Sulli ရဲ့သေဆုံးမှုသတင်းပြီးနောက် ပရိသတ်များ Taeyeon ရဲ့ကျန်းမာရေးအခြေကိုစိုးရိမ်ပူပန်
f(x) ရဲ့အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ Sulli ရဲ့ရုတ်တရက်သေဆုံးမှုဟာအံ့သြတုန်လှုပ်စရာကောင်းခဲ့ပါတယ်။နာမည်ကျေ်ာကြားတဲ့အနုပညာရှင်တွေအအတွက် ထိုးနှုက်တိုက်ခိုက်ခံရတာဟာအဆန်းတော့မဟုတ်ပေမဲ့ ဒီဒဏ်တွေကိုခံနိုင်ရည်ရှိဖို့ကလည်းမလွယ်လှပါဘူး။စိတ်ဓာတ်ကျနေခဲ့တဲ့ Sulli တစ်ယောက်ကတော့ လောကကြီးကိုအရှုံးပေးသွားခဲ့ပါပြီ။
Sulli ဟာ SM Entertainment ရဲ့လက်အောက်က အနုပညာရှင်တစ်ယောက်ဖြစ်ပြီး လွန်ခဲ့တဲ့(၂)နှစ်ကလည်း Sulli ရဲ့အခင်ဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ Jonghyun လည်း သေကြောင်းကြံခဲ့ပါတယ်။အခုလိုခပ်စိတ်စိတ်ဖြစ်လာတဲ့ ကိုရီးယားအနုပညာရှင်တွေရဲ့သေဆုံးမှုကြောင့် ပရိသတ်တွေက Girl’s Generation အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ Taeyeon ကို စိတ်ပူနေခဲ့ပါတယ်။
Taeyeon ဟာ depression ခံစားနေရသူတစ်ယောက်ပါ။အောင်မြင်ကျော်ကြားလှသလို ဝေဖန်တိုက်ခိုက်ခံရဆုံးတောင်ကိုရီးယားအနုပညာရှင်တွေထဲမှာလည်းပါဝင်နေသူတစ်ယောက်ဖြစ်ပါတယ်။ကိုယ့်ကိုကိုယ်သေကြောင်းကြံသွားတဲ့ Sulli ဟာ Taeyeon နဲ့အလွန်ရင်းနှီးတဲ့သူငယ်ချင်းတွေပါ။ပွဲဦးမထွက်ခင်သင်တန်းသားဘဝမှာကတည်းက အတူတူနေခဲ့ကြသလို အခုလိုအောင်မြင်တဲ့အချိန်မှာလည်းတစ်ယောက်နဲ့တစ်ယောက် အားပေးနေကြတဲ့သူငယ်ချင်းတွေပါ။
ဒါ့အပြင် (၂၀၁၇) မှာသေဆုံးခဲ့တဲ့ Jonghyun ဟာလည်း Taeyeon ရဲ့အခင်ဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်ပါတယ်။စိတ်ဖိစီးမှုပြီး depressionခံစားနေရတဲ့ Taeyeonကိုစိတ်ပူနေတဲ့ပရိသတ်တွေကတော့ အင်စတာဂရမ်မှာအားပေးတဲ့စကားတွေရေးသားခဲ့ကြပါတယ်။ Taeyeon တစေ်ယာက်လည်း အခုလိုလုပ်ရပ်မျိုးမလုပ်မိသွားအောင် စိတ်ပူနေကြတာလည်းဖြစ်ပါတယ်။
Source : koreaboo
Moe : CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်
Source : koreaboo
Moe : CeleGabar
error: Content is protected !!