” အမျိုးသမီး ပရိသတ်တွေ အဝန်းရံဆုံး ထိပ်တန်း အမျိုးသားအနုပညာရှင် (၃) ဦး”

မြန်မာပရိသတ်တွေကြားမှာ ရေပန်းစားနာမည်ကြီးနေတဲ့ အမျိုးသားဆယ်လီတွေများစွာရှိပါတယ်။ နာမည်ကြီးဆယ်လီတွေထဲကမှ မြန်မာအမျိုးသမီးများ အသက်အရွယ်မျိုးစုံ သည်းသည်းလှုပ်အားပေး ဝန်းရံကြတဲ့ ထိပ်တန်းအမျိုးသားအနုပညာရှင်သုံးယောက်ကို ဖော်ပြပေးလိုက်ပါတယ်။ သူတို့ကတော့ စိုင်းစိုင်းခမ်းလှိုင် ၊ နေတိုး ၊ ဒေါင်းတို့ပဲ ဖြစ်ပြီး ဖော်ပြပေးလိုက်တဲ့ အမျိုးသားအနုပညာရှင် တွေထဲက တစ်ယောက်ကိုတော့ CeleGabar ပရိသတ်ကြီး နှစ်သက်အားပေးဝန်းရံမယ်လို့ ထင်ပါတယ်နော်။ ဖော်ပြပေးလိုက်တဲ့ အမျိုးသားဆယ်လီတွေထဲက မဟုတ်ဘဲ ကိုယ်အနှစ်သက်ဆုံးအမျိုးသားအနုပညာရှင်တွေရှိရင်လည်း မှတ်ချက်ပေးခဲ့ပါဦးနော်။

(၁) စိုင်းစိုင်းခမ်းလှိုင်
စိုင်းစိုင်းခမ်းလှိုင်ဟာဆိုရင် ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေသာမက အသက်အရွယ်မျိုးစုံ က သည်းသည်းလှုပ်အားပေးရတဲ့ အမျိုးသားအနုပညာရှင်တစ်ဦးပါပဲနော်။ အောင်မြင်မှုကို ကြာရှည်စွာထိန်းထားနိုင်တဲ့ ထိပ်တန်းရှားရှားပါးပါးအနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေ အရွယ်မျိုးစုံ အားပေးတဲ့ စိုင်းစိုင်းကတော့ တစ်ပုဒ်ဆိုတစ်ပုဒ် ပရိသတ် ပါးစပ်ဖျားမှာ ရေပန်းစားအောင် လုပ်နိုင်သော အဆိုတော်တစ်ဦးလို့တောင် တင်စားရမှာပါ။ သူဘာလုပ်လုပ် အပြည့်အ၀ ထောက်ခံအားပေးရလောက်အောင်အမာခံပရိသတ်တွေတွရှိတယ်ဆိုတာလည်း အမှန်ပါပဲနော်။ နှစ်တိုင်း ဧပြီ ( ၁၀ ) ရက်နေ့ဟာ စိုင်းစိုင်း မွေးနေ့ ဖြစ်ပြီး နှစ်တိုင်း သူ့မွေးနေ့ မှာကျင်းပလေ့ ရှိတဲ့စိုင်းစိုင်း Birthday Show ဟာလည်း ပရိသတ်တွေ ကြောက်ခမန်းလိလိ ကွင်းလုံးပြည့်အားပေးကြမ်းတာ အမှန်ပါပဲ။ အမျိုးသမီးပရိသတ်တွေရဲ့ အသည်းစွဲ အနုပညာရှင်ဖြစ်တာကြောင့်လည်း တချို့ သော အမျိုးသားပရိသတ်တွေရဲ့ Troll ခြင်းကို ခံရတာတွေရှေိတယ်လို့ ဆိုရမှာပါ။ စိုင်းစိုင်းကို အားပေးတဲ့ ပရိသတ် ဘယ်လောက် များလဲ ဆို ရင် နှစ်စဉ်နှစ်တိုင်း သူ့ရဲ့ မွေးနေ့ Show ကိုလာတဲ့ ပရိသတ် အရေ အတွက်ကို ကြည့်ရင်သိနိုင်ပါတယ်။အမျိုး သမီး ပရိသတ် အခိုင်အမာရှိထားသူမို့ အနုပညာ အလုပ်တင်မကပဲ SAI Cosmetix ဆိုပြီး စီးပွားရေးလုပ်ငန်း လုပ်ပြန်တော့လည်း အရမ်းကို အားပေးကြတာတွေ့ရပါတယ်။ဆယ်စုနှစ်တစ်ခုတိုင် ပရိသတ်အားပေးမှုကို ယနေ့ချိန်ထိ ထိန်းထားနိုင်တဲ့ အံံအားသင့်စရာ အနုပညာရှင်တစ်ဦးပါပဲနော်။

(၂) နေတိုး

နေတိုး ကတော့ ရခိုင်တိုင်းရင်းသား လေး ဖြစ်ပြီး ဘက်စုံတော်တဲ့အနုပညာရှင်တစ်ဦးဖြစ်တယ်လို့ တောင် ပရိသတ်တွေကောက်ချက်ချခံထား ရသူတစ်ဦးပါ။ အေးဆေးရိုးသားစွာ နေတတ်တဲ့ ပုံစံက မိန်းကလေးတွေ လိုချင်တဲ့ စိတ်ကူးထဲက ဘဝလက်တွဲဖော် ပုံစံမျိုးပါ။တည်ငြိမ်အေးဆေးပြီး ယောကျာ်းပီသတဲ့အပြုံး ခန့်ညားတဲ့သွင်ပြင်တွေကြောင့် အမျိုးသမီးပရိသတ်တွေရဲ့ အသည်းကျော်ဖြစ်နေရတာပဲ ဖြစ်ပါတယ်။ ။အေးအေးဆေးေ ဆးပဲ နေတတ် သလို မိန်းကလေးပရိသတ်တွေ ရင်ခုန်သွားအောင် အပြောလေးတွေ၊အမူအရာလေးတွေ လုပ်လေ့မရှိပေမယ့်လည်း နေတိုး ကို ကြိတ်ကြွေနေတဲ့ မိန်းကလေးပရိသတ်ကတော့ အများကြီးပါပဲနော်။အသံလည်းကောင်းပြီး အဆိုပိုင်းမှာလည်းပရိသတ်တွေက သူဆိုတဲ့သီချင်းတွေကို လက်ခံအားပေးကြတာပဲ ဖြစ်ပါတယ်။ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်ချက်တွေကြောင့် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ကို (၃) ဆုရရှိထားတာ ဖြစ်ပြီး အောင်မြင်တဲ့ ထိပ်တန်းမင်းသားတစ်ဦးပဲ ဖြစ်ပါတယ်။

(၃) ဒေါင်း

ဒေါင်းကတော့ ” ပုဂံမြို့သူ ” ဇာတ်လမ်းတွဲ မှာ မောင်မောင်ကြီး ကာရိုက်တာနဲ့ ပရိသတ်တွေရင်ထဲရောက်ခဲ့သူပဲ ဖြစ်ပြီး ” Star Awards Best Tv Series Actor ” ဆုကို ပုဂံမြို့သူဇာတ်ကားနဲ့ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒေါင်းကိုဆိုမကြွေတဲ့ မိန်းကလေးတွေမရှိသလောက်ပါပဲနော်။ဒါင်းရဲ့ နောက်မှာ အားပေးတဲ့ အမာခံမိန်းကလေးပရိသတ်တွေ အများကြီးရှိပါတယ်။ ဒေါင်းရဲ့ ညှို့အားပြင်းတဲ့မျက်ဝန်းတစ်စုံနဲ့ သူ့ရဲ့ တည်ငြိမ်အေးဆေးတဲ့ အပြုံး ယောကျာ်းပီသတဲ့ ပုံစံကြောင့် နှုတ်ခမ်းနီမလေးတွေ ကြွေလောက်စရာ ဖြစ်နေတာပါ။ဒေါင်းရဲ့ အကြီးမားဆုံးစွဲဆောင်မှုကတော့ Smile Eye လေးပါပဲ။ သူ့ရဲ့အပြုံးဟာ မျက်လုံးအထိပါ အသက်ဝင်ကာ ပရိသတ်အများစုက Smile Eye Boy ဆိုပြီး တင်စားခေါ်ဝေါ်နေတာတွေတောင် ရှိပါတယ်။ အခုဆို ဝါရင့်သရုပ်ဆောင်များစွားနဲ့ တွဲဖက်ပြီး ရုပ်ရှင်ကားကြီးတွေပါ ရိုက်လာကာ ပရိသတ်အားပေးမှုကို အချိန်တိုအတွင်း အမြင့်ဆုံးရရှိထားတဲ့ ရရှိလာတဲ့ သူပဲ ဖြစ်ပါတယ်။ တက်သစ်စဖြစ်ပေမယ့်အမျိုးသမီးပရိသတ်တွေ အများဆုံးအားပေးဝန်းရံခံရတဲ့သူပဲ ဖြစ်ပြီး သရုပ်ဆောင်ချက်တွေပီပြင်မှုကြောင့် အချိန်တိုတိုနဲ့ အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရှိလာသူတစ်ယောက်ပါ။

Shwe Poe – CeleGabar
ဇော်ဂျီဗားရှင်း

” အမ်ိဳးသမီး ပရိသတ္ေတြ အဝန္းရံဆံုး ထိပ္တန္း အမ်ိဳးသားအႏုပညာရွင္ (၃) ဦး”

ျမန္မာပရိသတ္ေတြၾကားမွာ ေရပန္းစားနာမည္ႀကီးေနတဲ့ အမ်ိဳးသားဆယ္လီေတြမ်ားစြာရွိပါတယ္။ နာမည္ႀကီးဆယ္လီေတြထဲကမွ ျမန္မာအမ်ိဳးသမီးမ်ား အသက္အရြယ္မ်ိဳးစံု သည္းသည္းလႈပ္အားေပး ဝန္းရံႀကတဲ့ ထိပ္တန္းအမ်ိဳးသားအႏုပညာရွင္သံုးေယာက္ကို ေဖာ္ျပေပးလိုက္ပါတယ္။ သူတို႔ကေတာ့ စိုင္းစိုင္းခမ္းလိႈင္ ၊ ေနတိုး ၊ ေဒါင္းတို႔ပဲ ျဖစ္ၿပီး ေဖာ္ျပေပးလိုက္တဲ့ အမ်ိဳးသားအနုပညာရွင္ ေတြထဲက တစ္ေယာက္ကိုေတာ့ CeleGabar ပရိသတ္ႀကီး ႏွစ္သက္အားေပးဝန္းရံမယ္လို႔ ထင္ပါတယ္ေနာ္။ ေဖာ္ျပေပးလိုက္တဲ့ အမ်ိဳးသားဆယ္လီေတြထဲက မဟုတ္ဘဲ ကိုယ္အႏွစ္သက္ဆံုးအမ်ိဳးသားအႏုပညာရွင္ေတြရွိရင္လည္း မွတ္ခ်က္ေပးခဲ့ပါဦးေနာ္။

(၁) စိုင္းစိုင္းခမ္းလိႈင္
စိုင္းစိုင္းခမ္းလႈိင္ဟာဆိုရင္ ဆယ္ေက်ာ္သက္ ႏႈတ္ခမ္းနီမေလးေတြသာမက အသက္အရြယ္မ်ိဳးစံု က သည္းသည္းလႈပ္အားေပးရတဲ့ အမ်ိဳးသားအႏုပညာရွင္တစ္ဦးပါပဲေနာ္။ ေအာင္ျမင္မႈကို ၾကာရွည္စြာထိန္းထားႏုိင္တဲ့ ထိပ္တန္းရွားရွားပါးပါးအနုပညာရွင္တစ္ေယာက္ျဖစ္ၿပီး ပရိသတ္ေတြ အရြယ္မ်ိဳးစံု အားေပးတဲ ့ စိုင္းစိုင္းကေတာ့ တစ္ပုဒ္ဆိုတစ္ပုဒ္ ပရိသတ္ ပါးစပ္ဖ်ားမွာ ေရပန္းစားေအာင္ လုပ္ႏုိင္ေသာ အဆိုေတာ္တစ္ဦးလို႕ေတာင္ တင္စားရမွာပါ။ သူဘာလုပ္လုပ္ အျပည့္အ၀ ေထာက္ခံအားေပးရေလာက္ေအာင္အမာခံပရိသတ္ေတြတြရွိတယ္ဆိုတာလည္း အမွန္ပါပဲေနာ္။ နွစ္တိုင္း ဧျပီ ( ၁၀ ) ရက္ေန ့ဟာ စိုင္းစိုင္း ေမြးေန ့ ျဖစ္ျပီး နွစ္တိုင္း သူ ့ေမြးေန ့ မွာက်င္းပေလ့ ရွိတဲ ့စိုင္းစိုင္း Birthday Show ဟာလည္း ပရိသတ္ေတြ ေၾကာက္ခမန္းလိလိ ကြင္းလံုးျပည္ ့အားေပးၾကမ္းတာ အမွန္ပါပဲ။ အမ်ိဳးသမီးပရိသတ္ေတြရဲ႕ အသည္းစြဲ အႏုပညာရွင္ျဖစ္တာေၾကာင့္လည္း တခ်ိဳ႕ ေသာ အမ်ိဳးသားပရိသတ္ေတြရဲ႕ Troll ျခင္းကို ခံရတာေတြေရွိတယ္လို႕ ဆိုရမွာပါ။ စိုင္းစိုင္းကို အားေပးတဲ့ ပရိသတ္ ဘယ္ေလာက္ မ်ားလဲ ဆုိ ရင္ ႏွစ္စဥ္ႏွစ္တိုင္း သူ႔ရဲ႕ ေမြးေန႔ Show ကိုလာတဲ့ ပရိသတ္ အေရ အတြက္ကို ၾကည့္္ရင္သိႏိုင္ပါတယ္။အမ်ိဳး သမီး ပရိသတ္ အခိုင္အမာရွိထားသူမို႔ အႏုပညာ အလုပ္တင္မကပဲ SAI Cosmetix ဆုိၿပီး စီးပြားေရးလုပ္ငန္း လုပ္ျပန္ေတာ့လည္း အရမ္းကို အားေပးၾကတာေတြ႕ရပါတယ္။ဆယ္စုႏွစ္တစ္ခုတိုင္ ပရိသတ္အားေပးမႈကို ယေန့ခ်ိန္ထိ ထိန္းထားႏုိ္င္တဲ့ အံံအားသင့္စရာ အႏုပညာရွင္တစ္ဦးပါပဲေနာ္။

(၂) ေနတိုး

ေနတိုး ကေတာ့ ရခိုင္တိုင္းရင္းသား ေလး ျဖစ္ၿပီး ဘက္စံုေတာ္တဲ့အႏုပညာရွင္တစ္ဦးျဖစ္တယ္လို႕ ေတာင္ ပရိသတ္ေတြေကာက္ခ်က္ခ်ခံထား ရသူတစ္ဦးပါ။ ေအးေဆးရုိးသားစြာ ေနတတ္တဲ့ ပံုစံက မိန္းကေလးေတြ လိုခ်င္တဲ့ စိတ္ကူးထဲက ဘ၀လက္တြဲေဖာ္ ပံုုစံမ်ိဳးပါ။တည္ၿငိမ္ေအးေဆးၿပီး ေယာက်ာ္းပီသတဲ့အျပံုး ခန့္ညားတဲ့သြင္ျပင္ေတြေၾကာင့္ အမ်ိဳးသမီးပရိသတ္ေတြရဲ့ အသည္းေက်ာ္ျဖစ္ေနရတာပဲ ျဖစ္ပါတယ္။ ။ေအးေအးေဆးေ ဆးပဲ ေနတတ္ သလို မိန္းကေလးပရိသတ္ေတြ ရင္ခုန္သြားေအာင္ အေျပာေလးေတြ၊အမူအရာေလးေတြ လုပ္ေလ့မရွိေပမယ့္လည္း ေနတိုး ကို ႀကိိတ္ေၾကြေနတဲ့ မိန္းကေလးပရိသတ္ကေတာ့ အမ်ားႀကီးပါပဲေနာ္။အသံလည္းေကာင္းၿပီး အဆိုပိုင္းမွာလည္းပရိသတ္ေတြက သူဆိုတဲ့သီခ်င္းေတြကို လက္ခံအားေပးၾကတာပဲ ျဖစ္ပါတယ္။က်ရာဇာတ္ရုပ္ကိုပီျပင္ေအာင္သရုပ္ေဆာင္ခ်က္ေတြေၾကာင့္ အေကာင္းဆံုး အမ်ိဳးသားဇာတ္ေဆာင္ဆု ကို (၃) ဆုရရွိထားတာ ျဖစ္ၿပီး ေအာင္ျမင္တဲ့ ထိပ္တန္းမင္းသားတစ္ဦးပဲ ျဖစ္ပါတယ္။

(၃) ေဒါင္း

ေဒါင္းကေတာ့ ” ပုဂံၿမိဳ့သူ ” ဇာတ္လမ္းတြဲ မွာ ေမာင္ေမာင္ႀကီး ကာရုိက္တာနဲ့ ပရိသတ္ေတြရင္ထဲေရာက္ခဲ့သူပဲ ျဖစ္ၿပီး ” Star Awards Best Tv Series Actor ” ဆုကို ပုဂံၿမိဳ့သူဇာတ္ကားနဲ႕ ရရွိခဲ့တာပဲ ျဖစ္ပါတယ္။ ေဒါင္းကိုဆိုမေၾကြတဲ့ မိန္းကေလးေတြမရွိသေလာက္ပါပဲေနာ္။ဒါင္းရဲ႕ ေနာက္မွာ အားေပးတဲ့ အမာခံမိန္းကေလးပရိသတ္ေတြ အမ်ားႀကီးရွိပါတယ္။ ေဒါင္းရဲ႕ ညွိဳ႕အားျပင္းတဲ့မ်က္၀န္းတစ္စံုနဲ႔ သူ႔ရဲ႕ တည္ၿငိမ္ေအးေဆးတဲ့ အျပံုး ေယာက်ာ္းပီသတဲ့ ပံုစံေၾကာင့္ ႏႈတ္ခမ္းနီမေလးေတြ ေၾကြေလာက္စရာ ျဖစ္ေနတာပါ။ေဒါင္းရဲ႕ အႀကီးမားဆံုးစြဲေဆာင္မႈကေတာ့ Smile Eye ေလးပါပဲ။ သူ႕ရဲ႕အၿပံဳးဟာ မ်က္လံုးအထိပါ အသက္ဝင္ကာ ပရိသတ္အမ်ားစုက Smile Eye Boy ဆိုၿပီး တင္စားေခၚေဝၚေနတာေတြေတာင္ ရွိပါတယ္။ အခုဆို ဝါရင့္သရုပ္ေဆာင္မ်ားစြားနဲ႕ တြဲဖက္ၿပီး ရုပ္ရွင္ကားႀကီးေတြပါ ရုိက္လာကာ ပရိသတ္အားေပးမႈကို အခ်ိန္တိုအတြင္း အျမင့္ဆံုးရရွိထားတဲ့ ရရွိလာတဲ့ သူပဲ ျဖစ္ပါတယ္။ တက္သစ္စျဖစ္ေပမယ့္အမ်ိဳးသမီးပရိသတ္ေတြ အမ်ားဆံုးအားေပးဝန္းရံခံရတဲ့သူပဲ ျဖစ္ၿပီး သရုပ္ေဆာင္ခ်က္ေတြပီျပင္မႈေၾကာင့္ အခ်ိန္တိုတိုနဲ႕ ေအာင္ျမင္မႈလမ္းေၾကာင္းေပၚ ေရာက္ရွိလာသူတစ္ေယာက္ပါ။

Shwe Poe – CeleGabar
ေဇာ္ဂ်ီဗားရွင္း

error: Content is protected !!