” ပရိသတ်တွေကြားမှာဝေဖန်မှုများစွာဖြစ်နေပြီး အတော်လေးပွဲဆူနေတဲ့ The Model Academy “

Channel 7 ရုပ်သံလိုင်းမှာ ပြသနေဆဲဖြစ်ပြီး ပရိသတ်တွေအကြား ဝေဖန်မှုအကြီးအကျယ်ခံနေရတဲ့ The Model Academy Season 3 ကတော့ အောက်တိုဘာလ(၁၃)ရက်နေ့မှာ ထုတ်လွင်ပြသခဲ့တဲ့ Beauty Inside Out Challenge ပြိုင်ပွဲအပိုင်းကတော့ တော်တော်လေးပွဲဆူခဲ့ပါတယ်။ဒီအပိုင်းမှာတော့ ပြိုင်ပွဲမှသက်မှတ်ထားတဲ့ စည်ကမ်းချက်တွေကို ဖောက်ဖျက်ခဲ့တဲ့ပြိုင်ပွဲဝင်တွေရှိတာကြောင့် တရာဝင်ဖြေရှင်းရာမှာ ပြိုင်ပွဲဝင်နဲ့ဒိုင်လူကြီးတစ်ချို့ အငြင်းပွားမှုဖြစ်ခဲ့ကြတာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုမြင့်တက်လာခဲ့ပါတယ်။

Season (1) ကတော့ (၂၀၁၃)ခုနှစ်ကကျင်းပခဲ့ပြီး စူပါမော်ဒယ် ချွန်ချွန် က Winner ရရှိခဲ့ပြီး (၂၀၁၄)ခုနှစ်ကျင်းပခဲ့တဲ့ Season (2) မှာတော့ L လုံးလုံး ကရရှိခဲ့ပြီး ပရိသတ်တွေအားပေးမှု အခိုင်အမာရရှိထားတဲ့ အစီအစဉ်ဖြစ်ခဲ့ပါတယ်။ဒါကြောင့်လည်း ပရိသတ်တွေက (၄)နှစ်ကြာမှ ပြန်လည်ရိုက်ကူးတင်ဆက်တဲ့ Season (3) ကို အားပေးဖို့ အားခဲထားသမျှ “ခဲလေသမျှ၊သဲရေကျ” ဆိုတဲ့ စကားပုံအတိုင်းဖြစ်နေရတာမို့ အားမလိုအားမရဖြစ်နေပါတယ်။ပြိုင်ပွဲကြီးစတင်ထုတ်လွင့်ချိန်မှာထဲက ပြိုင်ပွဲဝင်တွေအပေါ် ဆက်ဆံပုံတွေနဲ့ ဝေဖန်အကြံပေးပုံတွေကြောင့် စတင်ဝေဖန်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ အောက်တိုဘာလ(၁၃)ရက်နေ့မှာ ထုတ်လွင်ပြသခဲ့တဲ့ အပိုင်းရဲ့ပွဲဆူခဲ့ရတဲ့အကြောင်းအရင်းကို ဗီဒီယိုဖိုင်နဲ့အတူ ချပြလိုက်ပါတယ်။ဒီဗီဒီယိုဖိုင်ကြောင့် ဝေဖန်မှုမှာကျဆင်းသွားချင်းမရှိပဲ ပိုမိုမြင့်တတ်လာခဲ့တာကိုတွေ့ရပါတယ်။CeleGabar ပရိသတ်ကြီးလည်း ဗီဒီဖိုင်လေးကြည့်ပြီးရင် ထင်မြင်ချက်လေးတွေ မျှဝေခဲ့ပါဦးနော်။

Source: The Model Academy
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်





error: Content is protected !!