” နောက်ဆုံးနာမည်လေးက အဘက်ဘက်က အနှောက်အယှက် ဖြစ်စေလို့ နာမည်ပြောင်းခဲ့တဲ့ မြညိုလေး “

မြတ်သူသူဇင်ကတော့ လတ်တလော MRTV -(4) မှာ နာမည်ကြီးနေတဲ့ တတိယမြောက်ဆုံမှတ်ကားထဲမှာ ယွန်းမေခအနေနဲ့ လက်ရှိမှာ ပရိသတ်တွေကြား ရေပန်းစားနေတဲ့ သူလေးပါ။ မြညိုလို့ ပရိသတ်တွေ ချစ်စနိုးနဲ့ ခေါ်ဝေါ်ကြတာကတော့ တစ်ဟုန်ထိုးအောင်မြင်လာတဲ့ ဇာတ်လမ်းတွဲ မင်းသမီးလေး တစ်ဦးပါနော်။” ပျားရည်အိုင် ” ဇာတ်လမ်းတွဲမှာ ” မြညို ” ဆိုတဲ့ ဇာတ်ကောင်လေးနဲ့ ပရိသတ်တွေသတိထားမိလာတယ်ဆိုပေမယ့် မြညို လို့ ပရိသတ်တွေမသိခင်ကတည်းက “ကံကံ၏အကျိုး” ဇာတ်လမ်းတွဲ ၊ချစ်ခွန်းခြွေသီချစ်သူဆီ၊ ရတနာထဲကရတနာ တို့အပြင် ဝင်္ကပါစံအိမ်ဇာတ်လမ်းတွဲတွေပါ တို့မှာပါဝင်ခဲ့တဲ့သူလေးတစ်ယောက်ပါ။

မြညိုလေးကတော့ သူမကိုဝေဖန်တိုက်ခိုက်ကြတဲ့သူတွေအပေါ် လျစ်လျူရှုလိုက်လေ့ရှိပြီး ကောင်းစေချင်လို့ပြောတဲ့စကားမှန်သမျှ အလေးထားတယ်လို့ သိရပါတယ်။လက်ရှိမှာတော့ လွန်ခဲ့တဲ့ (၂ ) နှစ် (၃)နှစ်ကတည်းက ပြောင်းချင်ခဲ့တဲ့ နာမည်လေးကို အခုဆိုရင် ” မြတ်သူရဲ့အကောင့်ထဲက ချစ်ရတဲ့ဆရာသမား မိတ်ဆွေအပေါင်းအသင်းများနှင့် မီဒီယာ အကိုအမများ အားပေးကြသူများအားလုံးကို ဒီနေ့မှစ မြတ်သူသူ ဆိုတဲ့နာမည်လေးပဲပြောင်းလဲခေါ်ပေးကြဖို့ မေတ္တာရပ်ခံပါရစေရှင့် ” ဆိုပြီးပြောင်းခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့တာပါနော်။

အသိဆရာတွေ ဘုန်းကြီးတွေရဲ့ ဆော်သြမှုကြောင့်အပြင် နာမည်ကြောင့် ကျန်မာရေးကအစ အဘက်ဘက်ကအတိုက်အခိုက်တွေ ဝင်နေခဲ့တာကြောင့် နာမည်ရဲ့ အဆုံး ” ဇင် ” ဆိုတဲ့ စကားလုံးလေးကို ဖြုတ်ကာ ” မြတ်သူသူ ” ဆိုတဲ့ နာမည်လေးကို ပေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။နာမည်တွေဘယ်လိုပြောင်းပြောင်း မြညို ဆိုတဲ့ နာမ်စားလေးကိုတော့ ပရိသတ်တွေက သဘောကျနှစ်သက်ကာ ခေါ်နေဆဲ အားပေးနေဆဲ ဖြစ်တာကြောင့် ဘယ်လိုအခက်အခဲအတိုက်အခိုက်တွေပဲ ဖြစ်ဖြစ် နာမည်အသစ်လေးနဲ့ အဆင်ပြေချောမွေ့ပါစေလို့ CeleGabar မီဒီယာကလည်း ဆုတောင်းပေးလိုက်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း မြညိုလေးရဲ့ နာမည်သစ်လေးအတွက် ဂုဏ်ပြုစကားလေးပြောခဲ့ပါဦးနော်။

Source :Myat Thu Thu Zin
Shwe Poe -CeleGabar
ဇော်ဂျီဗားရှင်း

” ေနာက္ဆုံးနာမည္ေလးက အဘက္ဘက္က အေႏွာက္အယွက္ ျဖစ္ေစလို႔ နာမည္ေျပာင္းခဲ့တဲ့ ျမညိဳေလး ”

ျမတ္သူသူဇင္ကေတာ့ လတ္တေလာ MRTV -(4) မွာ နာမည္ႀကီးေနတဲ့ တတိယေျမာက္ဆုံမွတ္ကားထဲမွာ ယြန္းေမခအေနနဲ႔ လက္ရွိမွာ ပရိသတ္ေတြၾကား ေရပန္းစားေနတဲ့ သူေလးပါ။ ျမညိဳလို႔ ပရိသတ္ေတြ ခ်စ္စႏိုးနဲ႔ ေခၚေဝၚၾကတာကေတာ့ တစ္ဟုန္ထိုးေအာင္ျမင္လာတဲ့ ဇာတ္လမ္းတြဲ မင္းသမီးေလး တစ္ဦးပါေနာ္။” ပ်ားရည္အိုင္ ” ဇာတ္လမ္းတြဲမွာ ” ျမညိဳ ” ဆိုတဲ့ ဇာတ္ေကာင္ေလးနဲ႔ ပရိသတ္ေတြသတိထားမိလာတယ္ဆိုေပမယ့္ ျမညိဳ လို႔ ပရိသတ္ေတြမသိခင္ကတည္းက “ကံကံ၏အက်ိဳး” ဇာတ္လမ္းတြဲ ၊ခ်စ္ခြန္းေႁခြသီခ်စ္သူဆီ၊ ရတနာထဲကရတနာ တို႔အျပင္ ဝကၤပါစံအိမ္ဇာတ္လမ္းတြဲေတြပါ တို႔မွာပါဝင္ခဲ့တဲ့သူေလးတစ္ေယာက္ပါ။

ျမညိဳေလးကေတာ့ သူမကိုေဝဖန္တိုက္ခိုက္ၾကတဲ့သူေတြအေပၚ လ်စ္လ်ဴရႈလိုက္ေလ့ရွိၿပီး ေကာင္းေစခ်င္လို႔ေျပာတဲ့စကားမွန္သမွ် အေလးထားတယ္လို႔ သိရပါတယ္။လက္ရွိမွာေတာ့ လြန္ခဲ့တဲ့ (၂ ) ႏွစ္ (၃)ႏွစ္ကတည္းက ေျပာင္းခ်င္ခဲ့တဲ့ နာမည္ေလးကို အခုဆိုရင္ ” ျမတ္သူရဲ႕အေကာင့္ထဲက ခ်စ္ရတဲ့ဆရာသမား မိတ္ေဆြအေပါင္းအသင္းမ်ားႏွင့္ မီဒီယာ အကိုအမမ်ား အားေပးၾကသူမ်ားအားလုံးကို ဒီေန႔မွစ ျမတ္သူသူ ဆိုတဲ့နာမည္ေလးပဲေျပာင္းလဲေခၚေပးၾကဖို႔ ေမတၱာရပ္ခံပါရေစရွင့္ ” ဆိုၿပီးေျပာင္းခဲ့ေၾကာင္း လူမႈကြန္ရက္စာမ်က္ႏွာမွာ ေဖာ္ျပခဲ့တာပါေနာ္။

အသိဆရာေတြ ဘုန္းႀကီးေတြရဲ႕ ေဆာ္ၾသမႈေၾကာင့္အျပင္ နာမည္ေၾကာင့္ က်န္မာေရးကအစ အဘက္ဘက္ကအတိုက္အခိုက္ေတြ ဝင္ေနခဲ့တာေၾကာင့္ နာမည္ရဲ႕ အဆုံး ” ဇင္ ” ဆိုတဲ့ စကားလုံးေလးကို ျဖဳတ္ကာ ” ျမတ္သူသူ ” ဆိုတဲ့ နာမည္ေလးကို ေပးျဖစ္ခဲ့တယ္လို႔ သိရပါတယ္။နာမည္ေတြဘယ္လိုေျပာင္းေျပာင္း ျမညိဳ ဆိုတဲ့ နာမ္စားေလးကိုေတာ့ ပရိသတ္ေတြက သေဘာက်ႏွစ္သက္ကာ ေခၚေနဆဲ အားေပးေနဆဲ ျဖစ္တာေၾကာင့္ ဘယ္လိုအခက္အခဲအတိုက္အခိုက္ေတြပဲ ျဖစ္ျဖစ္ နာမည္အသစ္ေလးနဲ႔ အဆင္ေျပေခ်ာေမြ႕ပါေစလို႔ CeleGabar မီဒီယာကလည္း ဆုေတာင္းေပးလိုက္ပါတယ္။CeleGabar ပရိသတ္ႀကီးလည္း ျမညိဳေလးရဲ႕ နာမည္သစ္ေလးအတြက္ ဂုဏ္ျပဳစကားေလးေျပာခဲ့ပါဦးေနာ္။

Source :Myat Thu Thu Zin
Shwe Poe -CeleGabar

error: Content is protected !!