“ဆုတံဆိပ်တွေအများကြီး ပိုင်ဆိုင်ထားတဲ့ သားသားလေးကြောင့် ပီတိဖြစ်နေတဲ့ မေမေ ထွန်းအိန္ဒြာဗိုလ်”

ထွန်းအိန္ဒြာဗိုလ် ကတော့ သူမတူဘဲထူးခြားတဲ့ အသံကိုပိုင်ဆိုင်ထားပြီး အနုပညာလောကမှာ ယနေ့အထိကိုအောင်မြင်မှုတွေရရှိထားတဲ့ သူတစ်ယောက်ပါ။လက်ရှိအချိန်ထိ သီချင်းတွေကို သီဆိုတဲ့နေရာမှာ အသက်အရွယ်နဲ့မလိုက်အောင် အသံပါဝါကောင်းကောင်းနဲ့ ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်တာကြောင့် ပရိသတ်တွေရဲ့ ချီးကျူးမှုကို ရရှိနေတဲ့ ဝါရင့်အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။One Lady Showကျင်းပနိုင်တဲ့အထိကို အဆိုပိုင်းမှာ အောင်မြင်မှုတွေ ရရှိသိမ်းပိုက်ထားနိုင်တဲ့ နိုင်ငံကျော်အဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်။

ထွန်းအိန္ဒြာဗိုလ်ကတော့ အဆိုတော်တစ်ယောက်အနေနဲ့သာမက သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း အကယ်ဒမီဆုကြီးကို ရရှိပိုင်ဆိုင်ထားပါသေးတယ်။လက်ရှိအချိန်အထိအနုပညာအလုပ်တွေကို လုပ်ကိုင်နေပြီး အေးချမ်းတဲ့ဘဝလေးကို ချစ်စရာကောင်းတဲ့သားသားလေးတစ်ယောက်နဲ့အတူတည်ဆောက်ထားတာပါ။ထွန်းအိန္ဒြာဗိုလ်ရဲ့ သားသားလေးဟာဆိုရင်လည်း ထူးချွန်ပြီးထက်မြတ်တဲ့အပြင် မိဘစကားကို နားထောင်တဲ့ သားလိမ္မာလေးတစ်ယောက်လည်းဖြစ်ပါတယ်။

လတ်တလောမှာတော့ ထွန်းအိန္ဒြာဗိုလ်ကသူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပြောစကားနားထောင်ကာ လိမ္မာတဲ့သားသားလေးကြောင့် ပီတိဖြစ်နေရပြီး “သား က သိပ်စိတ်မပါပေမယ့် ခိုင်းတော့လဲ ကြိုးစား လုပ် ရှာတယ်။အခု အတန်းကြီးတော့ စာတွေ များလာလို့ GOLF သိပ် မရိုက်ဖြစ်တော့ပါဘူး”လို့ မေမေရဲ့စကားကို နားထောင်ကာ ကြိုးကြိုးစားစားနဲ့ ဆုတွေအများကြီးယူပေးထားတဲ့ သားသားလေးရဲ့အကြောင်းကို ဖော်ပြလာတာပဲဖြစ်ပါတယ်။မေမေထွန်းအိန္ဒြာဗိုလ်ကတော့ လိမ္မာတဲ့သားသားလေးကြောင့် ပီတိဖြစ်နေရပါတယ်နော်။

Source : Htun Aeindra Bo
Chilli – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်။

 


မေမေ့စကားနားထောင်ပြီးလိမ္မာလိုက်တဲ့ သားလေး




Source : Htun Aeindra Bo
Chilli – CeleGabar

error: Content is protected !!