” အလုပ်မှာ စိတ်ပင်ပန်း ခံပြင်းဒေါသထွက်မှုတွေကို သမီးလေးရဲ့ ပုံလေးတွေကြည့်ပြီး ဖြေဖျောက်ပစ်လိုက်တယ်ဆိုတဲ့ မေမေအေသင် “

အေသင်ချိုဆွေကတော့ ဆယ်ကျော်သက်လောက်တည်းက ပရိသတ်ပါးစပ်ဖျားမှာရေပန်းစားခဲ့တဲ့ သီချင်းတွေထဲက အဆိုရှင်တစ်ယောက် ဖြစ်တဲ့အပြင် အခုချိန်ထိ ပရိသတ်တွေချစ်ခင်အားပေးခံနေရသူတစ်ယောက်လို့ ဆိုရမှာပါ။ နှစ်အနည်းငယ်လောက်အနုပညာအလုပ်တွေမလုပ်ပဲပျောက်ကွယ်သွားပေမယ့် Single Mother အဖြစ်ရဲရဲဝံ့ဝံ့ ပရိသတ်တွေရှေ့ ပြန်ရောက်လာခဲ့ပြီး အနုပညာအလုပ်တွေကိုကြိုးကြိုးစားစားပြန်လုပ်နေတာပါနော်။

လက်ရှိမှာတော့ Ivyလေးဟာ KG ကျောင်းသူလေးတစ်ယောက်ဖြစ်ပြီး သူမရဲ့ချစ်စရာကောင်းလှတဲ့ ဟန်ပန်အမူအရာလေးတွေကို မေမေအေသင်က ဗီဒီယိုလေးတွေ နဲ့ အတူ ချစ်တဲ့ပရိသတ်တွေအတွက် အမြဲဝေမျှပေးလေ့ရှိပါတယ်။ Ivyလေးကတော့ ပရိသတ်တွေက သည်းသည်းလှုပ်ချစ်ပေးကာ We Love တွေပါ ဖွဲ့ကာ အားပေးခံရတဲ့ သူလေးပါပဲနော်။

ဒီနေ့မှာတော့ မေေမေအေသင်တစ်ယောက် ပျဉ်းမနား နှစ်ကျိပ်ရှစ်ဆူပွဲကို သွားရောက်ကာ သီဆိုဖျော်ဖြေနေရတာကြောင့် အိုင်ဗီလေးကို အရမ်းလွမ်းနေတယ်လို့ သိရပါတယ်။ ပင်ပန်းနေပေမယ့်လည်း သမီးလေးရဲ့ ပုံလေးတွေကိုမြင်လိုက်ရတဲ့အချိန်မှာ မိခင်တစ်ယောက်ရဲ့ ခံစားချက်ကို ပြောပြခဲ့ပါတယ်။” လွမ်းလိုက်တာ ဗီးရယ် အခုလက်ရှိပျဉ်းမနားနှစ်ကျိပ်ရှစ်ဆူဖျော်ဖြေနေတဲ့ ကားကြီးပေါ်မှာခံစားနေရတဲ့ စိတ်ပင်ပန်းမူတွေ၊ဒေါသတွေ၊မကျေနပ်မူတွေ၊ အားလုံး အာလုံး ကိုမေမေ့ သမီးရဲ့ ပုံလေးတွေတွေ့တော့ဖြေဖျောက်နိုင်ခဲ့ပါပြီနော်။ ” ဆိုကာ အိုင်ဗီးရဲ့ ပုံလေးတွေနဲ့အတူ ဝေမျှခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးလည်း အေသင်တို့ သားအမိကို ချစ်ရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source :Athen Cho Swe
Shwe Poe – CeleGabar
ဇော်ဂျီဗားရှင်း

” အလုပ္မွာ စိတ္ပင္ပန္း ခံျပင္းေဒါသထြက္မႈေတြကို သမီးေလးရဲ႕ ပံုေလးေတြၾကည့္ၿပီး ေျဖေဖ်ာက္ပစ္လိုက္တယ္ဆိုတဲ့ ေမေမေအသင္ ”

ေအသင္ခ်ိဳေဆြကေတာ့ ဆယ္ေက်ာ္သက္ေလာက္တည္းက ပရိသတ္ပါးစပ္ဖ်ားမွာေရပန္းစားခဲ့တဲ့ သီခ်င္းေတြထဲက အဆိုရွင္တစ္ေယာက္ ျဖစ္တဲ့အျပင္ အခုခ်ိန္ထိ ပရိသတ္ေတြခ်စ္ခင္အားေပးခံေနရသူတစ္ေယာက္လို႔ ဆိုရမွာပါ။ ႏွစ္အနည္းငယ္ေလာက္အႏုပညာအလုပ္ေတြမလုပ္ပဲေပ်ာက္ကြယ္သြားေပမယ့္ Single Mother အျဖစ္ရဲရဲဝံ့ဝံ့ ပရိသတ္ေတြေရွ႕ ျပန္ေရာက္လာခဲ့ၿပီး အႏုပညာအလုပ္ေတြကိုႀကိဳးႀကိဳးစားစားျပန္လုပ္ေနတာပါေနာ္။

လက္ရွိမွာေတာ့ Ivyေလးဟာ KG ေက်ာင္းသူေလးတစ္ေယာက္ျဖစ္ၿပီး သူမရဲ႕ခ်စ္စရာေကာင္းလွတဲ့ ဟန္ပန္အမူအရာေလးေတြကို ေမေမေအသင္က ဗီဒီယိုေလးေတြ နဲ႔ အတူ ခ်စ္တဲ့ပရိသတ္ေတြအတြက္ အၿမဲေဝမွ်ေပးေလ့ရွိပါတယ္။ Ivyေလးကေတာ့ ပရိသတ္ေတြက သည္းသည္းလႈပ္ခ်စ္ေပးကာ We Love ေတြပါ ဖြဲ႕ကာ အားေပးခံရတဲ့ သူေလးပါပဲေနာ္။

ဒီေန႔မွာေတာ့ ေမေေမေအသင္တစ္ေယာက္ ပ်ဥ္းမနား ႏွစ္က်ိပ္ရွစ္ဆူပြဲကို သြားေရာက္ကာ သီဆိုေဖ်ာ္ေျဖေနရတာေၾကာင့္ အိုင္ဗီေလးကို အရမ္းလြမ္းေနတယ္လို ႔ သိရပါတယ္။ ပင္ပန္းေနေပမယ့္လည္း သမီးေလးရဲ႕ ပုံေလးေတြကိုျမင္လိုက္ရတဲ့အခ်ိန္မွာ မိခင္တစ္ေယာက္ရဲ႕ ခံစားခ်က္ကို ေျပာျပခဲ့ပါတယ္။” လြမ္းလိုက္တာ ဗီးရယ္ အခုလက္ရွိပ်ဥ္းမနားႏွစ္က်ိပ္ရွစ္ဆူေဖ်ာ္ေျဖေနတဲ့ ကားႀကီးေပၚမွာခံစားေနရတဲ့ စိတ္ပင္ပန္းမူေတြ၊ေဒါသေတြ၊မေက်နပ္မူေတြ၊ အားလုံး အာလုံး ကိုေမေမ့ သမီးရဲ႕ ပုံေလးေတြေတြ႕ေတာ့ေျဖေဖ်ာက္ႏိုင္ခဲ့ပါၿပီေနာ္။ ” ဆိုကာ အိုင္ဗီးရဲ႕ ပုံေလးေတြနဲ႔အတူ ေဝမွ်ခဲ့ပါတယ္။ CeleGabar ပရိသတ္ႀကီးလည္း ေအသင္တို႔ သားအမိကို ခ်စ္ရင္ မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။

Source :Athen Cho Swe
Shwe Poe – CeleGabar

error: Content is protected !!