” မုန်းတဲ့အချိန် မင်းကကိုက်ချင်စရာကောင်းတယ်ဆိုတဲ့ မအေးသောင်း “

နိုင်ငံကျော်မင်းသမီးချော အပျိုကြီးမမ အေးဝတ်ရည်သောင်းကတော့ မကြာခဏဆိုသလို့ ချစ်သူကိုရည်ရွယ်တဲ့ စာလေးတွေတင်လေ့ရှိကာ လက်ရှိမှာတော့ မုန်းတဲ့အချိန်ဆို ချစ်သူကကိုက်ချင်စရာကောင်းတဲ့အကြောင်းကို “ကိုယ်ချစ်တဲ့အချိန်မင်းချစ်ဖို့ကောင်းပြီး ကိုယ်မုန်းတဲ့အချိန် မင်းကကိုက်ချင်စရာကောင်းပါတယ် ” လို့ သူရဲ့လူမှုကွန်ရက် စာမျက်နာမှာ ဖော်ပြထားပါတယ်။ဆွဲငင်ဖမ်းစားနိုင်တဲ့ကောက်ကြောင်းအလှတွေကြောင့် မြန်မာဆန်ဆန်လေးသာမက ပေါ့ပါးတဲ့ဖက်ရှင်တွေနဲ့ ပုရိသတွေရဲ့အသည်းစွဲအနုပညာရှင်တွေထဲမှာတော့ မအေးသောင်းတစ်ယောက်ထိပ်ဆုံးပဲဖြစ်ပါတယ်။


မအေးသောင်းရဲ့ အချစ်ရေးကလည်း ပရိသတ်တွေအထူးတလည်စိတ်ဝင်စားခြင်းခံနေရပြီး မကြာသေမီအချိန်က ပါးဖောင်းဖောင်းနဲ့ ချစ်သူလေးကို ” ပါးဖောင်းတာလေးကို ချစ်တာ ” ဆိုပြီးသူရဲ့ ဖေ့စ်ဘွတ် My Day မှချပြခဲ့ပါသေးတယ်။သူကတော့ အသက် (၁၂)နှစ်လောက်ကတည်းက မော်ဒယ်မင်းသမီးတစ်ယောက်အနေနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာတဲ့ သူတစ်ယောက်ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာတော့ အနုပညာအလုပ်တွေကို ရပ်နားခဲ့ပါသေးတယ်။လက်ရှိမှာတော့ အနုပညာလုပ်ငန်းတွေကို ပြန်လည်လုပ်ကိုင်လာပြီး ပထမဆုံးပြန်လည်ရိုက်ကူးခဲ့တဲ့ “မုန်းစွဲ”ရုပ်ရှင်ဇာတ်ကားကြီး မှာတင် သူရဲ့ ပီပြင်ပြောင်မြောက်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်အားပေးချစ်ခင်မှုကို အပြည့်အဝပြန်လည်ရရှိခဲ့တာပဲဖြစ်ပါတယ်။


လက်ရှိမှာတော့ အနုပညာအလုပ်တွေကို အားတufသရောလုပ်ကိုင်နေပြီး ဖြူစင်တဲ့ စိတ်ထားလေးဖြင့် လူမှုအကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်တက်တဲ့ သူတွေထဲမှာ တစ်ယောက်အနေနဲ့ အပါအဝင်ပဲဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရေ မအေးသောင်းကတော့ ချစ်သူကို Ro နေပါပြီနော်….

Source: Aye Thaung
DarDar-CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်






error: Content is protected !!