နာမည်ကြီးကိုရီးယားအလှကုန်အမှတ်တံဆိပ်ရဲ့ဖိတ်ခေါ်မှုနဲ့အတူ အိုပါးတို့မြေမှာပျော်ရွှင်စွာလည်ပတ်နေတဲ့ ချီချီ

နေခြည်ဦးလို့လူသိများသလို ချီချီဆိုတဲ့ချစ်စနိုးနာမည်နဲ့မိန်းကလေးကတော့ Beauty blogger တစ်ယောက်အဖြစ်ကနေ သရုပ်ဆောင်မင်းသမီးလေးအဖြစ်ခြေလှမ်းတွေသွက်နေခဲ့ပါပြီ။ချီချီဟာမိန်းကလေးပရိသတ်အခိုင်အမာရှိတဲ့ ဆယ်လီဘရစ်တီတစ်ဦးပါ။ပရိသတ်တွေရဲ့အားပေးမှုနဲ့အတူအချိန်တိုတိုအတွင်းမှာ ရုပ်ရှင်ကားတွေဆက်တိုက်ဆိုသလိုရိုက်လာရပါပြီ။


မကြာခင်ပြသတော့မဲ့ “အခမ်းနားဆုံးမေတ္တာ” ဆိုတဲ့ ဇာတ်ကားမှာလူစိတ်ဝင်စားမှုများနေသလို Beauty blogger တစ်ယောက်အနေနဲ့လည်းအလုပ်တွေမလစ်ဟင်းရအောင်ကြိုးစားနေသူလေးပါ။မကြာသေးခင်ကလည်း Paris Fashion Week ကိုတက်ရောက်ခဲ့ပြီး နောက်ထပ်ရိုက်ကူးမယ့်ဇာတ်လမ်းတွေအတွက်လည်း အလုပ်ရှုပ်နေတဲ့မင်းသမီးလေးလည်းဖြစ်နေပါတယ်။အခုရက်ပိုင်းတော့ တောင်ကိုရီးယားရဲ့နာမည်ကြီးအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Stylenanda ရဲ့ဖိတ်ကြားမှုနဲ့ဆိုလ်းကိုရောက်ရှိနေခဲ့ပါပြီ။


မအားလပ်နိုင်အောင်အလုပ်ရှုပ်နေပေမဲ့ ချီချီတစ်ယောက်ကတော့ ဓာတ်ပုံလှလှလေးတွေကို ပရိသတ်ကိုပြန်လည်မျှဝေဖို့မမေ့သူလေးပါ။အခုလိုသီတင်းကျွတ်ပိတ်ရက်လေးမှာ အိုပါးတို့ရှိရာကင်ချီမြေမှာ အလုပ်အတွက်သွားရင်းအလည်အပတ်ထွက်နေခဲ့ပါပြီ။ပရိသတ်ကြီးကိုလည်း သာယာတဲ့သီတင်းကျွတ်ပိတ်ရက်လေးဖြစ်ဖို့ဆုတောင်းပေးထားပါသေးတယ်…။
Source : beautybynaychi,NayChiOo
Sweet – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

နာမည္ႀကီးကိုရီးယားအလွကုန္အမွတ္တံဆိပ္ရဲ႕ဖိတ္ေခၚမႈနဲ႔အတူ အိုပါးတို႔ေျမမွာေပ်ာ္႐ႊင္စြာလည္ပတ္ေနတဲ့ ခ်ီခ်ီ

ေနျခည္ဦးလို႔လူသိမ်ားသလို ခ်ီခ်ီဆိုတဲ့ခ်စ္စႏိုးနာမည္နဲ႔မိန္းကေလးကေတာ့ Beauty blogger တစ္ေယာက္အျဖစ္ကေန သ႐ုပ္ေဆာင္မင္းသမီးေလးအျဖစ္ေျခလွမ္းေတြသြက္ေနခဲ့ပါၿပီ။ခ်ီခ်ီဟာမိန္းကေလးပရိသတ္အခိုင္အမာရွိတဲ့ ဆယ္လီဘရစ္တီတစ္ဦးပါ။ပရိသတ္ေတြရဲ႕အားေပးမႈနဲ႔အတူအခ်ိန္တိုတိုအတြင္းမွာ ႐ုပ္ရွင္ကားေတြဆက္တိုက္ဆိုသလို႐ိုက္လာရပါၿပီ။


မၾကာခင္ျပသေတာ့မဲ့ “အခမ္းနားဆုံးေမတၱာ” ဆိုတဲ့ ဇာတ္ကားမွာလူစိတ္ဝင္စားမႈမ်ားေနသလို Beauty blogger တစ္ေယာက္အေနနဲ႔လည္းအလုပ္ေတြမလစ္ဟင္းရေအာင္ႀကိဳးစားေနသူေလးပါ။မၾကာေသးခင္ကလည္း Paris Fashion Week ကိုတက္ေရာက္ခဲ့ၿပီး ေနာက္ထပ္႐ိုက္ကူးမယ့္ဇာတ္လမ္းေတြအတြက္လည္း အလုပ္ရႈပ္ေနတဲ့မင္းသမီးေလးလည္းျဖစ္ေနပါတယ္။အခုရက္ပိုင္းေတာ့ ေတာင္ကိုရီးယားရဲ႕နာမည္ႀကီးအမွတ္တံဆိပ္တစ္ခုျဖစ္တဲ့ Stylenanda ရဲ႕ဖိတ္ၾကားမႈနဲ႔ဆိုလ္းကိုေရာက္ရွိေနခဲ့ပါၿပီ။


မအားလပ္ႏိုင္ေအာင္အလုပ္ရႈပ္ေနေပမဲ့ ခ်ီခ်ီတစ္ေယာက္ကေတာ့ ဓာတ္ပုံလွလွေလးေတြကို ပရိသတ္ကိုျပန္လည္မွ်ေဝဖို႔မေမ့သူေလးပါ။အခုလိုသီတင္းကြၽတ္ပိတ္ရက္ေလးမွာ အိုပါးတို႔ရွိရာကင္ခ်ီေျမမွာ အလုပ္အတြက္သြားရင္းအလည္အပတ္ထြက္ေနခဲ့ပါၿပီ။ပရိသတ္ႀကီးကိုလည္း သာယာတဲ့သီတင္းကြၽတ္ပိတ္ရက္ေလးျဖစ္ဖို႔ဆုေတာင္းေပးထားပါေသးတယ္…။
Source : beautybynaychi,NayChiOo
Sweet – CeleGabar

error: Content is protected !!