” “ကြီးရွှေ”(ချိုးရုပ်) လား ” တိုင်ရွန်”(အခမ်းနားဆုံးမေတ္တာ) လားလို့ ပရိသတ်ကိုမေးခွန်းထုတ်လိုက်တဲ့ တိုင်ရွန် “

လက်ရှိ ရုံပြိုင်ပြသနေတဲ့ “ချိုးရုပ်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့” အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကားကြီး တွေမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မော်ဒယ်မင်းသားချော တိုင်ရွန်ကတော့ ဘယ်ဇာတ်ကောင်ကို ပိုကြိုက်လဲ ဆိုတဲ့ မေခွန်းကို “ကြီးရွှေ (ချိုးရုပ်) နဲ့ တိုင်ရွန် (အခမ်းနားဆုံးမေတ္တာ)ဘယ်ဟာကြည့်ပြီးကြပြီလဲ ပြောကြပါဦး ဘယ်ဟာပိုသဘောကျလဲ” လို့ သူရဲ့ လူမှုကွန်ရက် စာမျက်နာမှာ ဖော်ပြထားပါတယ်။

ပရိသတ်အချစ်တော်သရုပ်ဆောင်ခင်လှိုင်ရဲ့ ဒါရိုက်တာတစ်ယောက်အနေဖြင့် ပထမဦးဆုံး ရုံတင်မည့် “ချိုးရုပ်” ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ တိုင်ရွန်ဟာ နိုင်ငံကျော် အနုပညာရှင်များဖြစ်တဲ့ အကယ်ဒမီမြင့်မြတ်၊အိချောပိုတို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ သူက ကြက်သမားလေး”ကြီးရွှေ”နေရာမှာ ပီပြင်စွာသရုပ်ဆောင်ထားပါတယ်။ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့နေတိုးနဲ့နေခြည်ဦး တို့ရဲ့ ပထမဆုံးအတွဲညီညီသရုပ်ဆောင်ချက်ကို မြင်တွေ့ရမည့့်” အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

တိုင်ရွန်ကတော့ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ သူဌေးကြီး တက်လူနိုင်ရဲ့ တစ်ဦးသောညီလေး “တိုင်ရွန်” ဆိုတဲ့ ဇာတ်ကောင်နေရာမှပါဝင်သရုပ်ဆောင်ထားပါတယ်။ကဲ CeleGabar ပရိသတ်ကြီးရော တိုင်ရွန် ဘယ်ဇာတ်ကောင်က ပိုပြီးထိမိတယ်လို့ ထင်ကြလဲ။ရုပ်ရှင်ဇာတ်ကားကြီးတွေကိုရော သွားရောက်အားပေးပြီးကြပြီလား။

Source: Tyron Bejay
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်

” “ႀကီးေ႐ႊ”(ခ်ိဳး႐ုပ္) လား ” တိုင္႐ြန္”(အခမ္းနားဆံုးေမတၱာ) လားလို႔ ပရိသတ္ကိုေမးခြန္းထုတ္လိုက္တဲ့ တိုင္႐ြန္ ”

လက္ရွိ ႐ုံၿပိဳင္ျပသေနတဲ့ “ခ်ိဳး႐ုပ္” ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔” အခမ္းနားဆံုးေမတၱာ” ႐ုပ္ရွင္ဇာတ္ကားႀကီး ေတြမွာ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ေမာ္ဒယ္မင္းသားေခ်ာ တိုင္႐ြန္ကေတာ့ ဘယ္ဇာတ္ေကာင္ကို ပိုႀကိဳက္လဲ ဆိုတဲ့ ေမခြန္းကို “ႀကီးေ႐ႊ (ခ်ိဳး႐ုပ္) နဲ႔ တိုင္႐ြန္ (အခမ္းနားဆံုးေမတၱာ)ဘယ္ဟာၾကည့္ၿပီးၾကၿပီလဲ ေျပာၾကပါဦး ဘယ္ဟာပိုသေဘာက်လဲ” လို႔ သူရဲ႕ လူမႈကြန္ရက္ စာမ်က္နာမွာ ေဖာ္ျပထားပါတယ္။

ပရိသတ္အခ်စ္ေတာ္သ႐ုပ္ေဆာင္ခင္လႈိင္ရဲ႕ ဒါ႐ိုက္တာတစ္ေယာက္အေနျဖင့္ ပထမဦးဆုံး ႐ုံတင္မည့္ “ခ်ိဳး႐ုပ္” ႐ုပ္ရွင္ဇာတ္ကားႀကီးမွာေတာ့ တိုင္႐ြန္ဟာ ႏိုင္ငံေက်ာ္ အႏုပညာရွင္မ်ားျဖစ္တဲ့ အကယ္ဒမီျမင့္ျမတ္၊အိေခ်ာပိုတို႔နဲ႔အတူ ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ဒီ႐ုပ္ရွင္ဇာတ္ကားႀကီးထဲမွာေတာ့ သူက ၾကက္သမားေလး”ႀကီးေ႐ႊ”ေနရာမွာ ပီျပင္စြာသ႐ုပ္ေဆာင္ထားပါတယ္။ထိပ္တန္းမင္းသားတစ္လက္ျဖစ္တဲ့ေနတိုးနဲ႔ေနျခည္ဦး တို႔ရဲ႕ ပထမဆုံးအတြဲညီညီသ႐ုပ္ေဆာင္ခ်က္ကို ျမင္ေတြ႕ရမည့္ ႔” အခမ္းနားဆံုးေမတၱာ” ႐ုပ္ရွင္ဇာတ္ကားႀကီးမွာလည္း ပါ၀င္သ႐ုပ္ေဆာင္ထားပါတယ္။

တိုင္ရြန္ကေတာ့ ဒီ႐ုပ္ရွင္ဇာတ္ကားႀကီးထဲမွာေတာ့ သူေဌးႀကီး တက္လူႏိုင္ရဲ႕ တစ္ဦးေသာညီေလး “တိုင္ရြန္” ဆိုတဲ့ ဇာတ္ေကာင္ေနရာမွပါ၀င္သ႐ုပ္ေဆာင္ထားပါတယ္။ကဲ CeleGabar ပရိသတ္ႀကီးေရာ တိုင္ရြန္ ဘယ္ဇာတ္ေကာင္က ပိုၿပီးထိမိတယ္လို႔ ထင္ၾကလဲ။႐ုပ္ရွင္ဇာတ္ကားႀကီးေတြကိုေရာ သြားေရာက္အားေပးၿပီးႀကျပီလား။

error: Content is protected !!