အောင်ထက်နဲ့ဖြိုးပြည့်စုံတို့ရဲ့ဖန်တီးမှုတေးသီချင်းအသစ်တွေကို မြင်တွေ့ရဦးမလား

အဆိုတော်ဖြိုးပြည့်စုံဟာ “မျှော်နိုင်သမျှ” ခွေကစပြီး ပရိသတ်အကြိုက်သီချင်းတွေနဲ့ဖမ်းစားထားသူပါ။ဖြိုးပြည့်စုံဟာသိပ်မကြာသေးခင်ကမှားယွင်းစွပ်စွဲခံရပြီး အချုပ်ထဲကိုရောက်ခဲ့ရပါသေးတယ်။အဲဒီနောက်ပိုင်းမှာအနုပညာရှင်ပီသစွာပဲ ပွဲတွေဖျော်ဖြေနေသလိုသီချင်းအသစ်တွေထုတ်ဖို့တောင်မှကြိုးစားနေပြီလို့ဆိုရပါမယ်။


ဘာကြောင့်လဲဆိုရင်တော့ အဆိုတော်အောင်ထက်ရဲ့ဖေ့ဘွတ်ခ်ကပိုစ့်တစ်ခုကြောင့်ဖြစ်ပါတယ်။အောင်ထက်ကတော့သူတို့အတူရိုက်ထားတဲ့ဓာတ်ပုံနဲ့ “တိုင်ပင်ဆွေးနွေး သီချင်းအရေး” ဆိုပြီးတင်ထားတာဖြစ်ပါတယ်။အောင်ထက်ဟာ အိမ်မက်ဆုံရာရဲ့ season 1 မှာ အနိုင်ရရှိခဲ့ပြီး သီချင်းကောင်းများစွာနဲ့ပရိသတ်အကြိုတွေ့စေသူတစ်ယောက်ဖြစ်ပါတယ်။


မြန်မာနိုင်ငံရဲ့နာမည်ကြီးအဆိုတော်တွေဖြစ်တဲ့ အောင်ထက်နဲ့ဖြိုးပြည့်စုံတို့ကတော့ သီချင်းအသစ်တွေထွက်ရှိလာဖို့ဆွေးနွေးတိုင်ပင်နေကြပုံပါပဲ။သူတို့နှစ်ဦးဟာ (၂၀၁၈)ခုနှစ်မှာ “ကြယ်” တေးစီးရီးကိုလည်း ပူးပေါင်းဖန်တီးပြီးထွက်ရှိထားပါသေးတယ်။သီချင်းအေးအေးလေးတွေနဲ့ပရိသတ်ပါးစပ်ဖျားရေပန်းစားစေတဲ့ အဆိုတော်နှစ်ဦးရဲ့ပူးပေါင်းမှုဟာဘယ်လိုဖြစ်လာဦးမလဲဆိုတာပရိသတ်တွေအတွက်တော့ရင်ခုန်စရာပါပဲနော်…။
Source:AungHtet
Moe – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်





Source:AungHtet
Moe – CeleGabar

error: Content is protected !!