လက်ကိုင်ဖုန်းကင်မရာတွေမပေါ်ခင်က ခရီးသွားတဲ့အခါ ဓာတ်ပုံ printer တွေပါယူလာပြီး ပရိသတ်တွေကိုထုတ်ပေးခဲ့ဖူးတယ်ဆိုတဲ့ စိုင်းစိုင်း
စိုင်းစိုင်းခမ်းလှိုင်လို့ဆိုလိုက်ရင် မြန်မာပြည်မှာမသိသူမရှိလောက်အောင်နာမည်ကြီးသူတစ်ယောက်ပါ။ထိပ်တန်းအနုပညာရှင်တစ်ယောက်ဖြစ်နေတာဟာ အနုပညာအရည်အချင်းပြည့်ဝမှုအပြင် ပေါင်းသက်ဆက်ဆံရေးကောင်းမွန်မှုမှာလည်းစံထားလောက်စရာပါ။ဒါကြောင့်လည်းအနုပညာလောက်မှာ ဆယ်စုနှစ် (၂) ခုခန့်ကြာအောင် အောြင်မင်စွာရပ်တည်နေနိုင်တာဖြစ်ပါတယ်။
ဟစ်ဟော့ဂီတနဲ့စတင်လူသိများလာပြီး သရုပ်ဆောင်မင်းသားတစ်လက်အနေနဲ့လည်း ပရိသတ်အခိုင်အမာရရှိထားသလို Sai Cosmetix လုပ်ငန်းကိုလည်းတည်ထောင်ထားတဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပါ။လူငယ်တွေကနေပြီးလူလတ်ပိုင်းတွေအထိခေတ်အဆက်ဆက်အောင်မြင်တဲ့ စိုင်းစိုင်းကတော့ အသက်အရွယ်စုံပရိသတ်တွေကိုရရှိထားသူပါ။ပရိသတ်တွေနဲ့အမှတ်တရများစွာရှိတဲ့အထဲက လက်ကိုင်ဖုန်းတွေခေတ်မစားခင်ကအမှတ်တရတစ်ခုကိုပြောခဲ့ပါတယ်။
စိုင်းစိုင်းရဲ့ဖေ့ဘွတ်ခ်မှာ “လက်ကိုင်ဖုန်းကင်မရာတွေမပေါ်ခင်က ခရီးသွားတဲ့အခါ ဓာတ်ပုံ printer တွေပါယူသွားပြီး ပရိသတ်တွေကို တခါတည်း ထုတ်ပေးခဲ့ဖူးတယ်” လို့ရေးသားထားပါတယ်။လမ်းတစ်နေရာမှာပရိသတ်တွေနဲ့ရိုက်ကူးထားတဲ့ပုံကိုလည်းမျှဝေခဲ့ပါတယ်။စိုင်းစိုင်းကတော့ ပရိသတ်တွေကိုတကယ်တန်ဖိုးထားတဲ့သူပါပဲနော်…။
Source : Sai Sai Kham Hlaing
Moe – CeleGabar
ဇော်ဂျီဇားရှင်းဖြင့်ဖတ်ရန်
Moe – CeleGabar
error: Content is protected !!