” မင်းသမီးချောလေး ချစ်စနိုးဦးရဲ့ အသိသက်သေလက်မှတ်ထိုးပွဲကို တက်ရောက်ခဲ့တဲ့ စမိုင်းလ် “

တစ်ခေတ်တစ်ခါက ယောက်ျားလေးပရိသတ်အကြားရေပန်းစားကာ ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်တဲ့ ချစ်စနိုးဦးကတော့ အောက်တိုဘာလ (၁၆)ရက်နေ့မှာ သူမရဲ့ခင်ပွန်းလောင်နဲ့အတူ လက်ထပ်စာချုပ်မှာ အသိသက်သေများရှေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။စမိုင်းလ် ကတော့ ချစ်ခင်ပွန်းနဲ့အတူ ဒီပွဲကိုတက်ရောက်ခဲ့တာကို “ညီမလေးချစ်စနိုးဦးနဲ့ မောင်လေးဖိုးသား လက်မှတ်ရေးထိုးပွဲလေးမှာ ကိုမပြုံးနဲ့ ” လို့ သူမရဲ့လူမှုကွန်ရက် စာမျက်နာမှာဖော်ပြထားပါတယ်။


အနုပညာလောကမှာ ပရိသတ်အားပေးမှုနဲ့ နေရာ တနေရာ ရရှိထားတဲ့ ချစ်စနိုးဦးဟာ ၂၀၁၁ ခုနှစ်က “ရင်ကွဲနာ” ရုပ်ရှင် ဇာတ်ကားနဲ့ “အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု”ကို ရရှိထားသူလည်း ဖြစ်ပါတယ်။ချစ်စနိုးဦးကတော့ ခင်ပွန်းလောင်းနဲ့အတူ ဇူလိုင်လထဲမှာ Pre Wedding ပုံတွေကို ဥရောပ၊ အီတလီရယ်၊ စပိန်တို့မှာ နာမည်ကြီးဓာတ်ပုံဆရာ ဝဏ္ဏခွါနီး မှရိုက်ကူးပေးခဲ့တယ်လို့ သိရပါတယ်။သူမကတော့ မင်္ဂလာပွဲကို အောက်တိုဘာလထဲမှာ ကျင်းပသွားမယ်လို့ ပြောထားပြီး

လက်ရှိမှာတော့ အသိသက်သေလက်မှတ်ရေးထိုးပွဲလေးကို ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။စမိုင်းလ်ကတော့ ပွဲကို ချစ်ခင်ပွန်းနဲ့အတူ တတ်ရောက်ခဲ့တဲ့ ပုံရိပ်အချို့ကိုမျှဝေခဲ့ပြီး ပုံတွေထဲမှာ ခင်ပွန်းမှာ တစ်ပုံတစ်လေတောင်မပြုံးလို့ ကိုမပြုံးနဲ့ဆိုပြီး သူရဲ့လူမှုကွန်ရက် စာမျက်နာမှဖော်ပြထားပါတယ်။CeleGabar ပရိသတ်ကြီးရေ ချစ်စနိုးဦးကို ဂုဏ်ပြုစကားပြောခဲ့ကြဦးနော်။


Source: စမိုင်းလ် Smile
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်






error: Content is protected !!