” Asian Academy Creative Awards မှာ ဆုပေါင်း (၆) ဆုရှိပိုင်ဆိုင်ခဲ့တဲ့ လိပ်ပြာစံအိမ်ဇာတ်ကားကြီး “

“လိပ်ပြာစံအိမ် ” ရုပ်ရှင်ဇာတ်ကားကြီး ဆိုတာနဲ့ မြန်မာတစ်နိုင်ငံလုံးက ကလေးတွေရော လူကြီးတွေပါ တခဲနက်အားပေးကြမ်းခဲ့တဲ့ သရဲကားတစ်ကားလို့ဆိုရမှာပါ။ အမေတစ်ယောက်ရဲ့ မေတ္တာစေတနာ ကို ဖော်ပြခဲ့တဲ့ ဇာတ်အိမ်မျိုးဖြစ်ပြီး ဇာတ်လမ်းဇာတ်ကွက်ကျကျနဲ့ ဇာတ်ရှိန်ကိုလျော့မသွားအောင် ဆွဲဆောင်နိုင်ခဲ့တဲ့ ကားတစ်ကားလို့တောင် ပရိသတ်အများစုရဲ့ မှတ်ချက်ပေးခံခဲ့ရတာပဲ ဖြစ်ပါတယ်။

ရုံတင်ပြသခဲ့တဲ့အချိန်ကစပြီး ပြည်တွင်းမှာ အခုထိ ရုံတင်ပြသနေရတဲ့ ဇာတ်ကားတစ်ကားပါ။ Brave Empire Entertainment ရဲ့ ပွဲဦးထွက်ကားတစ်ကား ဖြစ်ပြီ ပြည်ပနိုင်ငံတွေမှာ ပြသခဲ့ပြီးနောက် ဝမ်းသာစရာသတင်းတစ်ခု ထွက်ပေါ်လာတာလို့ပြောရမှာပါ။ လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင် (၂၀၁၉ )ခုနှစ် Asian Academy Creative Awards မှာ Regional ဆုပေါင်း (၆) ဆုရှိပိုင်ဆိုင်ခဲ့တာကြောင့်ပါ။

ရရှိခဲ့တဲ့ဆုတွေကတော့ အကောင်းဆုံးဒါရိုက်တာဆု ၊ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု၊ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု၊ အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံးဓာတ်ပုံဆုနဲ့ အကောင်းဆုံးဇာတ်ဝင်တေးဆုတွေဖြစ်ပြီး နှစ်စဉ် အာရှ-ပစိဖိတ်ဒေသမှ တစ်နှစ်တာအတွင်း ထုတ်လုပ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းများကို ရွေးချယ်ပြီး အကောင်းဆုံး အနုပညာဆောင်ရွက်ချက်များအတွက် ဆုရွေးချယ်ချီးမြှင့်လျက်ရှိတဲ့ Asian Academy Creative Awards မှာ အခုလို ဆုတွေ ထိုက်ထိုက်တန်တန်ရရှိပိုင်ဆိုင်နိုင်တာ ပရိသတ်တွေရဲ့အားပေးမ့အပြင် အဖွဲ့သားတွေရဲ့ ကြိုးစားမှုရလဒ် တစ်ခုကြောင့်လို့ဆိုရမှာပါ။CeleGabar ပရိသတ်ကြီးလည်း လိပ်ပြာစံအိမ်အဖွဲ့သားတွေအတွက် ဂုဏ်ပြုစကားလေးပြောခဲ့ပါဦးနော်။

Source :လိပ်ပြာစံအိမ်- The Only Mom
Shwe Poe – CeleGabar
ဇော်ဂျီဗားရှင်း

” Asian Academy Creative Awards မွာ ဆုေပါင္း (၆) ဆုရွိပိုင္ဆိုင္ခဲ့တဲ့ လိပ္ျပာစံအိမ္ဇာတ္ကားႀကီး ”

“လိပ္ျပာစံအိမ္ ” ႐ုပ္ရွင္ဇာတ္ကားႀကီး ဆိုတာနဲ႔ ျမန္မာတစ္ႏိုင္ငံလုံးက ကေလးေတြေရာ လူႀကီးေတြပါ တခဲနက္အားေပးၾကမ္းခဲ့တဲ့ သရဲကားတစ္ကားလို႔ဆိုရမွာပါ။ အေမတစ္ေယာက္ရဲ႕ ေမတၱာေစတနာ ကို ေဖာ္ျပခဲ့တဲ့ ဇာတ္အိမ္မ်ိဳးျဖစ္ၿပီး ဇာတ္လမ္းဇာတ္ကြက္က်က်နဲ႔ ဇာတ္ရွိန္ကိုေလ်ာ့မသြားေအာင္ ဆြဲေဆာင္ႏိုင္ခဲ့တဲ့ ကားတစ္ကားလို႔ေတာင္ ပရိသတ္အမ်ားစုရဲ႕ မွတ္ခ်က္ေပးခံခဲ့ရတာပဲ ျဖစ္ပါတယ္။

႐ုံတင္ျပသခဲ့တဲ့အခ်ိန္ကစၿပီး ျပည္တြင္းမွာ အခုထိ ႐ုံတင္ျပသေနရတဲ့ ဇာတ္ကားတစ္ကားပါ။ Brave Empire Entertainment ရဲ႕ ပြဲဦးထြက္ကားတစ္ကား ျဖစ္ၿပီ ျပည္ပႏိုင္ငံေတြမွာ ျပသခဲ့ၿပီးေနာက္ ဝမ္းသာစရာသတင္းတစ္ခု ထြက္ေပၚလာတာလို ႔ေျပာရမွာပါ။ လိပ္ျပာစံအိမ္ ႐ုပ္ရွင္ဇာတ္ကားႀကီးဟာဆိုရင္ (၂၀၁၉ )ခုႏွစ္ Asian Academy Creative Awards မွာ Regional ဆုေပါင္း (၆) ဆုရွိပိုင္ဆိုင္ခဲ့တာေၾကာင့္ပါ။

ရရွိခဲ့တဲ့ဆုေတြကေတာ့ အေကာင္းဆုံးဒါ႐ိုက္တာဆု ၊ အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ေဆာင္ဆု၊ အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ပို႔ဆု၊ အေကာင္းဆုံးဇာတ္ကားဆု၊ အေကာင္းဆုံးဓာတ္ပုံဆုနဲ႔ အေကာင္းဆုံးဇာတ္ဝင္ေတးဆုေတြျဖစ္ၿပီး
ႏွစ္စဥ္ အာရွ-ပစိဖိတ္ေဒသမွ တစ္ႏွစ္တာအတြင္း ထုတ္လုပ္ခဲ့တဲ့ ႐ုပ္ရွင္ဇာတ္ကားေကာင္းမ်ားကို ေ႐ြးခ်ယ္ၿပီး အေကာင္းဆုံး အႏုပညာေဆာင္႐ြက္ခ်က္မ်ားအတြက္ ဆုေ႐ြးခ်ယ္ခ်ီးျမႇင့္လ်က္ရွိတဲ့ Asian Academy Creative Awards မွာ အခုလို ဆုေတြ ထိုက္ထိုက္တန္တန္ရရွိပိုင္ဆိုင္ႏိုင္တာ ပရိသတ္ေတြရဲ႕အားေပးမ့အျပင္ အဖြဲ႕သားေတြရဲ႕ ႀကိဳးစားမႈရလဒ္ တစ္ခုေၾကာင့္လို႔ဆိုရမွာပါ။CeleGabar ပရိသတ္ႀကီးလည္း လိပ္ျပာစံအိမ္အဖြဲ႕သားေတြအတြက္ ဂုဏ္ျပဳစကားေလးေျပာခဲ့ပါဦးေနာ္။

Source :လိပ္ျပာစံအိမ္- The Only Mom
Shwe Poe – CeleGabar

x
error: Content is protected !!