“တတ်သိနားလည်တဲ့ လူကြီးတွေကိုပစ်ပယ်ပြီး ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးနေတဲ့အပေါ် ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တဲ့ ဝါရင့်အနုပညာရှင် မောင်မောင်မြင့်”

လတ်တလောမှာတော့ မြန်မာနိုင်ငံရဲ့ ဖခင်ကြီးလို့တင်စားခေါ်ဝေါ်ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘဝဇာတ်ကြောင်းကိုပုံဖော်ထားတဲ့ ဗိုလ်ချုပ်ရုပ်ရှင်ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ (၃၀)ရက်နေ့ကစလို့ အမျိုးသားပြတိုက်မှာ စတင်ရိုက်ကူးနေတာပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးမှုနဲ့ ပတ်သက်လို့တချို့သောကိစ္စတွေမှာ လွဲချော်မှုတွေရှိနေတာကြောင့် ဝေဖန်မှုတွေဟာလည်းရှိနေပြီး ဒီလိုဝေဖန်ကြတဲ့ အထဲမှာ မြန်မာနိုင်ငံရဲ့ ဝါရင့်ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဒါရိုက်တာ မောင်မောင်မြင့်ကလည်း အပါအဝင်ပဲဖြစ်ပါတယ်။

ဒါရိုက်တာမောင်မောင်မြင့်ကတော့ ဒီလိုနိုင်ငံရဲ့ အရေးကြီးလှတဲ့ သမိုင်းဇာတ်လမ်းတစ်ခုကို ရိုက်ကူးတဲ့နေရာမှာ လူငယ်တွေချည်းရိုက်ကူးနေတဲ့အပေါ်ကို “အခုဗိုလ်ချုပ်ရုပ်ရှင်ရိုက်တယ်။အဲ့ဒီရိုက်ကြမယ့် အဖွဲ့အကုန်လုံးကို ကြည့်လိုက်တဲ့ အခါကျတော့ ဗိုလ်ချုပ်အောင်ဆန်းကို မှီတဲ့သူလည်း တစ်ယောက်မှမပါဘူး။ဒါဖြင့်ရင် ငါတို့ ဝင်းဖေကြီးတို့လို တကယ့်အင်္ဂလိပ်လက်ထက်ကလူဖြစ်လာတယ်။ မှီလိုက်ရုံတင်ဘယ်ကမလဲ ခင်ခဲ့မင်ခဲ့အတူတူသွားလာခဲ့တယ်။ အလုပ်လုပ်ခဲ့တာတွေရှိတယ်။ဘာဖြစ်လို့ ဒီလူတွေကို မေ့ပြီးတော့ ပစ်ထားသလဲ။ဒါမှမဟုတ်ရင် တမင်အသက်အရွယ်တွေကြီးလို့ ရွဲကုန်ကြပါပြီဆိုပြီး ဖယ်ထားသလား”ဆိုပြီး မေးခွန်းထုတ်လာတာပဲဖြစ်ပါတယ်။

တတ်သိနားလည်တဲ့ လူကြီးတွေကို ပလစ်ကာ ဗိုလ်ချုပ်ရုပ်ရှင်ကို ရိုက်ကူးနေကြပြီး လွဲချော်မှုတွေရှိနေတယ်လို့ ဝေဖန်ခံနေရတဲ့အပေါ်ကိုလည်း “အဲ့လိုလွဲချော်နေရတဲ့ အကြောင်းတွေက ဘာတွေလဲဆိုလို့ရှိရင် တကယ်ကတော့ တတ်သိနားလည်တဲ့သူတွေကို ပစ်ထားတဲ့ အတွက်ကြောင့်မို့လို့လွဲချော်နေတာ။ ထားပါတော့ (၁၉၄၂)ခုနှစ်တုန်းက သစ်ပုတ်ပင်ကြီးရဲ့ အခြေနေကဘယ်လိုနေလဲလို့မေးရင် ကျွန်တော်ပြောမှာပေါ့။တကယ်လို့ အဲ့လိုဟာမျိုးလေး တစ်ခုရလိုက်တဲ့အခါကျတော့ အချက်တစ်ချက်ပိုပြည့်စုံမသွားဘူးလား”လို့လည်း ဖြေကြားသွားတာပဲဖြစ်ပါတယ်။ဝါရင့် ဒါရိုက်တာ ဦးမောင်မောင်မြင့် ဖြေကြားထားတဲ့ အင်တာဗျူး ဗီဒီယိုလေးကိုလည်း မျှဝေပေးလိုက်ပါတယ်။

Source : Exclusive On CeleGabar
Chilli – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်။

“တတ္သိနားလည္တဲ့ လူႀကီးေတြကိုပစ္ပယ္ၿပီး ဗိုလ္ခ်ဳပ္႐ုပ္ရွင္႐ိုက္ကူးေနတဲ့အေပၚ ျပင္းျပင္းထန္ထန္ေဝဖန္လိုက္တဲ့ ဝါရင့္အႏုပညာရွင္ ေမာင္ေမာင္ျမင့္”

လတ္တေလာမွာေတာ့ ျမန္မာႏိုင္ငံရဲ႕ ဖခင္ႀကီးလို႔တင္စားေခၚေဝၚရတဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ ဘဝဇာတ္ေၾကာင္းကိုပုံေဖာ္ထားတဲ့ ဗိုလ္ခ်ဳပ္႐ုပ္ရွင္ကေတာ့ ၿပီးခဲ့တဲ့ စက္တင္ဘာလ (၃၀)ရက္ေန႔ကစလို႔ အမ်ိဳးသားျပတိုက္မွာ စတင္႐ိုက္ကူးေနတာပရိသတ္ေတြသိရွိၿပီးသားျဖစ္မွာပါ။ဗိုလ္ခ်ဳပ္႐ုပ္ရွင္႐ိုက္ကူးမႈနဲ႔ ပတ္သက္လို႔တခ်ိဳ႕ေသာကိစၥေတြမွာ လြဲေခ်ာ္မႈေတြရွိေနတာေၾကာင့္ ေဝဖန္မႈေတြဟာလည္းရွိေနၿပီး ဒီလိုေဝဖန္ၾကတဲ့ အထဲမွာ ျမန္မာႏိုင္ငံရဲ႕ ဝါရင့္ဒါ႐ိုက္တာတစ္ဦးျဖစ္တဲ့ ဒါ႐ိုက္တာ ေမာင္ေမာင္ျမင့္ကလည္း အပါအဝင္ပဲျဖစ္ပါတယ္။

ဒါ႐ိုက္တာေမာင္ေမာင္ျမင့္ကေတာ့ ဒီလိုႏိုင္ငံရဲ႕ အေရးႀကီးလွတဲ့ သမိုင္းဇာတ္လမ္းတစ္ခုကို ႐ိုက္ကူးတဲ့ေနရာမွာ လူငယ္ေတြခ်ည္း႐ိုက္ကူးေနတဲ့အေပၚကို “အခုဗိုလ္ခ်ဳပ္႐ုပ္ရွင္႐ိုက္တယ္။အဲ့ဒီ႐ိုက္ၾကမယ့္ အဖြဲ႕အကုန္လုံးကို ၾကည့္လိုက္တဲ့ အခါက်ေတာ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို မွီတဲ့သူလည္း တစ္ေယာက္မွမပါဘူး။ဒါျဖင့္ရင္ ငါတို႔ ဝင္းေဖႀကီးတို႔လို တကယ့္အဂၤလိပ္လက္ထက္ကလူျဖစ္လာတယ္။ မွီလိုက္႐ုံတင္ဘယ္ကမလဲ ခင္ခဲ့မင္ခဲ့အတူတူသြားလာခဲ့တယ္။ အလုပ္လုပ္ခဲ့တာေတြရွိတယ္။ဘာျဖစ္လို႔ ဒီလူေတြကို ေမ့ၿပီးေတာ့ ပစ္ထားသလဲ။ဒါမွမဟုတ္ရင္ တမင္အသက္အ႐ြယ္ေတြႀကီးလို႔ ႐ြဲကုန္ၾကပါၿပီဆိုၿပီး ဖယ္ထားသလား”ဆိုၿပီး ေမးခြန္းထုတ္လာတာပဲျဖစ္ပါတယ္။

တတ္သိနားလည္တဲ့ လူႀကီးေတြကို ပလစ္ကာ ဗိုလ္ခ်ဳပ္႐ုပ္ရွင္ကို ႐ိုက္ကူးေနၾကၿပီး လြဲေခ်ာ္မႈေတြရွိေနတယ္လို႔ ေဝဖန္ခံေနရတဲ့အေပၚကိုလည္း “အဲ့လိုလြဲေခ်ာ္ေနရတဲ့ အေၾကာင္းေတြက ဘာေတြလဲဆိုလို႔ရွိရင္ တကယ္ကေတာ့ တတ္သိနားလည္တဲ့သူေတြကို ပစ္ထားတဲ့ အတြက္ေၾကာင့္မို႔လို႔လြဲေခ်ာ္ေနတာ။ ထားပါေတာ့ (၁၉၄၂)ခုႏွစ္တုန္းက သစ္ပုတ္ပင္ႀကီးရဲ႕ အေျခေနကဘယ္လိုေနလဲလို႔ေမးရင္ ကြၽန္ေတာ္ေျပာမွာေပါ့။တကယ္လို႔ အဲ့လိုဟာမ်ိဳးေလး တစ္ခုရလိုက္တဲ့အခါက်ေတာ့ အခ်က္တစ္ခ်က္ပိုျပည့္စုံမသြားဘူးလား”လို႔လည္း ေျဖၾကားသြားတာပဲျဖစ္ပါတယ္။ဝါရင့္ ဒါ႐ိုက္တာ ဦးေမာင္ေမာင္ျမင့္ ေျဖၾကားထားတဲ့ အင္တာဗ်ဴး ဗီဒီယိုေလးကိုလည္း မွ်ေဝေပးလိုက္ပါတယ္။

Source : Exclusive On CeleGabar
Chilli – CeleGabar

error: Content is protected !!