ေတြသေဘာက်ႏွစ္သက္မႈကို ရရွိထားတဲ့ အထိပါပဲေနာ္။ေရႊထူးကေတာ့ ႏုိင္ငံေက်ာ္မင္းသမီး ေရႊမံႈရတီနဲ႕ သာယာေပ်ာ္ရႊင္တဲ့ အိမ္ေထာင္ေရးကိုပိုင္ဆိုင္ထားတာပါ။အိမ္ေထာင္သည္ျဖစ္သြားေပမယ့္လည္း ဇနီးသည္အေပၚ ခ်စ္စခင္စကအတိုင္း ဆိုးသမွ်သည္းခံကာ စိတ္ဆိုးေျပဖို႕အတြက္လည္း ရုိလြန္းတဲ့ ေခ်ာ့နည္းေတြနဲ႕ ေခ်ာ့တတ္တာေၾကာင့္ ပရိသတ္ေတြပါးစပ္ဖ်ားမွာ ရုိလြန္းတဲ့ ေရႊႏွစ္ေရႊစံုတြဲ ဆိုၿပီး တင္စားေခၚေဝၚေလ့ရွိၾကတာပဲ ျဖစ္ပါတယ္။CeleGabar ပရိသတ္ႀကီးေရာ ရုိလြန္းတဲ့ စံုတြဲေတြထဲက ဘယ္လိုစံုတြဲမ်ိဳးကို လိုခ်င္တယ္ဆိုတာ မွတ္ခ်က္ေပးခဲ့ပါဦးေနာ္။

Shwe Poe – CeleGabar

error: Content is protected !!