” နာမည်ကြီးမော်ဒယ်တွေနဲ့အပြိုင် MFDEA Show ပွဲကြီးမှာ ပါဝင်လျှောက်လှမ်းခဲ့တဲ့ ရခိုင်တိုင်းရင်သူလေး Isabell “

Isabell (ခေါ်) ပုပုလေးဟာ ပရိသတ်အကြား ချစ်ခင်အားပေးမှုအခိုင်အမာရရှိထားတဲ့ စူပါမော်ဒယ်တစ်ယောက်ဖြစ်ပြီး C Plan Kids Supermodel (2019) ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ နိုင်ငံပေါင်း (၄၅) နိုင်ငံက ပြိုင်ပွဲဝင်ပေါင်း (၁၂၈) ယောက်မှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ First Runner Up ဆုကို ဆွတ်ခူးရရှိခဲ့ပါသေးတယ်။လက်ရှိမှာတော့ သူဟာ Novotel Hotelမှာ ကျင်းပပြုလုပ်မယ့် MFDEA Show ပွဲကြီးမှာ နာမည်ကြီးမော်ဒယ်တွေနဲ့အပြိုင် ပါဝင်လျှောက်လှမ်းခဲ့ပါတဲ့ ပုံရိပ်အချို့ကို သူရဲ့ လူမှုကွန်ရက် စာမျက်နာမှာ ဖော်ပြထားပါတယ်။


ဒီ MFDEA Show ပွဲကြီးဟာဆိုရင် နာမည်ကြီး ဒီဇိုင်နာ (၁၉)ဦးရဲ့ ready to wear fashion show ပွဲကြီးဖြစ်ပြီး ဒီဇိုင်နာ (၁၉)ဦးရဲ့ လက်ရာတွေကို တစ်နေရာထဲမှာ စုစည်းတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ဒီ Show ပွဲကြီးကိုတော့ အောက်တိုဘာလ (၁၇)ရက်နဲ့ (၁၈)ရက်နေ့ ညနေ(၃)နာရီကနေ ည(၈)နာရီထိ ပြည်လမ်းမှာရှိတဲ့ Novotel Hotel မှာကျင်းပပြုလုပ်ခဲ့တယ်လို့လည်း သိရှိရပါတယ်။ပုပုလေးကတော့ Kids Fashion Week World Organization ရဲ့ ရွေးချယ်မှုနဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ နိုဝင်ဘာလအထိ ဟန်ဂေရီနိုင်ငံမှာကျင်းပမယ့် World Kids Fashion Week 2019သို့ တက်ရောက်လည်ပတ်ရန် အထူးရွေးချယ်ဖိတ်ကြားခြင်းခံထားရသူလည်းဖြစ်ပါတယ်။

ပုပုလေးကတော့ နာမည်ကြီးမော်ဒယ်တွေနဲ့အပြိုင် ဒီဇိုင်နာ (၁၉)ဦးရဲ့ ready to wear fashion show ပွဲကြီးမှာ စူပါမော်ဒယ်တစ်ယောက်အနေနဲ့ ပါဝင်လျှောက်လှမ်းခဲ့ပြီး သူရဲ့ လှပသေသပ်လွန်းတဲ့ Catwalk ကတော့ အသက်အရွယ်နဲ့ မလိုက်လွန်းအောင်လှပလွန်းပါတယ်။CeleGabar ပရိသတ်ကြီးအတွက် ပုပုလေးရဲ့ Show ပွဲဗီဒီယိုဖိုင်လေးကိုမျှဝေလိုက်ပါတယ်။

Source: Isabell
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်





error: Content is protected !!