ဂျင်မှာ ဆရာထူးအောင်ကိုယ်တိုင် သင်ပေးတာခံနေရတဲ့ စမိုင်းလ်

မြန်မာနိုင်ငံက ရုပ်ရှင်သရုပ်ဆောင်မင်းသားတွေထဲကမှ ထူးအောင်ကတော့ တက်သစ်စမင်းသားတစ်ယောက်ဖြစ်ပေမယ့် Gym Trainerတစ်ယောက်ဖြစ်တာနဲ့အညီ
ခန္ဓာကိုယ်ကိုကောင်းကောင်းတည်ဆောက်နိုင်ပြီး ခန့်ညားတဲ့အသွင်အပြင်ကြောင့် နူတ်ခမ်းနီမလေးတွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားလာသူတစ်ယောက်ပါ။ မကြာသေးမီက ပြီးဆုံးသွားတဲ့ “ပျောက်ဆုံးနေတဲ့ အမှန်တရား”ဇာတ်လမ်းတွဲမှာဆိုရင်လည်း ဗီလိန်ဇာတ်ရုပ်နေရာကနေ ပိုင်နိုင်စွာသရုပ်ဆောင်နိုင်ခဲ့ပြီး မကြာမီမှာပြသတော့မယ့် “အကြင်နာမြစ်ဖျား”ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။


အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုကျော်ပျောက်သွားခဲ့ပေမယ့် လက်ရှိမှာပရိသတ်ရဲ့ချစ်ခြင်းမေတ္တာကိုပြန်လည်ရရှိနေပြီဖြစ်တဲ့ မစမိုင်းလ်ကတော့ အလှူအတန်းပြုလုပ်ရာမှာလည်း ရက်ရောသူတစ်ယောက်လို့ဆိုရမှာပါ။ အလှူမပြုလုပ်တဲ့နေ့ မရှိလောက်အောင် သူရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာဆိုရင် အလှူအတန်းပုံရိပ်များနဲ့ပြည့်နှက်နေသူတစ်ယောက်ပါ။ မကြာသေးမီက သူမချစ်တဲ့ ပရိသတ်တွေနဲ့တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး တက်ရောက်ခဲ့ကြသူများထဲမှ နှစ်ယောက်ကို စင်ကာပူအလည်အပတ်ခရီးကံစမ်းမဲဖောက်ပေးခဲ့တဲ့အတွက် ပရိသတ်တွေရဲ့ချစ်ပြီးရင်းချစ်ခံနေရသူတစ်ယောက်လည်းဖြစ်ပါတယ်။

 

ခန္ဓာကိုယ်တည်ဆောက်နေတဲ့ မစမိုင်းလ်တစ်ယောက် ဆရာထူးအောင်နဲ့တွေ့တဲ့အခါမှာတော့
ထူးအောင်က ဘယ်လိုတွေပညာပြခဲ့သလဲဆိုတာကို “ဆရာထူးအောင်ကိုယ်တိုင် နှိပ်စက်..အဲလေ သင်ပေး” ဆိုပြီး သူရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာ ထူးအောင်ကိုယ်တိုင် ဂရုတစိုက်သင်ပေးနေပုံတစ်ချို့နဲ့အတူ ဝေမျှခဲ့တာဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရော ဆရာထူးအောင်ကိုယ်တိုင်သင်ပေးမယ်ဆိုရင် Gymသွားဖို့ ပျင်းနေကြဦးမှာလား ဖြေပေးခဲ့ပါဦးနော်။


Source – Smile စမိုင်းလ်
Rainbow – Cele Gabar

ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

ဂ်င္မွာ ဆရာထူးေအာင္ကိုယ္တိုင္ သင္ေပးတာခံေနရတဲ့ စမိုင္းလ္

ျမန္မာႏိုင္ငံက ႐ုပ္ရွင္သ႐ုပ္ေဆာင္မင္းသားေတြထဲကမွ ထူးေအာင္ကေတာ့ တက္သစ္စမင္းသားတစ္ေယာက္ျဖစ္ေပမယ့္ Gym Trainerတစ္ေယာက္ျဖစ္တာနဲ႔အညီ
ခႏၶာကိုယ္ကိုေကာင္းေကာင္းတည္ေဆာက္ႏိုင္ၿပီး ခန႔္ညားတဲ့အသြင္အျပင္ေၾကာင့္ ႏူတ္ခမ္းနီမေလးေတြရဲ႕ပါးစပ္ဖ်ားမွာ ေရပန္းစားလာသူတစ္ေယာက္ပါ။ မၾကာေသးမီက ၿပီးဆုံးသြားတဲ့ “ေပ်ာက္ဆုံးေနတဲ့ အမွန္တရား”ဇာတ္လမ္းတြဲမွာဆိုရင္လည္း ဗီလိန္ဇာတ္႐ုပ္ေနရာကေန ပိုင္ႏိုင္စြာသ႐ုပ္ေဆာင္ႏိုင္ခဲ့ၿပီး မၾကာမီမွာျပသေတာ့မယ့္ “အၾကင္နာျမစ္ဖ်ား”ဇာတ္လမ္းတြဲမွာလည္း ပါဝင္သ႐ုပ္ေဆာင္ထားတာျဖစ္ပါတယ္။

အႏုပညာေလာကမွာ ဆယ္စုႏွစ္တစ္ခုေက်ာ္ေပ်ာက္သြားခဲ့ေပမယ့္ လက္ရွိမွာပရိသတ္ရဲ႕ခ်စ္ျခင္းေမတၱာကိုျပန္လည္ရရွိေနၿပီျဖစ္တဲ့ မစမိုင္းလ္ကေတာ့ အလႉအတန္းျပဳလုပ္ရာမွာလည္း ရက္ေရာသူတစ္ေယာက္လို႔ဆိုရမွာပါ။ အလႉမျပဳလုပ္တဲ့ေန႔ မရွိေလာက္ေအာင္ သူရဲ႕ေဖ့ဘြတ္ခ္စာမ်က္ႏွာမွာဆိုရင္ အလႉအတန္းပုံရိပ္မ်ားနဲ႔ျပည့္ႏွက္ေနသူတစ္ေယာက္ပါ။ မၾကာေသးမီက သူမခ်စ္တဲ့ ပရိသတ္ေတြနဲ႔ေတြ႕ဆုံပြဲျပဳလုပ္ခဲ့ၿပီး တက္ေရာက္ခဲ့ၾကသူမ်ားထဲမွ ႏွစ္ေယာက္ကို စင္ကာပူအလည္အပတ္ခရီးကံစမ္းမဲေဖာက္ေပးခဲ့တဲ့အတြက္ ပရိသတ္ေတြရဲ႕ခ်စ္ၿပီးရင္းခ်စ္ခံေနရသူတစ္ေယာက္လည္းျဖစ္ပါတယ္။

ခႏၶာကိုယ္တည္ေဆာက္ေနတဲ့ မစမိုင္းလ္တစ္ေယာက္ ဆရာထူးေအာင္နဲ႔ေတြ႕တဲ့အခါမွာေတာ့
ထူးေအာင္က ဘယ္လိုေတြပညာျပခဲ့သလဲဆိုတာကို “ဆရာထူးေအာင္ကိုယ္တိုင္ ႏွိပ္စက္..အဲေလ သင္ေပး” ဆိုၿပီး သူရဲ႕ေဖ့ဘြတ္ခ္စာမ်က္ႏွာမွာ ထူးေအာင္ကိုယ္တိုင္ ဂ႐ုတစိုက္သင္ေပးေနပုံတစ္ခ်ိဳ႕နဲ႔အတူ ေဝမွ်ခဲ့တာျဖစ္ပါတယ္။ ဆယ္လီကမာၻပရိသတ္ႀကီးေရာ ဆရာထူးေအာင္ကိုယ္တိုင္သင္ေပးမယ္ဆိုရင္ Gymသြားဖို႔ ပ်င္းေနၾကဦးမွာလား ေျဖေပးခဲ့ပါဦးေနာ္။
Source – Smile စမိုင္းလ္
Rainbow – Cele Gabar

error: Content is protected !!