” အံံ့သြလောက်စရာ ငွေအပုံလိုက်ကြီးနဲ့ အဘွားကို သီတင်းကျွတ်ကန်တော့ခဲ့တဲ့ ဇေရဲထက် “

အခုဆိုရင် သီတင်းကျွတ်ရာသီအခါသမယကို ရောက်ရှိလာပါပြီနော်။ မြန်မာတို့ရဲ့ ဓလေ့ထုံးစံအတိုင်း အသက်အရွယ်ကြီးရင့်တဲ့သူတွေကို အသက်ငယ်သူတွေက သီတင်းကျွတ်အခါသမယမှာ သွားရောက်ကန်တော့ကြတဲ့ အလေ့အထလေးကတော့ တခြားသော နိုင်ငံရပ်ခြားတွေမှာ မတွေ့ရတဲ့ ယဉ်ကျေးမှုအလေ့အထလေးပါပဲနော်။လူငယ်တွေက လူကြီးမိဘတွေကို ကန်တော့ကြတဲ့အထဲမှာ ပြည်သူချစ်အနုပညာရှင် ဇေရဲထက်လည်းအပါအဝင်ပါပဲနော်။

ဇေရဲထက်ကတော့ အနုပညာအလုပ်တွေကိုအားကြိုးမာန်တပ်ဆောင်ရွက်လေ့ရှိတဲ့ မင်းသားတစ်ဦးဖြစ်တဲ့အပြင် လူကြီးမိဘတွေကိုလည်း ရိုသေကိုင်ရိုင်းတတ်တဲ့မင်းသားတစ်ဦးပဲ ဖြစ်ပါတယ်။တစ်နှစ်ပတ်လုံးစုဆောင်းခဲ့တဲ့ အနုပညာကြေးတွေအကုန်လုံးကို အဘွားအတွက် သီတင်းကျွတ်ကန်တော့ ခဲ့တယ်လို့သိရပါတယ်။ကန်တော့ခဲ့တဲ့ ငွေပမာဏကတော့ အံံ့သြလောက်တဲ့ ငွေပမာဏ ဖြစ်တာကြောင့် ပရိသတ်တွေလည်း အံ့အားသင့်ခဲ့တာ ဖြစ်ပါတယ်။

” သီတင်းကျွတ်အခါမှာ တစ်နှစ်ပတ်လည်လုံးစုဆောင်းသမျှငွေလေးနဲ့ အဘွားအားကန်တော့ ….အဘွားကျန်းမာပါစေ…အစာလေးတော့ရှောင်ပေါ့ ” ဆိုကာ ကန်တော့ခဲ့တဲ့ ငွေပုံကြီးနဲ့ အတူ အမှတ်တရပုံရိပ်လေးတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း ဇေရဲထက်ရဲ့ သီတင်းကျွတ်ကုသိုလ်လေးကို သာဓုခေါ်ခဲ့ပါဦးနော်။

Source : Zay Ye Htet
Shwe Poe – CeleGabar
ဇော်ဂျီဗားရှင်း

” အံံ့ၾသေလာက္စရာ ေငြအပံုလိုက္ႀကီးနဲ႕ အဘြားကို သီတင္းကၽြတ္ကန္ေတာ့ခဲ့တဲ့ ေဇရဲထက္ ”

အခုဆိုရင္ သီတင္းကြၽတ္ရာသီအခါသမယကို ေရာက္ရွိလာပါၿပီေနာ္။ ျမန္မာတို႔ရဲ႕ ဓေလ့ထုံးစံအတိုင္း အသက္အ႐ြယ္ႀကီးရင့္တဲ့သူေတြကို အသက္ငယ္သူေတြက သီတင္းကြၽတ္အခါသမယမွာ သြားေရာက္ကန္ေတာ့ၾကတဲ့ အေလ့အထေလးကေတာ့ တျခားေသာ ႏိုင္ငံရပ္ျခားေတြမွာ မေတြ႕ရတဲ့ ယဥ္ေက်းမႈအေလ့အထေလးပါပဲေနာ္။လူငယ္ေတြက လူႀကီးမိဘေတြကို ကန္ေတာ့ၾကတဲ့အထဲမွာ ျပည္သူခ်စ္အနုပညာရွင္ ေဇရဲထက္လည္းအပါအဝင္ပါပဲေနာ္။

ေဇရဲထက္ကေတာ့ အႏုပညာအလုပ္ေတြကိုအားႀကိ္ဳးမာန္တပ္ေဆာင္ရြက္ေလ့ရွိတဲ့ မင္းသားတစ္ဦးျဖစ္တဲ့အျပင္ လူႀကီးမိဘေတြကိုလည္း ရုိေသကိုင္ရုိင္းတတ္တဲ့မင္းသားတစ္ဦးပဲ ျဖစ္ပါတယ္။တစ္ႏွစ္ပတ္လံုးစုေဆာင္းခဲ့တဲ့ အႏုပညာေၾကးေတြအကုန္လံုးကို အဘြားအတြက္ သီတင္းကၽြတ္ကန္ေတာ့ ခဲ့တယ္လို႕သိရပါတယ္။ကန္ေတာ့ခဲ့တဲ့ ေငြပမာဏကေတာ့ အံံ့ၾသေလာက္တဲ့ ေငြပမာဏ ျဖစ္တာေၾကာင့္ ပရိသတ္ေတြလည္း အံ ့အားသင့္ခဲ့တာ ျဖစ္ပါတယ္။

” သီတင္းကၽြတ္အခါမွာ တစ္ႏွစ္ပတ္လည္လုံးစုေဆာင္းသမွ်ေငြေလးနဲ႔ အဘြားအားကန္ေတာ့ ….အဘြားက်န္းမာပါေစ…အစာေလးေတာ့ေရွာင္ေပါ့ ” ဆိုကာ ကန္ေတာ့ခဲ့တဲ့ ေငြပံုႀကီးနဲ႕ အတူ အမွတ္တရပံုရိပ္ေလးေတြကို သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာ ေဝမွ်ခဲ့တာပဲ ျဖစ္ပါတယ္။CeleGabar ပရိသတ္ႀကီးလည္း ေဇရဲထက္ရဲ႕ သီတင္းကၽြတ္ကုသိုလ္ေလးကို သာဓုေခၚခဲ့ပါဦးေနာ္။

Source : Zay Ye Htet
Shwe Poe – CeleGabar
ေဇာ္ဂ်ီဗားရွင္း

error: Content is protected !!