အာသွက် လျှာသွက်လေးနဲ့ နိဗ္ဗာန်ဈေးရောင်းနေတဲ့ ကိကိလေးရဲ့ချစ်စရာ ဗီဒီယိုသစ်လေး

ချစ်စရာကောင်းပြီး စကားအရမ်းတတ်လွန်းသူလေးမို့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ နာမည်ကြီးနေတဲ့ ဈေးသည်မလေး ကိကိကို ပရိသတ်တွေ သိကြမယ်လို့ ထင်ပါတယ်။ မျက်မှန်အဖြူအဝိုင်းလေးကို အမြဲတတ်ပြီး ဝဝကစ်ကစ်လုံးလုံးလေးမို့ ပရိသတ်တွေရဲ့ အချစ်တွေကို များစွာပိုင်ဆိုင်ထားတဲ့ ကလေးလေး တစ်ယောက်ဖြစ်ပါတယ်။

လက်ရှိမှာဆိုရင် ကိကိလေးက ပရိသတ်တွေကြားမှာသာမက အနုပညာရှင်တွေကြားမှာပါ အရမ်းကို ရေပန်းစားနေပြီဖြစ်ပြီး ချစ်စရာကောင်းတဲ့ ကိကိလေးရဲ့ ဗီဒီယိုလေးတွေကို ပရိသတ်တွေအတွက် ကိကိလေး မေမေက အမြဲ တင်ပေးလျက်ရှိပါတယ်။ အမကလဲနော် ဆိုတဲ့ စကားလေးနဲ့ အရမ်းကို ချစ်စရာကောင်းတဲ့ ကိကိလေးရဲ့ သီတင်းကျွန်ခါတော်မီ ဗီဒီယိုသစ်လေးကို ထပ်မံတင်ထားတာကိုလည်း တွေ့မြင်ရမှာပါ။

 

အခုလည်း မေမေက ကိကိလေးဖွင့်ထားတဲ့ နိဗ္ဗာန် ဈေးဆိုင်လေးမှာ ဈေးရောင်းနေတဲ့ ကိကိလေးကို ဗီဒီယိုရိုက်ထားတာဖြစ်ပါတယ်။ တနေ့တမျိုး မရိုးရအောင် မျိုးစုံကစားတတ်ပြီး စကားသွက်သွက်နဲ့ ပြန်ပြောတတ်တဲ့ ကိကိလေးရဲ့ ပုံလေးက ပရိသတ်တွေကြားမှာ တော့ အချစ်ပိုချင်စရာပါ။ ဒီတော့ ကိကိလေးရဲ့ နိဗ္ဗာန်ဈေးလေးကို ကြည့်ပြီး ပရိသတ်တွေအားပေးလိုက်ကြပါအုံးနော်။

Source:Ki Ki

NORA:CeleGabar

(Zawgyi ဖြင့်ဖတ်ရန်)





error: Content is protected !!