” အမေ့မွေးနေ့မှာ အဖေချက်တဲ့ ထောပတ်ထမင်းနဲ့ ဒံပေါက်ကို အားရပါးရစားပြခဲ့တဲ့ ဖွေးစိန်လေးရဲ့ ဗီဒီယိုဖိုင်”

ဖွေးစိန်လေးကတော့ ပရိသတ်တွေသည်းသည်းလှုပ်ချစ်ရတဲ့ မင်းသမီးလေးတစ်လက်ဖြစ်ပြီး လက်ရှိမှာလည်း ပရိသတ်တွေကြားမှာ ရေပန်းအစားဆုံး ဇာတ်ကားတစ်ကား ဖြစ်တဲ့ ” ပပဝတီစီရင်ခန်း ” ဇာတ်ကားမှာ အမိုက်စားသရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်သူလေးပါ။အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု (၃)ဆုရရှိခဲ့ပြီး ” ပပဝတီစီရင်ခန်း ” ဇာတ်ကားနဲ့ နောက်ထပ်အကယ်ဒမီဆုကိုရရှိဦးမလားလို့လည်း ပရိသတ်တွေကမှတ်ချက်ပေးခံနေရ တာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေကိုလည်း ဖော်ရွေရင်းနှီးစွာဆက်ဆံတတ်သူလေး တစ်ဦးဖြစ်ပြီး ဖွေးစိန်လေးကတော့ သူ့ကိုယ်သူ အစားသမားလေး (Foodie) တစ်ယောက်ပါလို့ ပွင့်လင်းစွာ ပြောလေ့ရှိပါတယ်။အစားသမားလေးဖွေးစိန်ကတော့ ဟင်းချက်ကောင်းတဲ့ အဖေတစ်ယောက်ကိုပိုင်ဆိုင်ထားပါသေးတယ်နော်။ ဒီနေ့မှာကျရောက်ခဲ့ တဲ့ အောက်တိုဘာလ (၁၆) ရက်နေ့ ကတော့ ဖွေးစိန်လေး မေမေရဲ့ မွေးနေ့ရက်မြတ်လေး ပါ။

ဖွေးမေမေရဲ့ မွေးနေ့ကို ဖွေးစိန်လေးရဲ့ ဖေဖေကိုယ်တိုင်ချက်ထားတဲ့ Daddy’s kitchen က လက်ရာတွေနဲ့ မွေးနေ့လေးကျင်းပခဲ့တာဖြစ်ပြီး ဖွေးစိန်ကိုယ်တိုင်ကလည်း “အမေ့မွေးနေ့ အဖေ ချက်တဲ့ ထောပတ်ထမင်းနဲ့ ဒံပေါက်ကိုရောပြီးစားပလိုက်တယ်” ဆိုကာ Live လွှင့်ကာ အားရပါးရစားပြခဲ့တာပါ။ CeleGabar ပရိသတ်ကြီးလည်း အစားသမားလေး ဖွေးစိန်ရဲ့ ဗီဒီယိုဖိုင်လေးကိုကြည့်ပြီး ချစ်ရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source :Phway’ s Cheat Days
Shwe Poe – CeleGabar
ဇော်ဂျီဗားရှင်း





Shwe Poe – CeleGabar

error: Content is protected !!