” ပရိသတ်တွေ စိုးရိမ်တကြီးအားပေးစကားဆိုနေရတဲ့ ဖွေးဖွေးရဲ့ စိတ်အခြေအနေ “

နိုင်ငံကျော်သမီးချောလေး ဖွေးဖွေးကတော့ အောက်တိုဘာလ (၁၈)ရက်နေ့မှာ သူရဲ့ ခံစားချက်တချို့ကို ” အမြဲရှိဖို့ကြိုးစားနေသူကို တခါတလေ…အမြဲရှိနေလို့ တချို့တွေကတန်ဖိုးမထားတတ်ကြဘူးဆိုတာ တကယ်ပါပဲလား…ကိုယ်လုပ်ချင်ရာတွေလုပ်…နှစ်တွေအကြာကြီးပျောက်သွားပြီး….ပြန်ပေါ်လာမှ တန်ဖိုးထား..လွမ်းကြမှာလား….ငါ….တခြားအိပ်မက်တွေကိုပစ်ထားပြီး…ဒီနေရာမှာပဲ…အမြဲရှိဖို့ ကြိုးစားနေတာ… မှားများနေပြီလား….ငါ….စဉ်းစားပါ…. ” လို့လူမှုကွန်ရက် စာမျက်နာမှာဖော်ပြခဲ့ပါတယ်။ယခုလို့တင်လိုက်တဲ့အပေါ်မှာတော့ ချစ်တဲ့ ပရိသတ်တွေက စိတ်အညစ်မခံဖို့ အားပေးစကားတွေဆိုထားတာလည်းဖြစ်ပါတယ်။

ဖွေးဖွေးကတော့ အနုပညာလောကမှာလည်း ဇာတ်လမ်းဇာတ်ရုပ်တွေကို ပီပြင်အောင်သရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်တာကြောင့် အကောင်းဆုံး အကယ်ဒမီဆုတွေကို “လက်ပံ”၊”ကျွန်မကနှင်းဆီပါမောင်”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ရရှိခဲ့ပါတယ်။ သူမပါဝင်သရုပ်ဆောင်ထားတဲ့ “သူစိမ်းအိမ်”ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင်လည်း ပရိသတ်တွေကြားမှာ သည်းထိတ်ရင်ဖိုမှုအပြည့်နဲ့ စိတ်လှုပ်ရှားစရာတွေ ပြည့်နှက်နေတာဖြစ်ပြီး ပရိသတ်အားပေးမှုကို အခိုင်အမာရရှိခဲ့ပါတယ်။ လက်ရှိမှာလည်း နိုင်ငံကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဒေါင်းနဲ့အတူ “Love Equation”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေတယ်လို့သိရပါတယ်။

သူကိုချစ်ကြတဲ့ပရိသတ်တွေကတော့ “မှန်ကန်တဲ့ကြိုးစားမှုတိုင်းအတွက် ရလဒ်ကောင်းတွေ အမြဲရမှာပါ ဘာဘဲဖြစ်ဖြစ် ဆက်ပီးကြိုးစားပေးပါမဖွေး မလိုတဲ့သူတွေ‌‌ဝေဖန်တိုက်ခိုက်တာကိုဂရုမစိုက်ပါနဲ့ Fighting Ma Phway” ၊ “ဘယ်သူတွေဘာပဲပြောပြော fan တွေကတော့အမြဲရပ်တည်နေမာပါ မနာလိုသူတွေ အာချောင်သူတွေအချိန်တန်ရပ်သွားမှာပါ အောင်မြင်မူရလေလေ မနာလိုသူတွေ ပေါလာလေလေပါပဲ ဖိုက်နင်း မ ရေ” ဆိုတဲ့ အားပေးစကားလေးတွေ ပြောခဲ့ကြပါတယ်။CeleGabar ပရိသတ်ကြီးရေ ဖွေးစိန်လေးကို ချစ်ရင် အားပေးစကားလေးတွေပြောသွားကြနော်။

Source: Phway Phway
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်

” ပရိသတ္ေတြ စိုးရိမ္တႀကီးအားေပးစကားဆိုေနရတဲ့ ေဖြးေဖြးရဲ႕ စိတ္အေျခအေန ”

ႏိုင္ငံေက်ာ္သမီးေခ်ာေလး ေဖြးေဖြးကေတာ့ ေအာက္တိုဘာလ (၁၈)ရက္ေန႔မွာ သူရဲ႕ ခံစားခ်က္တခ်ိဳ႕ကို ” အၿမဲရွိဖို႔ႀကိဳးစားေနသူကို တခါတေလ…အၿမဲရွိေနလို႔ တခ်ိဳ႕ေတြကတန္ဖိုးမထားတတ္ၾကဘူးဆိုတာ တကယ္ပါပဲလား…ကိုယ္လုပ္ခ်င္ရာေတြလုပ္…ႏွစ္ေတြအၾကာႀကီးေပ်ာက္သြားၿပီး….ျပန္ေပၚလာမွ တန္ဖိုးထား..လြမ္းၾကမွာလား….ငါ….တျခားအိပ္မက္ေတြကိုပစ္ထားၿပီး…ဒီေနရာမွာပဲ…အၿမဲရွိဖို႔ ႀကိဳးစားေနတာ… မွားမ်ားေနၿပီလား….ငါ….စဥ္းစားပါ…. ” လို႔လူမႈကြန္ရက္ စာမ်က္နာမွာေဖာ္ျပခဲ့ပါတယ္။ယခုလို႔တင္လိုက္တဲ့အေပၚမွာေတာ့ ခ်စ္တဲ့ ပရိသတ္ေတြက စိတ္အညစ္မခံဖို႔ အားေပးစကားေတြဆိုထားတာလည္းျဖစ္ပါတယ္။

ေဖြးေဖြးကေတာ့ အႏုပညာေလာကမွာလည္း ဇာတ္လမ္းဇာတ္႐ုပ္ေတြကို ပီျပင္ေအာင္သ႐ုပ္ေဆာင္ႏိုင္သူတစ္ေယာက္ျဖစ္တာေၾကာင့္ အေကာင္းဆုံး အကယ္ဒမီဆုေတြကို “လက္ပံ”၊”ကြၽန္မကႏွင္းဆီပါေမာင္”ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြနဲ႔ ရရွိခဲ့ပါတယ္။ သူမပါဝင္သ႐ုပ္ေဆာင္ထားတဲ့ “သူစိမ္းအိမ္”႐ုပ္ရွင္ဇာတ္ကားႀကီးဟာဆိုရင္လည္း ပရိသတ္ေတြၾကားမွာ သည္းထိတ္ရင္ဖိုမႈအျပည့္နဲ႔ စိတ္လႈပ္ရွားစရာေတြ ျပည့္ႏွက္ေနတာျဖစ္ၿပီး ပရိသတ္အားေပးမႈကို အခိုင္အမာရရွိခဲ့ပါတယ္။ လက္ရွိမွာလည္း ႏိုင္ငံေက်ာ္သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ေဒါင္းနဲ႔အတူ “Love Equation”ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားမွာ ပါဝင္သ႐ုပ္ေဆာင္ေနတယ္လို႔သိရပါတယ္။

သူကိုခ်စ္ၾကတဲ့ပရိသတ္ေတြကေတာ့ “မွန္ကန္တဲ့ႀကိဳးစားမႈတိုင္းအတြက္ ရလဒ္ေကာင္းေတြ အၿမဲရမွာပါ ဘာဘဲျဖစ္ျဖစ္ ဆက္ပီးႀကိဳးစားေပးပါမေဖြး မလိုတဲ့သူေတြ‌‌ေဝဖန္တိုက္ခိုက္တာကိုဂ႐ုမစိုက္ပါနဲ႔ Fighting Ma Phway” ၊ “ဘယ္သူေတြဘာပဲေျပာေျပာ fan ေတြကေတာ့အၿမဲရပ္တည္ေနမာပါ မနာလိုသူေတြ အာေခ်ာင္သူေတြအခ်ိန္တန္ရပ္သြားမွာပါ ေအာင္ျမင္မူရေလေလ မနာလိုသူေတြ ေပါလာေလေလပါပဲ ဖိုက္နင္း မ ေရ” ဆိုတဲ့ အားေပးစကားေလးေတြ ေျပာခဲ့ၾကပါတယ္။CeleGabar ပရိသတ္ႀကီးေရ ေဖြးစိန္ေလးကို ခ်စ္ရင္ အားေပးစကားေလးေတြေျပာသြားၾကေနာ္။

error: Content is protected !!