” ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံ(၂)ဦးရဲ့ ပထမဆုံးကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားကြီး “

မကြာသေးမီကမှ ထူထောင်လိုက်တဲ့ ပိုင်ဖြိုးသုတို့ဇနီးမောင်ရဲ့ ပထမဆုံးကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးဖြစ်တဲ့ ” Fatty Gangster Production ” ရုပ်ရှင်ထုတ်လုပ်ရေးကနေ ပထမဆုံးရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားကြီး နဲ့ ပါဝင်သရုပ်ဆောင်ကြမည့် နိုင်ငံကျော်အနုပညာရှင်တွေကို “Our very first project! ထပ်ဆင့်အကယ်ဒမီအိန္ဒြာကျော်ဇင်၊အကယ်ဒမီပိုင်ဖြိုးသု၊အောင်မြင့်မြတ်၊အထူး ဧည့်သည်သရုပ်ဆောင် ကျော်ထက်အောင် ” လို့ ” Fatty Gangster Production ” ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ တရားဝင် လူမှုကွန်ရက် စာမျက်နာမှာဖော်ပြထားပါတယ်။


ချစ်သူသက်တမ်း(၅)နှစ်ကျော်ကြာပြီးမှာ ရွှေလက်တွဲခဲ့ကြတဲ့ ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့က အနုပညာလောကမှာ အောင်မြင်အသီးသီးရရှိထားတဲ့ ပညာရှင်တွေပဲဖြစ်ပါတယ်။ပိုင်ဖြိုးသုကတော့ “Three Girls”ရုပ်ရှင်ဇာတ်ကားနဲ့ ပထမဆုံးအကယ်ဒမီဆုကို ထိုက်တန်စွာသိမ်းပိုက်ထားနိုင်ခဲ့ပြီး ဒါရိုက်တာဏကြီးကတော့ စာရေးဆရာမကြီး ကြည်အေး၏ “မီ” ဝတ္ထုကို ပြန်လည်ရိုက်ကူးထားသည့် “မီ”ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ပရိသတ်တွေရဲ့ အားပေးထောက်ခံမှုကိုအကြီးအကျယ်ရရှိခဲ့သူလည်းဖြစ်ပါတယ်။


လက်ရှိမှာတော့ ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့ရဲ့ ပထမဆုံးကိုယ်ပိုင်ထုတ်လုပ်ရေးနာမည်ကိုတော့ ဒါရိုက်တာဏကြီးပေးထားတဲ့အကြောင်းကို “ဦးရေခဲနဲ့ဒေါ်သုတို့ရဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးကနေ ပထမဦးဆုံး ရိုက်ကူးမဲ့ရုပ်ရှင်ဇာတ်ကားကြီး ဦးရေခဲကိုယ်တိုင်ပေးထားတဲ့ ထုတ်လုပ်ရေးနာမည်လေးက အသက်” ဆိုပြီး ပိုင်ဖြိုးသုရဲ့လူမှုကွန်ရက် စာမျက်နှာဖော်ပြထားပါတယ်။CeleGabar ပရိသတ်ကြီးရေ ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံ(၂)ဦးရဲ့ ပထမဆုံးကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားကြီးမှာ နိုင်ငံကျော်အနုပညာရှင်တွေဖြစ်တဲ့ ထပ်ဆင့်အကယ်ဒမီအိန္ဒြာကျော်ဇင်၊အကယ်ဒမီပိုင်ဖြိုးသု၊အောင်မြင့်မြတ်တို့နဲ့အတူ အထူး ဧည့်သည်သရုပ်ဆောင်အဖြစ် ကျော်ထက်အောင်ကပါ ပါဝင်မှာတဲ့နော်။


Source: Fatty Gangster Production,Paing Phyo Thu
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်







error: Content is protected !!