ထိုင်းမလေးနဲ့တူလွန်းလို့ မြန်မာပရိသတ်တွေတောင် မမှတ်မိနိုင်လောက်အောင်ဖြစ်ခဲ့ရတဲ့ ပက်ထရစ်ရှာရဲ့အလှတရား

နိုင်ငံခြားမင်းသမီးလေးလိုအပြင်အဆင်နဲ့ အရမ်းကိုလှလွန်းတဲ့ ရှာရှာကတော့ ရွှေတိဂုံဘုရားကို ဘုရားဖူးသွားရောက်စဉ်မှာပဲ ပရိသတ်တွေက ဓာတ်ပုံအတူရိုက်ကူးနေတဲ့ကြားကနေ မြန်မာမိန်းကလေးတစ်ဦးက သူမနဲ့အတူဓာတ်ပုံတွဲရိုက်ပြီး ကျေးဇူးတင် စကားကို ထိုင်းလိုပြောသွားတာနဲ့ပက်သက်ပြီး သူမက သဘောတကျနဲ့ ပရိသတ်တွေကိုပြန်လည်ပြောပြခဲ့တာ ပဲဖြစ်ပါတယ်။

တကယ်ကိုထိုင်းမင်းသမီးနဲ့တူလွန်းသူလေးပါပဲ။ အနုပညာလောကထဲကို အသက်ဆယ့်လေးနှစ် အရွယ်ထဲက စဝင်လာခဲ့ပြီး ယနေ့ထက်တိုင် ပရိသတ်အားပေးမှုကို အပြည့်အဝရရှိခဲ့သူတစ်ယောက် လည်းဖြစ်ပါတယ်။ အမြဲတမ်းပြုံးနေတတ်ပြီး ဖော်ရွေကာ အလှူအတန်းဆိုလည်း ကိုယ်တတ်နိုင်သလောက် အမြဲတမ်းထောက်ပံ့တဲ့သူမကို ပရိသတ်တွေကလည်း အရမ်းကိုချစ်ခင် အားပေးခဲ့ကြပါတယ်။

သူမရဲ့အတွေ့အကြုံလေးကို ” ညကရွှေတိဂုံဘုရားသွားတော့ ပရိသတ်တွေရှာရှာနဲ့ဓာတ်ပုံတွဲရိုက် ကြတယ် အဆန်းကြီးတစ်ခုပြော ပြမယ် မိန်းကလေးတစ်ယောက်ကရှာရှာနဲ့ selfie ရိုက်ပြီးသွားတော့ Myanmar လို “ကျေးဇူးတင်ပါတယ်” လို့မပြောပဲ Thai လို “ခပွန်ခ” လို့ပြောပြီးလှည့်ထွက်သွားတယ် ဘာလား?! ကိုယ်တောင်ကြောင်တောင်တောင်နဲ့ကျန်ခဲ့တယ် ” ဆိုပြီး ပြောပြထားတာပဲ ဖြစ်ပါတယ်။

Photo – Sue Sha Naing
Happy – Cele Gabar

(ဇော်ဂျီဖြင့်ဖတ်ရန်)

” ထိုင်းမလေးနဲ့တူလွန်းလို့ မြန်မာအချင်းချင်းတောင် မမှတ်မိနိုင်လောက်အောင်ဖြစ်ခဲ့ရတဲ့ ပက်ထရစ်ရှာရဲ့အလှတရား ”




Photo – Sue Sha Naing
Happy – Cele Gabar

error: Content is protected !!