“အဖိုးဖြစ်သူ ဆုံးပါးသွားတာကြောင့် ကြေကွဲဝမ်းနည်းနေတဲ့ ဘေဘီမောင်”

ဘေဘီမောင်ကတော့ ယောက်ျားလေး ပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးဝန်းရံခြင်းကို ခံနေရတဲ့ မင်းသမီးချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။ဘေဘီမောင်ရဲ့လှပပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတာကြောင့် ယောက်ျားလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကို သာမက မိန်းကလေး ပရိသတ်တွေအားကျနှစ်သက်မှုကိုရရှိထားတဲ့ မင်းသမီးလေးတစ်ယောက်ပါ။လက်ရှိမှာလည်း အားပေးဝန်းရံသူအမြောက်မြေားကိုပိုင်ဆိုင်ထားပြီး အနုပညာလောကမှာနေရာတစ်နေရာရရှိထားတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၆)ရက်နေ့မှာတော့ ဘေဘီမောင်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ စိတ်မကောင်းစရာသတင်းလေးတစ်ခုကို ဖော်ပြလာတာပဲဖြစ်ပါတယ်။ အဲ့ဒီဝမ်းနည်းစရာ သတင်းလေးကတော့ ဘေဘီမောင်ရဲ့ အဖိုးဖြစ်သူဆုံးပါးသွားတဲ့ သတင်းလေးပဲဖြစ်ပါတယ်။ချစ်ရတဲ့ အဖိုးဆုံးပါးသွားခဲ့တာကြောင့် ဘေဘီမောင်တစ်ယောက် တော်တော်ကြီးကို စိတ်မကောင်းဖြစ် ဝမ်းနည်းနေရတာပါ။

ပရိသတ်တစ်ချို့ကတော့ ဘေဘီမောင်ရဲ့ အဖိုးတစ်ယောက် ကောင်းရာမွန်ရာဘုံဘဝကို ရောက်ရှိဖို့ကို ဆုတောင်းပေးနေကြတဲ့အပြင် ဘေဘီမောင်နဲ့အတူ ထပ်တူထပ်မျှဝမ်းနည်းကြေကွဲစိတ်မကောင်းဖြစ်နေရကြောင်းနဲ့ စိတ်မကောင်းဖြစ် ဝမ်းနည်းနေတဲ့ ဘေဘီမောင်ကို နှစ်သိမ့်အားပေးစကားတွေပြောဆိုပေးနေကြတာတွေလည်း တွေ့ရပါတယ်။CeleGabar ပရိသတ်ကြီးတွေလည်း စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းနေတဲ့ ဘေဘီ့ကို အားပေးနှစ်သိမ့်စကားလေးတွေ ပြောခဲ့ပေးပါဦး။

Source : Baby Maung
Chilli – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်။





Source : Baby Maung
Chilli – CeleGabar

error: Content is protected !!