” အမျိုးသားထုကြီး သည်းသည်းလှုပ်ဝန်းရံနေကြတဲ့ အမျိုးသမီးအနုပညာရှင် (၃)ယောက် “

မြန်မာပရိသတ်တွေကြားမှာ ရေပန်းစားနာမည်ကြီးနေတဲ့ အမျိုးသမီးဆယ်လီတွေများစွာရှိပါတယ်။ နာမည်ကြီးဆယ်လီတွေထဲကမှ မြန်မာအမျိုးသားများ သည်းသည်းလှုပ်အားပေး ဝန်းရံကြတဲ့ ထိပ်တန်းအမျိုးသမီအနုပညာရှင်(၃) ယောက်ကို ဖော်ပြပေးလိုက်ပါတယ်။ သူတို့ကတော့ ခင်ဝင့်ဝါ ၊ အေးဝတ်ရည်သောင်း နဲ့ သင်ဇာဝင့်ကျော်တို့ပဲ ဖြစ်ပါတယ်။ ဖော်ပြပေးလိုက်တဲ့ အမျိုးသမီးအနုပညာရှင် တွေထဲက တစ်ယောက်ကိုတော့ CeleGabar ပရိသတ်ကြီး နှစ်သက်အားပေးဝန်းရံမယ်လို့ ထင်ပါတယ်နော်။ ဖော်ပြပေးလိုက်တဲ့ သူတွေထဲက မဟုတ်ဘဲ ကိုယ်အနှစ်သက်ဆုံး အမျိုးသမီးအနုပညာရှင်ရှိရင်လည်း မှတ်ချက်ပေးခဲ့ပါဦးနော်။

(၁)ခင်ဝင့်ဝါ

အမျိုးသားတွေ ပါးစပ်ဖျားမှာ ခေးလေးဆိုပြီး ရေပန်းစားနေတာကတော့ အလှမယ်သရုပ်ဆောင်မင်းသမီး ခင်ဝင့်ဝါပဲ ဖြစ်ပါတယ်။ Miss Supranational ( 2013 ) မှာ Winner ဆုကိုရရှိခဲ့တဲ့ အလှမယ်တစ်ဦးပဲ ဖြစ်ပြီး အလှမယ်အဖြစ်ကနေ သရုပ်ဆောင်လောကထဲကို ဝင်ရောက်ခဲ့တဲ့ မင်းသမီးတစ်လက်လို့ဆိုရမှာပါ။ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကြောင့် ပုရိသတွေက သည်းသည်းလှုပ်ချစ်နေကြတာပဲ ဖြစ်ပါတယ်။အနုပညာကို ဝါသနာအရသင်းခံထားပြီး နုပညာအလုအပ်တွေကို တစိုက်မတ်မတ်လုပ်ဆောင်လာတဲ့မင်းသမီးလေးကတော့ သရုပ်ဆောင်ဘက်ကိုလည်း သိသိသာသာအားစိုက်ပြီး ရုပ်ရှင်ကားကြီးတွေအပြင် ဇာတ်လမ်းတွဲတွေပါရိုက်ကူးလာသူတစ်ဦးပါ။ ခေးရဲ့ ဓာတ်ပုံတွေအောက်မှာအမျိုးသားပရိသတ်တွေရဲ့ နှစ်သက်တယ်ဆိုတဲ့မှတ်ချက်တွေကိုသာ အများဆုံးတွေ့ရလေ့ရှိတာကြောင့်လည်း မြန်မာနိုင်ငံက အမျိုးသားထုကြီး ရဲ့ ခေးလေးဆိုကာ ရေပန်းစားနေသူပဲ ဖြစ်ပါတယ်။

(၂)အေးဝတ်ရည်သောင်း
အေးဝတ်ရည်သောင်းကတော့ မြန်မာဆန်ဆန်လေးနဲ့ ပုရိသတွေအသည်းကိုလှုပ်နှိုး နိုင်သူပါ။အသက်(၁၂)နှစ်တည်းက အနုပညာလောကထဲဝင်လာပြီး မော်ဒယ်အလုပ်ကိုလုပ်ကိုင်လာတဲ့အေးသောင်းကတော့ အသက်နဲ့ပတ်သက်ပြီးရိုက်ခတ်မှုတွေရှိခဲ့ပေမယ့်လည်း လက်ရှိမှာအောင်မြင်တဲ့အနုပညာရှင်တစ်ယောက်လို့ ဆိုရမှာပါ။မြန်မာဆန်တဲ့ ပုံစံမျိုးကို ကြိုက်တဲ့ မြန်မာအမျိုးသားထုကြီးကတော့ သက်ဆိုင်သူတွေနဲ့ ရန်အဖြစ်ခံပြီးအားပေးကြမ်းကြတာပဲ ဖြစ်ပါတယ်။ မအေးသောင်းရဲ့ရိုးရိုးလေးနဲ့ လှတဲ့ အလှမှာ မကျရှုံးဖူးတဲ့ အမျိုးသားကတော့ မရှိသလောက်ကို နည်းမယ် ထင်ပါတယ်နော်။လုံးကြီးပေါက်လှဖြစ်တဲ့ အပြင် လှပကျော့ရှင်းတဲ့ ခန္ဓာကိုယ် နဲ့ ဖြူစင်တဲ့အပြုံးတွေကြောင့် ဆယ်ကျော်သက် ပုရိသတွေကတောင် ” မ” ရဲ့ ဖြူစင်တဲ့ အပြုံး ဆိုပြီး အေးဝတ်ရည်သောင်းရဲ့ အပြုံးကိုတင်စားနေကြတာကြောင့် အမျိုးသားတွေရဲက သည်းသည်းလှုပ်အားပေးခံရတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။

(၃) သင်ဇာဝင့်ကျော်

ခပ်မိုက်မိုက်စတိုင်နဲ့ ခပ်ဟော့ဟော့ ပုံစံလေးကို ချစ်တဲ့ အမျိုးသားတွေနဲ့ ခေတ်ဆန်တဲ့မမ ကိုမှ ရင်ခုန်ချင်တဲ့ အမျိုးသား တွေကြားမှာ သင်ဇာကတော့အရမ်းကိုရေပန်းစားသူပဲ ဖြစ်ပါတယ်။ပုံအသစ် တင်လိုက်ပြီဆိုတာနဲ့ ဟင်ခနဲဟာခနဲ ဖြစ်အောင် ပုရိသတွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝ ရရှိထားတဲ့ မမပါပဲနော်။လူမှု ကွန်ရက်စာမျက်နှာ မှာတင် မဟုတ်ဘဲ Instagram မှာလည်း အမျိုးသား Follower တွေ အခိုင်အမာရရှိထားတဲ့ သူလို့ဆိုရမှာပါ။ သူ့ပုံတွေကို ရှယ်တဲ့ အမျိုးသားအရေအတွကို ကြည့်လိုက်တာနဲ့ သူမရဲ့ နောက်မှာ အမျိုးသားပရိသတ်အင်အား ဘယ်လောက်များ လဲ ဆိုတာကို သိနိုင်ပါတယ်။

Shwe Poe – CeleGabar
ဇော်ဂျီဗားရှင်း



(၁)ခင်ဝင့်ဝါ


(၂)အေးဝတ်ရည်သောင်း

(၃) သင်ဇာဝင့်ကျော်


Shwe Poe – CeleGabar
ဇော်ဂျီဗားရှင်း

error: Content is protected !!