ဘန်ကောက်ကိုရောက်ရှိနေပြီး ရင်ခုန်စရာအစီအစဉ်လေးတွေချပြတော့မဲ့အကြောင်းပရိသတ်ကိုအသိပေးလိုက်တဲ့ ဝတ်မှုန်ရွှေရည်

မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲမင်းသမီးချောလေးဖြစ်တဲ့ဝတ်မှုန်ရွှေရည်ကိုတော့ လူတော်တော်များများသိကြမှာပါ။အကယ်ဒမီ(၂)ကိုပိုင်ဆိုင်ထားတဲ့မင်းသမီးချောလေးဟာ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကိုလက်ခံရိုက်ကူးနေရသလို ကြေငြာတွေမှာလည်း မကြာမကြာတွေ့နေရတဲ့ Commercial Queen တစ်ယောက်ပါ။

အလှပုံရိပ်လေးတွေ တင်ရင်တောင်မှ ပရိသတ်တွေစိတ်ဝင်တစားစောင့်ကြည့်ခံ ရတဲ့ဖက်ရှင်ကျလွန်းသူလည်းဖြစ်ပါတယ်။အလုပ်တွေမအားလပ်အောင်ရှိနေတဲ့ ရွှေကစ်ကတော့ အခုဆိုရင်ဘန်ကောက်ကိုရောက်နေပြန်ပါပြီ။အဲ့ဒီအကြောင်းကို ဖေ့ဘွတ်ခ်မှာတင်ထားပါသေးတယ်။“အခုလည်း Bangkok မှာ Kanebo က global team နဲ့အတူ စိတ်ခုန်စေမည့် အစီအစဉ်လေးတစ်ခုရှိလို့ လာပြောတာ။ Stay Tuned…” လို့ ရေးသားထားတာဖြစ်ပါတယ်။


ရွှေကစ်ဟာအမိုက်စားအလန်းစားဖက်ရှင်တွေ ပိုစ့်တွေနဲ့ဖမ်းစားနိုင်လွန်းသူကြီးတစ်ယောက်ပါ။ဘန်ကောက်ကိုရောက်ရှိနေတဲ့ပုံရိပ်တွေကလည်းမျက်စိမလွှဲချင်စရာကောင်းလောက်အောင်လှပလွန်းနေပါတယ်။လှပသလိုဖက်ရှင်ကျလွန်းတဲ့ရွှေကစ်လေးက စိတ်ခုန်စရာတွေရှိတယ်ဆိုကတည်းက ပရိသတ်ကြီးကရင်ခုန်နေတော့မှာအမှန်ပါပဲနော်….။
Source : WuttHmoneShweYi
Moe : Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်


Moe : Cele Gabar

error: Content is protected !!