ဝမ်းနည်းတဲ့အထိမ်းအမှတ်နဲ့ပရိုမိုးရှင်းပွဲကိုမတက်ရောက်ခဲ့ပေမဲ့ ညစာစားပွဲကိုတက်ရောက်ပေးခဲ့တဲ့ Song Hye Kyo

Song Hye Kyo ကတော့ တောင်ကိုရီးယားရဲ့ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်သလို ပြည်ပနိုင်ငံတွေမှာလည်းအားပေးတဲ့ပရိသတ်အများအပြားရှိသူပါ။ဒါကြောင့်လည်း သူ့ရဲ့လှုပ်ရှားမှုတိုင်းကို မီဒီယာတွေ ပရိသတ်တွေအာရုံစိုက်နေကြတာဖြစ်ပါတယ်။ကွာရှင်းပြီးနောက်ပိုင်း ပြည်ပနိုင်ငံတွေမှာ ပွဲတွေဆက်တိုက်တက်နေပြီးနောက် ကိုရီးယားမှာလူအများရှေ့ကိုပေါ်ထွက်လာတော့မဲ့အခမ်းအနားတစ်ခုရှိခဲ့ပါတယ်။


အဲ့ဒီပွဲကတော့ လတ်ဝတ်ရတနာအမှတ်တံဆိပ်တစ်ခုရဲ့ပွဲဖြစ်ပါတယ်။ဒါပေမဲ့လည်းSong Hye Kyoဟာ အဆိုတော်၊မင်းသမီး Sulli ကိုယ့်ကိုကိုယ်သေကြောင်းကြံသွားတဲ့အပေါ်ဝမ်းနည်းကြေကွဲတဲ့အနေနဲ့ဒီပွဲကိုတက်ရောက်ဖို့ကိုလည်းဖျက်ပစ်ခဲ့ပါတယ်။အမှတ်တံဆိပ်ရဲ့ပရိုမိုးရှင်းပွဲကိုမတက်ရောက်ခဲ့ပေမဲ့ ညစာစားပွဲကိုတော့တက်ရောက်ခဲ့ပါတယ်။


Song Hye Kyo ရဲ့ထုံးစံအတိုင်း ညစာစားပွဲပုံရိပ်တွေမှာလည်း အပြစ်ပြောစရာမရှိအောင်လှရက်လွန်းနေတာလည်းဖြစ်ပါတယ်။အနက်ရောင်ဝတ်စုံလေးနဲ့အတူ ရိုးရိုးရှင်းရှင်းပြင်ဆင်ထားတဲ့ Song Hye Kyo ဟာ ငေးလောက်အောင်လှပနေတာအမှန်ပါပဲ။စာနာတတ်လွန်းတဲ့ Song Hye Kyo ကတော့ အနက်ရောင်ဝတ်စုံကိုဒီပွဲမှာဝတ်ဆင်ခဲ့တာဟာ ဝမ်းနည်းခြင်းသဘောကိုဆောင်နေမလားနော်…။
Source : chaumet
Moe – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

ဝမ်းနည်းတဲ့အထိမ်းအမှတ်နဲ့ပရိုမိုးရှင်းပွဲကိုမတက်ရောက်ခဲ့ပေမဲ့ ညစာစားပွဲကိုတက်ရောက်ခဲ့တဲ့ Song Hye Kyo




Source : chaumet
Moe – CeleGabar

error: Content is protected !!