“သြဇီကိုရံပုံငွေပွဲအတွက်သွားရင်း ရောက်တုန်းရောက်ခိုက်မှာအပြတ်ကဲနေကြတဲ့ အာဇာနည်တို့ဂီတမောင်နှမတွေ”

နိုင်ငံရပ်ခြားရောက်မြန်မာများအတွက် ဖျော်ဖြေဖို့သွားရောက်ကြတဲ့ အနုပညာရှင်များကိုကြည့်လိုက်ရင် တက်သစ်စအနုပညာရှင်များတွေ့ရလေ့သိပ်မရှိပဲ ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့ကြတဲ့ ဝါရင့်အနုပညာရှင်များသာအများဆုံးသွားရောက်ဖျော်ဖြေကြတာ တွေ့ရမှာပါ။ ဂီတကိုချစ်မြတ်နိုးတဲ့သြဇီက ပရိသတ်ကြီးအတွက်လည်း အာဇာနည်နဲ့အတူ ကော်နီ၊ဦးဂျေမောင်မောင်တို့က ဖျော်ဖြေဖို့ ရောက်ရှိနေတာဖြစ်ပါတယ်။အောင်မြင်ကျော်ကြားခဲ့တဲ့အဆိုတော်များဖြစ်တာနဲ့အညီ မြန်မာနိုင်ငံကပရိသတ်တွေသာမက နိုင်ငံရပ်ခြားက မြန်မာပရိသတ်များအတွက်ပါ ဘဝအမောတွေပြေစေဖို့ ရောက်ရှိနေတာဖြစ်ပါတယ်။


သူတို့ရဲ့အဓိကရည်ရွယ်ချက်က မြန်မာနိုင်ငံ မွန်ပြည်နယ်ရေဘေးသင့်ပြည်သူများအတွက် ရံပုံငွေရရှိဖို့ဖြစ်ပြီး ရံပုံငွေလုံလောက်စွာရရှိဖို့ အစားအသောက်များပါရောင်းချထားပါသေးတယ်။ သူတို့ဟာ စက်တင်ဘာလ(၃၀)ရက်နေ့မှာမြန်မာနိုင်ငံမှစတင်ထွက်ခွာခဲ့ကြပြီးတော့ အောက်တိုဘာလ(၅)ရက်နေ့မှာသြစတေးလျနိုင်ငံ ဘယ်ကက်တာမြို့မှာဖျော်ဖြေခဲ့ကြပြီး အောက်တိုဘာလ(၁၂)ရက်နေ့မှာ မဲလ်ဘုန်းမြို့မှာဖျော်ဖြေခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အောက်တိုဘာလ(၁၉)ရက်နေ့မှာတော့ ဆစ်ဒနေးမြို့မှာဖျော်ဖြေသွားမှာဖြစ်ပါတယ်။ ဒီပွဲလေးကတော့ ဒေးဒရဲမြို့နယ် ဘုရားကြီးကုန်းကျေးရွာ စာသင်ကျောင်းအတွက်ဖြစ်ပြီး သူတို့သုံးဦးအပြင် ရန်ရန်ချန်းနဲ့ ဇေယျာသော်တို့က ပါဝင်သီဆိုဖျော်ဖြေသွားမှာဖြစ်ပါတယ်။

ဂီတကိုမြတ်နိုးတဲ့ အနုပညာရှင်မောင်နှမများဖြစ်တဲ့အပြင် အပြင်မှာလည်းအရမ်းချစ်ကြတဲ့ သူတို့ဟာ ရံပုံငွေအတွက်ခရီးစဉ်အပြင် သြစတေးလျနိုင်ငံမှာ ပျော်ရွှင်စွာသွားရောက်လည်ပတ်နေကြပုံကိုလည်း ဝေမျှထားပါသေးတယ်။ ဆစ်ဒနေးဖျော်ဖြေပွဲရက်မတိုင်ခင်မှာလည်း ဆစ်ဒနေးမြို့ တော်ဝင်အမျိုးသားဥယျာဉ်မှာရှိတဲ့ အင်္ဂလိပ်ဂဏန်း (8) ပုံစံရေကန်ငယ်လေးကိုသွားရောက်ခဲ့ကြပါသေးတယ်။ဒီရေကန်ငယ်လေးကိုရောက်ဖို့ တောင်တက်ခရီး၊ခြေလျင်ခရီးတွေလုပ်ရတာကြောင့် ခက်ခက်ခဲခဲသွားရတဲ့နေရာဖြစ်ပြီး ဆစ်ဒနေးမြို့ရဲ့ သွားရောက်လည်ပတ်စရာနေရာတစ်ခုဆိုလည်း မမှားပါဘူး။ ခက်ခက်ခဲခဲခရီးကြမ်းကို ဂီတမောင်နှမတွေနဲ့အတူ ပျော်ရွှင်စွာသွားရောက်ခဲ့တာကြောင့် “အရမ်းပျော်ဖို့ကောင်းတဲ့ အမှတ်တရ trip လေးပါ” ဆိုပြီး ကိုအာဇာနည်ကဝေမျှခဲ့ပါတယ်။ ဆစ်ဒနေးရောက်မြန်မာတို့ကိုလည်း ရံပုံငွေပွဲလေးဖြစ်တာကြောင့် အောက်တိုဘာလ(၁၉)ရက်မှာ ကုသိုလ်လည်းရ ဘဝအမောတွေလည်းပြေစေဖို့အတွက် သွားကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်နော်။

Source – Zarni Myonyunt
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

“ၾသဇီကိုရံပံုေငြပြဲအတြက္သြားရင္း ေရာက္တုန္းေရာက္ခိုက္မွာအျပတ္ကဲေနၾကတဲ့ အာဇာနည္တို႔ဂီတေမာင္ႏွမေတြ”

ႏုိင္ငံရပ္ျခားေရာက္ျမန္မာမ်ားအတြက္ ေဖ်ာ္ေျဖဖို့သြားေရာက္ၾကတဲ့ အႏုပညာရွင္မ်ားကိုၾကည့္လိုက္ရင္ တက္သစ္စအႏုပညာရွင္မ်ားေတြ့ရေလ့သိပ္မရွိပဲ ပရိသတ္အားေပးမွုအခိုင္အမာရရွိခဲ့ၾကတဲ့ ၀ါရင့္အႏုပညာရွင္မ်ားသာအမ်ားဆံုးသြားေရာက္ေဖ်ာ္ေျဖၾကတာ ေတြ့ရမွာပါ။ ဂီတကုိခ်စ္ျမတ္ႏိုးတဲ့ၾသဇီက ပရိသတ္ၾကီးအတြက္လည္း အာဇာနည္နဲ့အတူ ေကာ္နီ၊ဦးေဂ်ေမာင္ေမာင္တို့က ေဖ်ာ္ေျဖဖို့ ေရာက္ရွိေနတာျဖစ္ပါတယ္။ေအာင္ျမင္ေက်ာ္ၾကားခဲ့တဲ့အဆိုေတာ္မ်ားျဖစ္တာနဲ့အညီ ျမန္မာႏိုင္ငံကပရိသတ္ေတြသာမက ႏိုင္ငံရပ္ျခားက ျမန္မာပရိသတ္မ်ားအတြက္ပါ ဘ၀အေမာေတြေျပေစဖို့ ေရာက္ရွိေနတာျဖစ္ပါတယ္။

သူတို့ရဲ့အဓိကရည္ရြယ္ခ်က္က ျမန္မာနုိင္ငံ မြန္ျပည္နယ္ေရေဘးသင့္ျပည္သူမ်ားအတြက္ ရံပံုေငြရရွိဖို့ျဖစ္ျပီး ရံပံုေငြလံုေလာက္စြာရရွိဖို့ အစားအေသာက္မ်ားပါေရာင္းခ်ထားပါေသးတယ္။ သူတို့ဟာ စက္တင္ဘာလ(၃၀)ရက္ေန့မွာျမန္မာနုိင္ငံမွစတင္ထြက္ခြာခဲ့ၾကျပီးေတာ့ ေအာက္တုိဘာလ(၅)ရက္ေန့မွာၾသစေတးလ်ႏိုင္ငံ ဘယ္ကက္တာျမိဳ့မွာေဖ်ာ္ေျဖခဲ့ၾကျပီး ေအာက္တိုဘာလ(၁၂)ရက္ေန့မွာ မဲလ္ဘုန္းျမိဳ့မွာေဖ်ာ္ေျဖခဲ့ၾကတာျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ ေအာက္တိုဘာလ(၁၉)ရက္ေန ့မွာေတာ့ ဆစ္ဒေနးျမိဳ့မွာေဖ်ာ္ေျဖသြားမွာျဖစ္ပါတယ္။ ဒီပြဲေလးကေတာ့ ေဒးဒရဲျမိဳ့နယ္ ဘုရားၾကီးကုန္းေက်းရြာ စာသင္ေက်ာင္းအတြက္ျဖစ္ျပီး သူတို့သံုးဦးအျပင္ ရန္ရန္ခ်န္းနဲ့ ေဇယ်ာေသာ္တုိ့က ပါ၀င္သီဆိုေဖ်ာ္ေျဖသြားမွာျဖစ္ပါတယ္။

 

ဂီတကိုျမတ္နိုးတဲ့ အနုပညာရွင္ေမာင္နွမမ်ားျဖစ္တဲ့အျပင္ အျပင္မွာလည္းအရမ္းခ်စ္ၾကတဲ့ သူတုိ့ဟာ ရံပံုေငြအတြက္ခရီးစဥ္အျပင္ ၾသစေတးလ်ႏုိင္ငံမွာ ေပ်ာ္ရႊင္စြာသြားေရာက္လည္ပတ္ေနၾကပံုကိုလည္း ေ၀မွ်ထားပါေသးတယ္။ ဆစ္ဒေနးေဖ်ာ္ေျဖပြဲရက္မတုိင္ခင္မွာလည္း ဆစ္ဒေနးျမိဳ့ ေတာ္၀င္အမ်ိဳးသားဥယ်ာဥ္မွာရွိတဲ့ အဂၤလိပ္ဂဏန္း (8) ပံုစံေရကန္ငယ္ေလးကိုသြားေရာက္ခဲ့ၾကပါေသးတယ္။ဒီေရကန္ငယ္ေလးကိုေရာက္ဖို့ ေတာင္တက္ခရီး၊ေျခလ်င္ခရီးေတြလုပ္ရတာေၾကာင့္ ခက္ခက္ခဲခဲသြားရတဲ့ေနရာျဖစ္ျပီး ဆစ္ဒေနးျမိဳ့ရဲ့ သြားေရာက္လည္ပတ္စရာေနရာတစ္ခုဆိုလည္း မမွားပါဘူး။ ခက္ခက္ခဲခဲခရီးၾကမ္းကို ဂီတေမာင္နွမေတြနဲ့အတူ ေပ်ာ္ရႊင္စြာသြားေရာက္ခဲ့တာေၾကာင့္ “အရမ္းေပ်ာ္ဖို့ေကာင္းတဲ့ အမွတ္တရ trip ေလးပါ” ဆိုျပီး ကိုအာဇာနည္ကေ၀မွ်ခဲ့ပါတယ္။ ဆစ္ဒေနးေရာက္ျမန္မာတို့ကုိလည္း ရံပံုေငြပြဲေလးျဖစ္တာေၾကာင့္ ေအာက္တိုဘာလ(၁၉)ရက္မွာ ကုသိုလ္လည္းရ ဘ၀အေမာေတြလည္းေျပေစဖို့အတြက္ သြားၾကည့္ဖို့တိုက္တြန္းလိုက္ပါတယ္ေနာ္။

Source – Zarni Myonyunt
Rainbow- Cele Gabar

error: Content is protected !!