အသားညိုတာနဖူးပြောင်တာတွေနဲ့ပတ်သက်ပြီး ကိုယ့်ကိုကိုယ်အရွှန်းဖောက်ပြောလိုက်တဲ့ ဖြူဖြူကျော်သိန်း

ကိုယ်ပိုင်စတိုင်၊ ကိုယ်ပိုင်အရည်အချင်းနဲ့ရပ်တည်လာခဲ့တဲ့ ဖြူဖြူကျော်သိန်းဟာဆိုရင်
အောင်မြင်ကျော်ကြားတဲ့အဆိုတော်တစ်ယောက်အနေနဲ့ အနုပညာလောကထဲကိုဝင်ရောက်လာတာ အခုဆိုရင် ဆယ်စုနှစ်တစ်ခုကျော်လာခဲ့ပြီဆိုရမှာပါ။ သူရဲ့ပထမဆုံး တစ်ကိုယ်တော်စီးရီးဖြစ်တဲ့ “လုံးဝမသက်ဆိုင်တော့ပါ” အခွေထဲကစပြီး သူများနဲ့မတူကွဲထွက်နိုင်ခဲ့တာကြောင့် ပရိသတ်ရဲ့အမြင်ကိုတစ်မျိုးဆွဲဆောင်နိုင်ခဲ့တာဆိုရင်လည်း မမှားပါဘူး။

ဖြူဖြူဟာ သူရဲ့ဖက်ရှင်ဒီဇိုင်းနဲ့ပတ်သက်ပြီး အသေးစိတ်စီစဉ်လေ့ရှိတဲ့အပြင် မတူညီတဲ့အမြင်နဲ့ဖန်တီးနိုင်တဲ့အတွက်ကြောင့် တခါတရံမှာဝေဖန်ပြောဆိုခံရတာမျိုးရှိပေမယ့် သူယုံကြည်ရာလမ်းအတိုင်းသာ ဆက်လက်လျှောက်လှမ်းလေ့ရှိသူတစ်ယောက်ပါ။လက်ရှိမှာ မြန်မာအိုင်ဒေါ Season-4 ရဲ့ဒိုင်အဖြစ်ဆောင်ရွက်နေပြီး သူရဲ့ဖက်ရှင်အလန်းစားတွေကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

ဖြူဖြူဟာ ထက်မြက်တဲ့မိန်းမတစ်ယောက်ဖြစ်တဲ့အပြင် စကားအရာမှာလည်းလိမ်မာပါးနပ်တဲ့အတွက်ကြောင့် ပရိသတ်တွေအချစ်ပိုနေရသူတစ်ယောက်ဖြစ်ပါတယ်။ သူရဲ့ အလှအပနဲ့ပတ်သက်ပြီးလည်း ယုံကြည်မှုရှိတဲ့ဖြူဖြူကတော့
“အသားညိုတယ်ဆိုတာ ကင်မရာစားဖို့ပါ။မျက်လုံးပြူးတယ်ဆိုတာ အမြင်ကျယ်ဖို့ပါ။ နူတ်ခမ်းချွန်တယ်ဆိုတာ စွာစိလန်ဖို့ပါ။ နဖူးပြောင်တယ်ဆိုတာကတော့ မွှေးမွှေးပေးဖို့ပါ။” ဆိုပြီး သူရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာ ချစ်စဖွယ်ရေးသားခဲ့ပါတယ်။

Source – Phyu Phyu Kyaw Thein
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

အသားညိဳတာနဖူးေျပာင္တာေတြနဲ႔ပတ္သက္ၿပီး ကိုယ့္ကိုကိုယ္အ႐ႊန္းေဖာက္ေျပာလိုက္တဲ့ ျဖဴျဖဴေက်ာ္သိန္း

ကိုယ္ပိုင္စတုိင္၊ ကိုယ္ပိုင္အရည္အခ်င္းနဲ႔ရပ္တည္လာခဲ့တဲ့ ျဖဴျဖဴေက်ာ္သိန္းဟာဆိုရင္
ေအာင္ျမင္ေက်ာ္ၾကားတဲ့အဆိုေတာ္တစ္ေယာက္အေနနဲ႔ အႏုပညာေလာကထဲကို၀င္ေရာက္လာတာ အခုဆိုရင္ ဆယ္စုႏွစ္တစ္ခုေက်ာ္လာခဲ့ျပီဆိုရမွာပါ။ သူရဲ႕ပထမဆံုး တစ္ကိုယ္ေတာ္စီးရီးျဖစ္တဲ့ “လံုး၀မသက္ဆိုင္ေတာ့ပါ” အေခြထဲကစျပီး သူမ်ားနဲ႔မတူကြဲထြက္နုိင္ခဲ့တာေၾကာင့္ ပရိသတ္ရဲ႕အျမင္ကိုတစ္မ်ိဳးဆြဲေဆာင္နိုင္ခဲ့တာဆိုရင္လည္း မမွားပါဘူး။

ျဖဴျဖဴဟာ သူရဲ႕ဖက္ရွင္ဒီဇိုင္းနဲ႔ပတ္သက္ျပီး အေသးစိတ္စီစဥ္ေလ့ရွိတဲ့အျပင္ မတူညီတဲ့အျမင္နဲ႔ဖန္တီးႏုိင္တဲ့အတြက္ေၾကာင့္ တခါတရံမွာေ၀ဖန္ေျပာဆိုခံရတာမ်ိဳးရွိေပမယ့္ သူယံုၾကည္ရာလမ္းအတုိင္းသာ ဆက္လက္ေလွ်ာက္လွမ္းေလ့ရွိသူတစ္ေယာက္ပါ။လက္ရွိမွာ ျမန္မာအိုင္ေဒါ Season-4 ရဲ႕ဒိုင္အျဖစ္ေဆာင္ရြက္ေနျပီး သူရဲ့ဖက္ရွင္အလန္းစားေတြကို ျမင္ေတြ႔နိုင္မွာျဖစ္ပါတယ္။

ျဖဴျဖဴဟာ ထက္ျမက္တဲ့မိန္းမတစ္ေယာက္ျဖစ္တဲ့အျပင္ စကားအရာမွာလည္းလိမ္မာပါးနပ္တဲ့အတြက္ေၾကာင့္ ပရိသတ္ေတြအခ်စ္ပိုေနရသူတစ္ေယာက္ျဖစ္ပါတယ္။ သူရဲ႕ အလွအပနဲ႔ပတ္သက္ျပီးလည္း ယံုၾကည္မွုရွိတဲ့ျဖဴျဖဴကေတာ့
“အသားညိဳတယ္ဆုိတာ ကင္မရာစားဖုိ႔ပါ။မ်က္လံုးျပဴးတယ္ဆုိတာ အျမင္က်ယ္ဖို႔ပါ။ နူတ္ခမ္းခၽြန္တယ္ဆိုတာ စြာစိလန္ဖို႔ပါ။ နဖူးေျပာင္တယ္ဆိုတာကေတာ့ ေမႊးေမႊးေပးဖို႔ပါ။” ဆိုျပီး သူရဲ႕ေဖ့ဘြတ္ခ္စာမ်က္နွာမွာ ခ်စ္စဖြယ္ေရးသားခဲ့ပါတယ္။
Source – Phyu Phyu Kyaw Thein
Rainbow- Cele Gabar

error: Content is protected !!